
အံမယ်..သူကဘဲ ရှက်ကတယ်ရှိဒေး.....
ပီတိဖြစ်တတ်တဲ့ စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရသတဲ့...တစ်ယောက်နဲ့တစ်ယောက် ပုံမှန် နမ်းလေ့ရှိပြီး စိတ်ဝင်စားမှုတွေကို
ဝေမျှတတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ကောင်းမွန်စွာ
ကြီးပြင်းစေနိုင်တယ်လို့ သုတေသနအသစ် တစ်ခု ကဖော်ပြလိုက်ပါတယ်။ မိသားစု ၅၀၀၀
ခန့်ကို လေ့လာကြည့်ခဲ့ရာမှာ ပီတိဖြစ်တတ်တဲ့ စိတ်ပိုများပြီး တစ်ယောက်
နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ
ဖြစ်လာတာကိုတွေ့ရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အချစ်စစ်နဲ့
ပြည့်နေတဲ့ ဘ၀ဟာ အောင်မြင်တဲ့ မိဘ တွေ ဖြစ်လာစေဖို့ ဦးတည်ပေးပြီး
ဖခင်ကောင်း တစ်ယောက်ဖြစ်လာဖို့ ဖော်ပြခြင်းကို ကူညီပေးပါတယ်။
ဒါ့အပြင် ပီတိဖြစ်တတ်တဲ့စိတ် ရှိတဲ့ ဖခင်တွေ ရော မိခင်တွေ ရော ဟာ
သူတို့ရဲ့ ကလေးတွေကို အော်ဟစ် ကြိမ်းမောင်း လေ့မရှိတာကို တွေ့ရပါတယ်။
မကြာမကြာ ကွာရှင်းကြဖို့ ပြောပြီး တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်
ငြင်းခုံနေတတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို
အော်ဟစ်ကြိမ်းမောင်းလေ့ရှိတာ ကိုတော့ အံ့အားသင့်စရာမရှိပါဘူး။
ထိုလေ့လာမှု အရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အိမ်ထောင်ရေးမှာပို ပြီး အကောင်းမြင်တတ်တာကို လည်းတွေ့ရပါတယ်။ ထိုလေ့လာမှုဟာ အရှေ့ Anglia တက္ကသိုလ်က NatCen လူမှုရေး သုတေသန နဲ့ Thomas Coram သုတေသနအဖွဲ့တွေက ဖခင်ဘ၀ နဲ့ ပတ်သက်ပြီး လေ့လာမှုပြုလုပ်ရင်း သိခဲ့ရတာဖြစ်ပါတယ်။
Credit : Trend Myanmar, shwe chit thu.com
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
No comments:
Post a Comment