အလိုလေး....သူတို့ဘာတွေ အဝှက်ကောင်းနေကြပါလိမ့်..ဟီး... နာလဲ ဝှက်ကြည့်ရမလားလိုစ်
၁။
၁၂လ ရှိတဲ့အထဲမှာ လူတွေစကားအနည်းဆုံး ပြောတဲ့လက ဘယ်လလဲ။
၂။ ခြေထောက်လေးချောင်း ရှိတာတောင် လမ်းမလျှောက် နိုင်တာ ဘာလဲ။
၃။ ဘ၀မှာ အတက်အကျအများဆုံး သူဟာ ဘယ်သူလဲ။
၎။ သူ့ကို ကြိုးချည်လိုက်တဲ့အခါ ပြေးပေမယ့် ကြိုးဖြေပေးလိုက်တာမှ
အသေကြီးရပ်နေတာ ဘာလဲ။
၅။ ဒီဇင်ဘာလ ကလွဲရင် ကျန်တဲ့ လ တွေမှာ မရှိတဲ့ အရာက ဘာလဲ။
၆။၁၀ နဲ့၁၀ ပေါင်းတာတောင် ၁၀ ပဲပြန်ရတာ ဘယ်အခါမှာလဲ။
၇။ သူက တစ်လက်မပဲရှိပေမယ့် သူ့အမြီက တစ်မိုင်လောက် ရှည်နိုင်တာဘာလဲ။
၈။ ကြာလာလေလေ အရပ်ပုလာလေလေ အဲဒါဘာလဲ။
၉။ ညမြင်နေ့ပျောက်ဆိုတဲ့အရာက ဘာလဲ။
၁၀။ သင်တစ်ဦးတည်း ပိုင်ဆိုင်သော အရာ ဖြစ်သော်လည်း သင်၏ မိတ်ဆွေ
သူငယ်ချင်းများကသာအများဆုံး အသုံးပြုသော အရာကား အဘယ်နည်း။
၁။ ဖေဖော်ဝါရီလ
၂။ စားပွဲခုံ
၃။ ဓာတ်လှေကားမောင်းတဲ့သူ
၎။ ရှူးဖိနပ်
၅။ ဒ အက္ခရာတဲ့
၆။ လက်အိတ်စွပ်တဲ့အခါ
၇။ အပ်နဲ့အပ်ချည်
၈။ မီးထွန်းထားတဲ့ ဖယောင်းတိုင်
၉။ အမှောင်
၁၀။ သင်၏အမည် တဲ့။
၂။ စားပွဲခုံ
၃။ ဓာတ်လှေကားမောင်းတဲ့သူ
၎။ ရှူးဖိနပ်
၅။ ဒ အက္ခရာတဲ့
၆။ လက်အိတ်စွပ်တဲ့အခါ
၇။ အပ်နဲ့အပ်ချည်
၈။ မီးထွန်းထားတဲ့ ဖယောင်းတိုင်
၉။ အမှောင်
၁၀။ သင်၏အမည် တဲ့။
မေး ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း။ ကျောက်ပြင်
မေး နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း။ အပ်
မေး နတ်သမီးသောက်ရေကန် တံတိုင်း သုံးထပ်ရံ။ အုန်းသီး
မေး မဖွပ်ဘဲဖြူ၊ မခပ်ဘဲ ပြည့်။ အုန်းသီး
မေး မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲပြည့်သည့် နတ်ရေအိုး။ အုန်းသီး
မေး ဒိုက်ခုတ်တော့ အုတ်ပေါ်၊ အုတ်ခုတ်တော့ ကြွေပေါ်၊ ကြွေခုတ်တော့ ရေပေါ်၊ ဘာသီးလဲနော်။ အုန်းသီး
မေး နှစ်ယောက်တစ်တွဲ၊ နေ့မှာခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။ တံခါး
မေး သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။ ကြေးစည်
မေး တို့နွားတစ်ကောင် ဘို့တစ်ထောင်။ ကြက်ဟင်းခါးသီး
မေး သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။ သင်္ဘောသီး။
Credit :yeenyoneyar.blog
ရောသမက ပြန်မေးမယ်..ဆတ်ကနှင့်ထု ငပုအီးယို။ ခရမ်းချဉ်သီး။
မေး ခုတ်လည်းမပြတ်၊ ချိုးလည်းမကျိုး၊ မတ်မတ်သာထောင်ထောင်မြဲ။ မီးတောက်။
မေး ရွေ့လျားသောအိမ်။ အငြိမ်မနေသော အခန်း။ ခရီးသွားအဆောင်ကြီး။ ဘတ်စကား။
မေး သူလာတော့၊ သူပျောက်၊ သူပျောက်တော့ သူလာ။ နေ့နှင့်ည။
မေး ငါ့ရှေ့ကသူ။ သူ့နောက်ကငါ။ နီးလျက်နှင့်ဝေးရလေသလားကွယ်။ ဒီဇင်္ဘာနှင့် ဂျန္နဝါရီ။
မေး ဒီမျက်လုံး။ ဒီမျက်နှာ။ ဒီပါးစပ် ဆင်တူပါလျက် အရယ်နှင့် အငိုတပြိုင်တည်းလုပ်နိုင်သူ။
ချွတ်ဆွတ်တူ အမွှာ။
မေး မာရင်ကျောက်ခဲ။ ပျော့ရင်ဖယောင်း။ ကြွက်သား။
မေး သောင်ပြင်ထက်က ရေနှစ်ကန် မျှော့ကြီးနှစ်ကောင် ဝန်းလို့ရံ။ မျက်စိ။
မေး တောင်တရိုး၊ ဂူနှစ်ပေါက်။ နဂါးပြူတင်ပေါက်။ နှာခေါင်းဝ။
မေး ကျောက်သွားစီညီပါပေ့။ ဆံမြိတ်ချ လှပါပေ့။ ပြောင်းဖူး။
မေး ဟင်းအိုး။ သက်ပြင်းချတယ်၊ အံ့သြတယ်။ (ဟင်းးးး......အိုးးးး)
မေး ရေမစိုတဲ့ မိကျောင်း။ မီးချောင်း။
No comments:
Post a Comment