ဝေဟင်မှ မင်္ဂလာဆောင်

အရှည်ဆုံး
သတို့သမီး ၀တ်စုံ
တရုတ်နိုင်ငံ၊ ကွမ်ကျိုးက သတို့သမီးကတော့
ကမ္ဘာ့စံချိန်တင်ဖို့အတွက် မီတာ ၂၀၀ ကျော်ရှည်တဲ့ သတို့သမီးဝတ်စုံကို ၀တ်ဆင်ပြီးတော့
လက်ထပ်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ ဒီဝတ်စုံဟာ လေးချိန်
ပေါင်၂၂၀ ကျော်လေးပါသတဲ့။

စူပါမားကတ်ထဲက
မင်္ဂလာဆောင်
ဒီသတို့သမီးကတော့ ထူးထူးခြားခြားပါ။ ဈေးဝယ်ရင်း ဈေးဆစ်ရတာဟာ
သူမအတွက်တော့ စိတ်လှုပ်ရှားစရာပါတဲ့။ မင်္ဂလာဆောင်ဟာလည်း
စိတ်လှုပ်ရှားစရာကောင်းတာမို့ ဒီလို
စိတ်လှုပ်ရှားစရာတွေကို စုပေါင်းပြီးတော့ T.J. Maxx ဆိုတဲ့ ဆိုင်မှာ
မင်္ဂဆောင်ကို ဆင်နွှဲပါသတဲ့။ သတို့သား အတွက်ကတော့ ရင်လေးစရာ….

ဝတ်လစ်စလစ်
မင်္ဂလာဆောင်
ဒီမောင်နှံကတော့ ဧည့်သည် ၂၅၀ ကျော်ရဲ့ရှေ့မှ
မင်္ဂလာ လက်စွပ်ကလွဲလို့ ကျန်တာ ဘာမှ မ၀တ်ပဲ မင်္ဂလာဆောင်ကြပါသတဲ့။ Ellie Barton နဲ့ Phil Hendicott တို့ မင်္ဂလာဆောင်ချိန်မှာတော့
သြစတြေးလျ နိုင်ငံ FMက တိုက်ရိုက်ထုတ်လွှင့်သွားပါသတဲ့။ အဲ့… သတို့သမီးကတော့ အပိုအဖြစ် မင်္ဂလာ ပ၀ါလေးကို
ခေါင်းမှာဆောင်းခဲ့ပါသတဲ့။

နှင်းဆီပွင့်
၉၉၉၉၉ ပွင့်နဲ့ ဆင်နွှဲတဲ့ မင်္ဂလာဆောင်
သတို့သား ရှောင်ဝမ် ကတော့ သူ့ရဲ့ တစ်နှစ်စာ
လစာကို နှင်းဆီပွင့် ကိုးသောင်း၊ ကိုးထောင်၊ ကိုးရာ၊ ကိုးဆယ့်ကိုးပွင့်ကို ၀ယ်ပြီးတော့
သူ့ရဲ့ သတို့သမီးလေး ရှောင်လျူ အံအားသင့်သွားအောင် မင်္ဂပွဲ ဆင်နွှဲခဲ့ပါသတဲ့။ ဒီလို နှင်းဆီပွင့်တွေ သယ်ဆောင်ဖို့ ကားအစီး ၃၀
ကို အသုံးပြုခဲ့ပါသတဲ့။

သွားလေသူကို
လက်ထပ်တဲ့ သတို့သမီး
အိုင်ယာလန်နိုင်ငံက Michelle Thomas ကတော့
သူမကို လက်ထပ်ဖို့ရည်ရွယ်ပြီး အလုပ်လုပ်ရင်း သေဆုံးသွားတဲ့ Kevin Lavelle ကိုသစ္စာရှိစွာ
လက်ထပ်ခဲပါသတဲ့။

ငမန်းကန်ထဲက
မင်္ဂလာပွဲ
နယူယောက်ခ်မြို့က စုံတွဲကတော့ ငမန်းကန်ထဲဝင်ပြီးတော့
မင်္ဂလာဆောင်ကြပါသတဲ့…

စက်ဘီးစီးရင်း
ဆောင်တဲ့ မင်္ဂလာပွဲ
ရုရှားနိုင်ငံက ဒီမောင်နှံကတော့ ဧည့်သည်
တွေလည်း စက်ဘီးစီး၊ သူတို့လည်း စက်ဘီးစီးရင်း မင်္ဂလာဆောင်ပါသတဲ့..

သတို့သား၊
သတို့သမီး အရံ ၁၁၀ နဲ့ လက်ထပ်ပွဲ
အိုဟိုင်းရိုးက မင်္ဂလာပွဲကတော့ ဂင်းနစ်စံချိန်တင်သွားပါတယ်။ သတို့သား၊ သတို့သမီး အရံ ၁၁၀ ပါလို့ပါတဲ့။

"ထူးခြားဆန်းပြား မင်္ဂလာဆောင်များ - ၁ " အမလေး...သောက်ပလုတ်တုတ်...ရူးများရူးကုန်ကြပြီလားအေ..
ကိုကြည့်ရန် ကြယ်ပွင့်လေးတွေကို တစ်ချက် နှိပ်ပါ...( ***** )
Credit : http://www.blog-aunghtut.blogspot.co.uk/2012/02/blog-post_26.html
No comments:
Post a Comment