♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 29, 2016

" အမယ်လေး..ဒါကောင်းကြရဲ့သေးလား...အဖေကဖြစ်သူက ကိုယ့်ရဲ့ သားကိုတောင် ပြန်သတ်စားသတဲ့ "


Cannibalization လို့ခေါ်တဲ့ ဇာတ်တူသား စားခြင်းဟာ သတ္တဝါအချို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ ဖြစ်ပါတယ်။ National Geographic အဖွဲ့ အနေနဲ့ အာတိတ် ရေခဲပြင်ကို သွားရောက် လေ့လာခဲ့ရာ မမျှော်လင့်ပဲ ဇာတ်တူသား စားဖို့ ကြိုးစားတဲ့ ပိုလာဝက်ဝံတစ်ကောင်ကို တွေ့ခဲ့ ပါတယ်။

ယခု ပုံမှာ သုံးကောင်မြင်ရပါလိမ့်မယ်။ အလယ်က ဖခင်ဝက်ဝံ ဖြစ်ပြီး ညာဘက်က ဝက်ဝံဟာ ဝက်ဝံမ ဖြစ်ပါတယ်။ ကျန်တဲ့ အကောင်ကတော့ ဝက်ဝံ အကောင်ပေါက်လေး ဖြစ်ပါတယ်။ အာတိတ်ရေခဲပြင်မှာ ရာသီဥတု ပြောင်းလဲမှု ဖြစ်တိုင်း အစာပြတ်လေ့ ရှိပါတယ်။ ယင်း ဒဏ်ကို ခံစားရမှုအများဆုံးကတော့ မိခင်ပါ။ အကြောင်းက မိခင်တွေဟာ သားသမီးကို စောင့်ရှောက်ရတာကြောင့် အစာထွက်ရှာရခြင်းလည်း သိပ်မရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ သူတို့ စောင့်ရှောက်နေတဲ့ သားကောင်ကို မစားပါဘူး။ ဖခင်အကောင် ကတော့ အဲ့လိုမဟုတ်ပဲ အစာရေစာ ပြတ်လတ်ချိန် ကြံရာမရတော့ရင် အကောင်ငယ်ကို ဖမ်းစားဖို့ ကြိုးစားပါတယ်။

ယင်းသို့ စားဖို့လည်း အချက်ပေးပြီး သိတဲ့ မိခင်ဝက်ဝံက အကောင်ငယ်နဲ့ ထွက်ပြေးပါတယ်။ သာမန်အားဖြင့် မိခင်အကောင်ဟာ ပြေးတာမြန်ပေမယ့် သားငယ်ပါလို့ ခပ်နှေးနှေးပြေးတာလား၊ ဖခင်အကောင်ဟာ ကလေးငယ်အကောင်ကို ဖမ်းမိလို ဖမ်းမိငြား သက်သက် နှေးနှေးပြေးတာလားဆိုတာလည်းလည်း လေ့လာသူများက ဝေဖန် ဝေခွဲရ ခက်ပါတယ်။ အကောင်ငယ်ကို မိသွားသည့်တိုင် မိခင်အကောင်ဟာ အတတ်နိုင်ဆုံး ကြိုးစားပြီး တားမြစ် တိုက်ခိုက်ပါတယ်။ ဒါပေမယ့် ဝက်ဝံမှာဟာ အထီးနဲ့အမဟာ အင်အားချင်း အင်မတန် ကွာဟတာကြောင့် ဘယ်လိုမှ မတိုက်ခိုက်သာပါဘူး။ အကောင်ငယ်ကို စားဖို့ မဲနေတုန်း မိခင် ဝက်ဝံဟာ အခြားနေရာကိုသာ အမြန်ဆုံး ထွက်ပြေးသွားပါတော့တယ်။

မိခင်အကောင်အနေနဲ့လည်း သူတို့ စောင့်ရှောက်နေတဲ့ ကလေးကို အခြား အကောင်က စားသုံးမှုကို သိမြင်ရတဲ့အခါ စိတ်ထိခိုက်ဝေဒနာ ခံစားရပါတယ်။ ဒါပေမယ့် ကိုယ့်အသက်ကို ထောက်ထားပြီးတော့ မတတ်နိုင်တဲ့အဆုံး ရှောင်ထွက်ပြေးပါတယ်။ ဒါကတော့ ခွေးတွေနဲ့ ကွာတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ အလားတူပဲ
ဇာတ်တူသားစားတဲ့ ဖြစ်ရပ်ဟာ ကျား၊ ကျားသစ်၊ ဝက်ဝံ နဲ့ အခြားသော တိရစ္ဆာန်အချို့မှာပါ မြင်ရတတ်ပါတယ်။ ဇာတ်တူသား စားသုံးခြင်းဟာ ရာသီဥတုဖောက်ပြန်မှု၊ အဆာရေစာ ပြတ်လတ်မှုကြောင့် ဖြစ်ပြီး ယင်းဟာ ကမ္ဘာရဲ့ တဖြည်းဖြည်း ဆုတ်ယုတ်လာမှုကို ပြသခြင်းလည်း ဖြစ်ပါတယ်။

ဗီဒီယို - http://assets.nationalgeographic.com/modules-video/assets/ngsEmbeddedVideo.html?guid=00000153-09c2-daf9-a553-29f69c5b0000
အောင်ခမ်း (ရိုးရာလေး)


Credit : http://www.lwinpyin.com/2016/02/blog-post_507.html

No comments:

Subscribe

လာလည်သူများ

free counters