(၁) နှလုံး - အများအားဖြင့် ရင်ဘတ်တ၀ိုက်မှာနာကျင်တတ်ပါတယ်။ ဒါပေမဲ့တခါတလေ ညာလက်မောင်းနဲ့ ကျောအပေါ်ဘက်လည်း နာကျင်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းနာကျင်ရင် နှလုံးနဲ့ ပတ်သက်နိုင်တာကြောင့် သတိပြုသင့်ပါတယ်။
(၂) အဆုတ်နဲ့ ဝမ်းဗိုက်ကာကြွက်သား- လည်ပင်းနဲ့ ပခုံးအပေါ်ဘက်နာကျင်တတ်ပါတယ်။
(၃) အသည်းနဲ့ သည်းခြေအိတ်- ပထမဆုံးသင်္ကေတအဖြစ် လည်ပင်းနဲ့ ပခုံးအပေါ်ဘက် နာကျင်ပြီးနောက်မှာ ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နာကျင်လာတတ်ပါတယ်။
(၄) အစာအိမ်နဲ့ သရက်ရွက်- ၀မ်းဗိုက်နဲ့ ကျောတ၀ိုက် နာကျင်တတ်ပါတယ်။ နာတာရှည် သရက်ရွက်ရောင်ရမ်းနာရောဂါဆိုရင် ကျောဘက်မှာ ဆိုးဆိုးရွားရွားနာကျင်မှု ခံစားရတတ်ပါတယ်။
(၅) အူသိမ်- ချက်တ၀ိုက် နာကျင်မှု ခံစားရတတ်ပါတယ်။ ဒီလိုနာကျင်မှုမျိုးခံစားရရင် ဆရာဝန်နဲ့သေချာစွာ စစ်ဆေးကြည့်ဖို့ လိုပါတယ်။
(၆) အူမကြီး-အူအတက်ပေါက်ခြင်းဖြစ်လျှင် ၀မ်းဗိုက်ညာဘက် အောက်တပြင်လုံး စူးစူးရှရှနာကျင်တတ်ပါတယ်။ ၀မ်းဗိုက်အောက် အလယ်ပိုင်းနား တ၀ိုက်နာကျင်ရင် အူမကြီးနဲ့ အစာဟောင်းအိမ်ရောဂါ ခံစားနေရ တာ ဖြစ်နိုင်ပါတယ်။
(၇) ကျောက်ကပ်-ကျောက်ကပ်ရောဂါက ရောဂါရှာဖွေရ ခက်ခဲတတ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ကျောအောက်ပိုင်း၊၀မ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်တ၀ိုက်နာကျင်မှု ခံစားရတတ်ပါတယ်။
(၈) ဆီးအိတ်- ဆီးခုံ အောက်ပိုင်းနာကျင်မှု ခံစားရတတ်ပါတယ်။
(၉) သားအိမ်- သားအိမ်ရောင်ရမ်းခြင်းက ၀မ်းဗိုက်အရှေ့ပိုင်းရောအနောက်ပိုင်းမှာပါ နာကျင်တတ်
ပါတယ်။ရောဂါပြင်းထန်ပါက ဆီးခုံတ၀ိုက်ပါနာကျင်မှု ခံစားရတတ်ပါတယ်။
Ref:sportonlinegroup
Credit : http://www.trend.com.mm/2016/02/24/health-8917
No comments:
Post a Comment