♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 4, 2016

" အဆင်းရဲဆုံး သမ္မတများ "

  နိုင်ငံတစ်နိုင်ငံတွင် သမ္မတ၏ အုပ်ချုပ်ရေး စွမ်းရည်သည် အရေးပါသည့် နေရာ၌ရှိ နေသည်။ ထို့ကြောင့် သမ္မတ များသည် အားလုံး၏ စံပြ ဖြစ်အောင် ပြုမူနေထိုင်လေ့ ရှိသည်။ ဥရုဂွေးသမ္မတဟောင်း မူဂျီကာသည် ရရှိသည့် လစာ၏ (၉၀) ရာခိုင်နှုန်းကို ပြန်လည် လှူဒါန်းခဲ့သည်။ အဆောင်အယောင် များနှင့် နေထိုင်လေ့ မရှိဘဲ မော်တော်ကား အစုတ် ကိုသာ စီးလေ့ရှိသည်။ မူဂျီကာသည် သမ္မတများ အတွက် စံပြ ဖြစ်ခဲ့ပြီး အဆင်းရဲဆုံး သမ္မတအဖြစ်လည်း သတ်မှတ်ခံထား ရသည်။ မူဂျီကာ ကဲ့သို့ တာဝန်ထမ်းဆောင် ခဲ့သည့် သမ္မတများစွာ ရှိခဲ့ပြီး ယင်းတို့ကို အဆင်းရဲဆုံး သမ္မတများ အဖြစ် ခေါ်ဆို ခဲ့သည်။ အဆင်းရဲဆုံး သမ္မတများ စာရင်းကို ရရှိသည့် လစာအပေါ် မူတည် တွက်ချက်ထားခြင်း ဖြစ်သည်။ အဆင်းရဲဆုံး သမ္မတ များကို ဖော်ပြ ရာတွင် အချို့သမ္မတများမှာ တာဝန်မှ အနားယူသွားသူ များလည်း ပါဝင်နေမည် ဖြစ်သည်။

၁။ မူဂျီကာ (ဥရုဂွေး )
မူဂျီကာသည် တစ်လကို ဒေါ်လာ (၁၂၀၀၀) ရရှိနေ သော်လည်း ဥရုဂွေး ပြည်သူများ၏ ပျမ်းမျှ လစာသည် ဒေါ်လာ (၇၇၅) သာ ရှိသည်။ ထို့ကြောင့် မူဂျီကာသည် ရရှိသည့် လစာ၏ (၉၀) ရာခိုင်နှုန်းကို ပြန်လည် လှူဒါန်းခဲ့သည်။ အသေးစား စီးပွားရေး လုပ်ငန်းများ၊ ဆင်းရဲသားများနှင့် လူမှုရေး အဖွဲ့အစည်း များကို အဓိက လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ မူဂျီကာသည် သမ္မတ တာဝန်ကို ၂၀၁၀ မှ ၂၀၁၅ အထိ ထမ်းဆောင် ခဲ့ပြီး ဘ၀ကို အရိုးသားဆုံး ဖြတ်သန်း ခဲ့သည်။ သမ္မတ အဆောင်
အယောင်များကို ရယူခြင်း မရှိဘဲ လယ်တောအိမ် တွင်သာ နေထိုင် ခဲ့သည်။ ဇနီး ဖြစ်သူ မှာလည်း ရောင့်ရဲ တင်းတိမ်သူ
ဖြစ်ပြီး  ၁၉၈၇ ထုတ် ဗောက်စ်ဝက် ဂွန်းကားအစုတ် ကိုသာ အသုံးပြုခဲ့သည်။ လယ်တောအိမ်တွင် နေထိုင်ရာ၌ လုံခြုံရေး အဖြစ် ရဲနှစ်ဦးသာ ထားရှိသည်။ မူဂျီကာသည် ခြေထောက်သုံးချောင်းသာ ရှိသည့် ခွေးတစ်ကောင်ကို အဖော်ပြုပြီး နေထိုင်လေ့ ရှိသည်။

၂။ အမာဒီနီဂျက် (အီရန်)
အီရန်သမ္မတ တာဝန်ကို ၂၀၀၅ မှ ၂၀၁၃ အထိ တာဝန်ထမ်းဆောင် ခဲ့သည်။ မတူကွဲဟြး နေသည့် နိုင်ငံတွင်း ဖြစ်ပေါ်
နေသည့် အရာများကို ပေါင်းစည်းပြီး အီရန်အစ္စလာမစ် နိုင်ငံတော်ကို တည်ထောင်မည်ဟု ကြွေးကြော်ကာ သမ္မတအဖြစ်
ရွေးချယ်ခံ ရသည်။   အမာဒီနီဂျက်သည် ဆင်းရဲသော မိသားစုမှ မွေးဖွားလာသူ ဖြစ်ပြီး ကျောင်းဆရာ တစ်ဦးလည်း ဖြစ်

သည်။ အင်ဂျင်နီယာ တစ်ဦး ဖြစ်သော အမာဒီနီဂျက်သည် တင်းမာသည့် ဘာသာရေး အယူအဆ များကို လက်ကိုင်ထား
သူ ဖြစ်သည်။ ၁၉၇၉ တွင် ဖြစ်ပွားခဲ့သည့်  အီရန်နိုင်ငံ၏ အစ္စလာမစ် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ ပြီးနောက်
 ကျောင်းဆရာ အလုပ်ကို ပြန်လုပ်ကိုင် ခဲ့သည်။ ယင်းနောက် တီဟီရန်မြို့တော်ဝန် အဖြစ် ရွေးချယ်ခံရပြီး သမ္မတ ရွေး
ကောက်ပွဲဝင် ခဲ့ရာ ထောက်ခံမှု (၆၀) ရာခိုင်နှုန်းကျော်ဖြင့် သမ္မတ ဖြစ်လာခဲ့သည်။ အမာဒီနီဂျက်၏ တစ်နှစ် လစာမှာ
ဒေါ်လာ ( ၃၀၀၀) သာရှိသည်ဟု ဆိုသည်။

၃။ ဟာမစ်ကာဇိုင်း (အာဖဂန်နစ္စတန်)
အာဖဂန်နစ္စတန် သမ္မတ တာဝန်ကို (၁၀) နှစ်နီးပါး ထမ်းဆောင်ခဲ့ပြီး  ၂၀၁၄ စက်တင်ဘာလတွင် တာဝန်မှ အနားယူခဲ့
သည်။ မိဘဆွေမျိုး များသည် နိုင်ငံရေးသမားများ ဖြစ်ကြပြီး ဟာမစ်ကာဇိုင်း မှာလည်း အာဖဂန်နစ္စတန် ပြန်လည် ထူ
ထောင်ရေးတွင် အရေးပါဆုံး နေရာမှ ပါဝင်ခဲ့သည်။ တစ်နှစ် လစာ ဒေါ်လာ (၆၃၀၀) သာရရှိ သော်လည်း ကြီးလေးသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ အာဖဂန် နစ္စတန်ကို ဆိုဗီယက်များ ကျူးကျော်စဉ် ကတည်းက တော်လှန်
ရေးသမား ဖြစ်ခဲ့သည်။ တာလီဘန်များ ခေတ်တွင် ပြည်ပြေးဘ၀ ရောက်ရှိ ခဲ့သည်။ စက်တင်ဘာ (၁၁) အကြမ်းဖက်မှု ပြီးနောက် တာလီဘန် များကို အမေရိကန်က တိုက်ခိုက် နှိမ်နှင်းခဲ့သည်။ ယင်းနောက် ဟာမစ်ကာဇိုင်းသည် အာဖဂန်နစ္စတန် သမ္မတ ဖြစ်ခဲ့ပြီး နှစ်ကြိမ် ရွေးချယ်ခြင်းခဲခဲ့ ရသည်။

၎။ ကူးမားမူခါဂျီ  ဘင်္ဂါလီလူမျိုး (အိန်္ဒိယ)
အိန်္ဒိယနိုင်ငံ၏ လက်ရှိသမ္မတ ဖြစ်ပြီး ၂၀၁၂ ဇူလိုင်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေး လောက
တွင် နှစ်ပေါင်း (၄၀) ကျော် ဖြတ်သန်းခဲ့ ပြီးနောက် သမ္မတအဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။ နိုင်ငံရေးေ လာကသို့ ၀င်ရောက် ပြီးနောက် အထက်လွှတ်တော် အမတ် ဖြစ်လာခဲ့သည်။ အင်ဒီရာဂန်္ဒီ၏ ယုံကြည်ရဆုံးသူ ဖြစ်ခဲ့သည်။ သို့သော် အင်ဒီရာဂန်္ဒီ လုပ်ကြံခံရ ပြီးနောက် ကူးမားမူခါချီသည် နိုင်ငံရေး လောကတွင် ထောက်ခံမှု ကျဆင်းခဲ့သည်။ သို့သော်  အင်ဒီရာ ဂန်္ဒီ၏ သားဖြစ်သူ ရာဂျစ်ဂန်္ဒီနှင့် အတူ နိုင်ငံရေး လောကကို ပြန်ဝင်ရောက် ခဲ့သည်။ ယင်းနောင် ဘဏ္ဍာရေး ၀န်ကြီး အဖြစ် ခန့်အပ်ခံခဲ့ ရပြီး အခွန်ကောက်ယူမှု ပုံစံကို ဟြေင်းလဲခဲ့ သည်။ မူခါဂျီ၏ တစ်နှစ်လစာငွေသည် ဒေါ်လာ (၃၂၂၁၆) သာရှိသည်။

၅။ လူကာရှန်ကို  (ဘီလာရုစ်)
၁၉၉၄ ကတည်းက ဘီလာရုစ် သမ္မတတာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ အနောက်နိုင်ငံရှိ မီဒီယာများက ဥရောပ၏
 နောက်ဆုံး အာဏာရှင် အဖြစ် ရေးသားခဲ့ သော်လည်း ၂၀၁၅ အောက်တိုဘာတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် လူ
ကာရှန်ကိုသည် မဲအများဆုံး အဖြစ် ငါးကြိမ်မြောက် သမ္မတ တာဝန်ကို ထမ်းဆောင်ခွင့် ရရှိခဲ့သည်။  ဆိုဗီယက် တပ်မတော်
တွင် တာဝန် ထမ်းဆောင်ခဲ့ ဖူးပြီး လူ့အခွင့်အရေး မှတ်တမ်းဆိုးများ ရှိနေသည့် အပြင် ဟြေင်းလဲမှုများ ပြုလုပ်ရာတွင် နှေး
ကွေးသူ အဖြစ် ဝေဖန်ခြင်း ခံထား ရသည်။ ဘီလာရုစ်ကို ဆိုဗီယက်မှ ခွဲထွက်ခြင်းကို ကန့်ကွက်မဲပေးခဲ့သည့် တစ်ဦးတည်း
သောသူ အဖြစ် မှတ်တမ်းတင်ခံထားရသူ ဖြစ်သည်။ တစ်နှစ်လစာ ငွေမှာ ဒေါ်လာ (၃၃၈၇၃) ဖြစ်ကြောင်း သိရသည်။

၆။ ရှီကျင်းပင် (တရုတ်)
ကမ္ဘာ့ လူဦးရေ အများဆုံး တရုတ်နိုင်ငံ၏ သမ္မတကြီး ဖြစ်သည်။  ၂၀၁၃ မတ်တွင် သမ္မတအဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။ အနားယူ သွားသည့် ဟူကျင်တောင် နေရာတွင် အစား ၀င်ရောက်ခဲ့ခြင်း ဖြစ်ပြီး (၁၂) ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂ
ရက်တွင် ဆန္ဒမဲဖြင့် ရွေးချယ်ခံရခြင်း ဖြစ်သည်။ ရှီကျင်းပင်သည် တရုတ်နိုင်ငံ၏ အရေးပါဆုံး နေရာ ဖြစ်သည့်  ကွန်မြူနစ် ပါ
တီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ တရုတ်စစ်တပ်၏ ရာထူး အကြီးဆုံး တာဝန်ကို လည်းကောင်း ရယူ ထားသည်။ ရှီကျင်ပင်သည် ပြုပြင်ဟြေင်းလဲရေး ရှိသူ ဖြစ်သည်။ ဟူကျင်တောင်နှင့် လက်တွဲ လုပ်ဆောင်ခဲ့ဖူး သောကြောင့် တရုတ်နိုင်ငံကို အင်အားကြီးလာအောင် ပြုလုပ်ခဲ့သည်။ ဟူကျင်တောင်သည် တစ်နှစ်လစာ ဒေါ်လာ (၃၉၇၂၀) ရရှိကြောင်း သိရသည်။


Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=50960

No comments:

Subscribe

လာလည်သူများ

free counters