♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 3, 2016

" Waterboom အကြောင်း သိချင်သူများအတွက် ရေးပေးလိုက်ပါပြီ "

ဝင်ကြေးများ
လူကြီးဝင်ကြေး ၂၀၀၀၀ (တနလာင်္မှ သောကြာ)
၂၅၀၀၀ (စနေနှင့် တနင်္ဂနွေ, public holiday)
ကလေးဝင်ကြေး ၁၅၀၀၀ (တနင်္လာမှ သောကြာ)
၂၀၀၀၀ ( စနေနှင့် တနင်္ဂနွေ, public holiday)

ဖွင့်ချိန် ၉နာရီ ပိတ်ချိန် ၈နာရီ
အချိန်ကတော့ တနေ့လုံးနေလို့ရပါတယ်။ ဂိမ်းများလဲ ဘယ်နှစ်ခေါက်စီးစီး အခမဲ့ စီးလို့ရပါတယ်။ အမြင့်ခုန်နဲ့ ကြိုးတန်း
ဆွဲပြီး waterboom တစ်ခုလုံးကို ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်စီးရတဲ့ ဟာကတော့ ဈေးသတ်မှတ်ထားပါတယ်။ အမြင့်ခုန်က တစ်ခါစီး ၂၅၀၀ ကြိုးတန်းက တခါစီး ၃၅၀၀ကလေးကစားကွင်းက တစ်ဦး ၂၀၀၀ တနေ့လုံးနေလို့ရပါတယ်
 ဒါပေမယ့် ပြန်ထွက်ပီးရင်တော့ ဝင်လို့မရပါဘူး။
ဖူဆယ်ဘောလုံးကွင်း ကတော့ တစ်နာရီ ၇၀၀၀ public holiday တွေမှာတော့ တစ်နာရီ ၁၀၀၀၀ ကျပ်ဝိတ်အနေနဲ့ 
လူတစ်ယောက်ကို 80 kg ( ၁၇၀ ပေါင်) ရပါတယ် ဒါပေမယ့် ဂိမ်းတစ်ခုနဲ့ တစ်ခုပေါင်ချိန်သတ်မှတ်ထားတာ မတူပါဘူး တချို့ဂိမ်းက တစ်ယောက်တည်းစီးရပီး တော်တော်များများက နှစ်ယောက်မှ လေးယောက်ထိစီးရပါတယ် 400 kg ထိ စီးနိုင်တယ်လို့ ပြောပေမယ့် စီးမယ့်နေရာရောက်မှ ဝိတ်ချိန် တွက်ချက်ပီးမှ ပေးစီးမှာ ဖြစ်ပါတယ။

အစားအသောက်ကတော့ ဘူးဖေးကျွေးတယ်ဆိုတာ ကောလဟာလပါ grin emoticon လူမျိုးမရွေး ဘာသာမရွေးစားနိုင်တဲ့ ဈေးအစား
စားရှိပါတယ်။ လူတိုင်းသုံးဆောင်နိုင်တဲ့ ဈေးကနေ high class ဈေးထိရှိပါတယ်။ ပုဝါအိမ်ကနေယူလာလဲရပါတယ်ဌား
လို့လဲရပါတယ်။ ဌားမယ်ဆို တစ်ထည်သုံးထောင်ကျပ် အာမခံကြေး ငါးထောင်ကျပ် စုစုပေါင်း ရှစ်ထောင် ပေးရမှာဖြစ်ပါ
တယ။် ပြန်အပ်တဲ့အချိန်မှ ငါးထောင်ပြန်ပေးမှာပါ။ ကြီးကြီးမားမားစွန်းတာ ပေတာ ပြဲတာမရှိရင် ရပါပြီ။  Locker လဲ
ဌားတာပါ။ Locker အကြီး ငါးထောင် အသေးသုံးထောင် အာမခံကြေး သုံးထောင်ပေးရပါမယ်။ သော့ပြန်အပ်တဲ့အချိန် သုံးထောင်ပြန်ထုတ်ပေးမှာပါ။ (Locker အကြီးဌားပီး အိတ်တွေစုထည့်ရင်လဲရပါတယ်) (shower တို့ shampoo တို့
ယူသွားကြပါ)။

အမျိုးသမီးများအတွက် Bikini ဝယ်လို့ရပါတယ် ဈေးက တစ်သောင်းခွဲနှင့် နှစ်သောင်းပါ ( ဘယ်ဂိမ်းမဆို swim suite
ဖြင့်သာဝင်ရောက်ကစားရမှာပါ) ( ရေကူးအကျီင်္က အိမ်မှာရှိတာ ယူသွားလဲ ရပါတယ် လာပြီးမှ ရေကူးအကျီင်္မပါလာလို့
သွားဝယ်စရာမလိုအောင် ရောင်းပေးထားတာ) ဘန်ဂလိုဌားနိုင်ပီး တနေ့လုံးနားလို့ရပါတယ်။ ဈေးနှုန်းက နှစ်သောင်းခွဲပါ။ဆေးခန်းလဲရှိပါတယ်။ ( နေအပူရှိန်ပြင်းပါတယ် ရေထဲမှာ အမိုးလဲမရှိတော့ ဂရုစိုက်ကြပါ)။

နေရာကတော့ ရှုခင်းသာ, ယမုံနာလမ်းမ, ဒေါပုံမြို့နယ်
( အောက်က ပုံတစ်ပုံချင်းစီမှာ ထပ်ရှင်းပြထားပါမယ် )


 

 

 

 

 

 

 

 

 

 


No comments:

Subscribe

လာလည်သူများ

free counters