♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 5, 2016

" မွမ်ဘိုင်းက ရောင်စုံ အနုပညာ တက္ကစီများ "

 
လန်ဒန်မှာ တက္ကစီနက်၊ နယူးယောက်မှာ တက္ကစီဝါ၊ မွမ်ဘိုင်းမှာတော့ ရောင်စုံဖြာ တက္ကစီက နာမည်ကျော်သည်။

ရောင်စုံပုံ ဒီဇိုင်း များဖြင့် တက္ကစီအတွင်း ပိုင်းကို အလှဆင်နေခြင်း ဖြစ်သည်။ Taxi Fabric လုပ်ငန်းက လုပ်ကိုင်နေခြင်း ဖြစ်သည်။ လူငယ် ဒီဇိုင်နာများ အများဆုံး ပါဝင်ထား ပြီး မွမ်ဘိုင်းမြို့၏ လူမသိသေးသော အနုပညာ စိတ်ကူးစိတ်သန်း များကို ပေါင်းစပ် ဖော်ကျူးကာ တက္ကစီ များ၏ အတွင်းပိုင်းကို အလှဆင် ပေးနေခြင်း ဖြစ်သည်။

လက်ရှိ အချိန်ထိ တက္ကစီ အတွင်းပိုင်း ထိုင်ခုံများမှ အစ ကားတွင်းပိုင်း တစ်ခုလုံး ကိုပါ အလှဆင်ဖို့ ဒီဇိုင်း (၂၆) မျိုးထိ ရွေးချယ်နိုင် နေပြီ။ မွမ်ဘိုင်း တက္ကစီ များ၏ အတွင်းပိုင်း ဒီဇိုင်းဆန်းလွန်းလှ သဖြင့် Coldplay အဖွဲ့၏ Hymn for the Weekend သီချင်း အမ်တီဗီထဲမှာပါ ပါဝင်ခဲ့သည်။

ဒီဇိုင်းများ ထဲတွင် မွမ်ဘိုင်းမြို့က နာမည်ကျော် ဂျူဟူချိုပတီ ကမ်းခြေပုံ များလည်း ပါဝင်သည်။ မွမ်ဘိုင်းမြို့ တစ်ဝန်းက အထင်ကရ အဆောက်အဦပုံများ ဖြင့်လည်း တက္ကစီ အတွင်းပိုင်းကို ဒီဇိုင်းဆင် နိုင်သည်။

Taxi Fabric သည် ဘတ်စ်ကားများ၊ ရထားများ၊ မြေအောက် ဘူတာရုံများ ကိုလည်း မွမ်ဘိုင်း ဂုဏ်ဖော် ကျူးမည့် ဒီဇိုင်းပုံစံ
များဖြင့် အလှဆင် နိုင်ရန် စီမံနေကြောင်း သိရသည်။ ဒီဇိုင်း ပရောဂျက် များတွင် အိန်္ဒိယ နိုင်ငံတ၀န်းမှ ဒီဇိုင်နာများ ပါဝင်ကြဖို့လည်း Taxi Fabric က ဖိတ်ခေါ် ထားသည်။

Ref: Daily Mail
messenger news journal

Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=50966

No comments:

Subscribe

လာလည်သူများ

free counters