♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 1, 2016

" အညိုရောင် မျက်ဝန်းပိုင်ရှင်များ၏ လျှို့ဝှက်ချက်များ "

 
မျက်လုံးအညိုရောင်ရှိတဲ့သူတွေမှာ သူတို့ကိုယ်တိုင်တောင် သတိမထားမိတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေရှိပါတယ်။ အညိုရောင် မျက်ဝန်းပိုင်ရှင်တွေမှာ ထူးဆန်းတဲ့ ယုံကြည်ချင်စရာကောင်းတဲ့ အင်အားတစ်မျိုးကို ပိုင်ဆိုင်ပါတယ်။
ကိုယ့်ကို စကားပြောနေသူတစ်ယောက်က ကိုယ့်ရဲ့ အညိုရောင်မျက်ဝန်းတွေကို ကြည့်ပြီး ယုံကြည်စိတ်တွေဖြစ်ပေါ်
လာတတ်တဲ့အတွက် သူတို့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်တွေကိုတောင် ထုတ်ဖော်ပြောပြလေ့ ရှိပါတယ်။ မိတ်ဆွေအပေါင်းအသင်းပေါများပြီး ကိုယ်နဲ့ မသိသေးတဲ့ လူတွေကလည်း ကိုယ်နဲ့ မိတ်ဆွေ ဖြစ်လိုကြပါတယ်။
ပညာရှင်များက အညိုရောင် မျက်လုံးပိုင်ရှင်တွေက ဘဝကို ပျော်ရွှင်စေနိုင်တဲ့ စွမ်းအားပြင်းတဲ့ စိတ်ဝိဥာဏ်တစ်မျိုးကို ပိုင်ဆိုင်
ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရောဂါဝေဒနာ ခံစားနေရချိန်မှာတောင် ဘဝကို ပျော်ရွှင်အောင် နေတတ်ကြပါတယ်လို့  စိတ္တဗေဒ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
စိတ်ခံစားချက်နုနယ်ပြီး တခြားသူတွေရဲ့ ပြဿနာတွေ ၊နာကျင်မှုတွေအတွက် စာနာသနားကာ မျက်ရည်ကျတတ်သူတွေ
 ဖြစ်ပါတယ်။ တခြားလူတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း နားလည်ပေးနိုင်ပါတယ်။ စိတ်သဘောထားကောင်းတဲ့ သူတွေဖြစ်ပြီး အမျိုးသမီးတွေကတော့ မေတ္တာတရားကို ပိုမိုပြတတ်ပြီး ချစ်ရတဲ့သူအတွက် အရာအားလုံးဖြည့်
ဆည်းပေးချင်သူတွေ ဖြစ်ပါတယ်။
အညိုရောင် မျက်ဝန်းပိုင်ရှင်တွေက လူသားအဆန်ဆုံး မျက်ဝန်းပိုင်ရှင်တွေဖြစ်ပြီး နေရာတိုင်းမှာ ကိုယ့်ရဲ့ စိတ်သဘော

ထားနူးညံ့မှုကို အခွင့်အရေးမယူခံရဖို့ကိုတော့ သတိထားသင့်ပါတယ်။
Ref:idealist4ever 


Credit : http://www.trend.com.mm/2016/02/29/lifestyle-8966

No comments:

Subscribe

လာလည်သူများ

free counters