♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 28, 2016

" အမျိုးသမီးတို့ရဲ့ ရင်တွင်းခံစားချက်တွေ ဘယ်လိုပေါက်ကွဲလာသလဲဆိုရင် "

မိန်းမဆိုတာ"
မိန်းမပါပဲ...သို့ပေမယ့်...ယောက်ျားတွေထက်ပိုပြီး

ချစ်တတ်တယ်' မုန်းတတ်တယ်' စိတ်ကောက်တတ်တယ်' အချော့ကြိုက်တတ်တယ်' ဝမ်းနည်းတတ်တယ်' အားငယ်တတ်တယ် စိတ်ထိခိုက်လွယ်တယ်' ခံစားရလွယ်တယ်' အသက်၆၀ထိပင် သင်ချော့တာခံချင်နေတုန်းပါပဲ။

--------------------------------
အမျိုးသားတွေသည်' ချစ်သူရည်းစားဘဝအချိန်တွေ(နှင့်) အိမ်ထောင်ပြုပြီးသွားသော အချိန်ကာလတွေမှာ အနည်းနှင့်အများ ပြောင်းလဲကွာချားသွားတတ်သည်။

တစ်ချို့ အမျိုးသားတွေဟာ"
လက်ထပ်ပြီးသွားလို့ အိမ်ထောင်ရှင်ဘဝကိုရောက်သွားတဲ့အခါ' အရင်ချစ်သူဘဝတုန်းကထက်ပင် ပို၍ ချစ်ပြ ဂရုစိုက်ပြ ကြင်နာပြတတ်ကြတယ်'

အခြားအမျိုးသားတွေလည်း"
ချစ်တော့ချစ်ပါတယ် ဒါပေမယ့် သူတို့တွေဟာ အရင်နဲ့မတူပဲ နေဆိတ်သွားလေ့ရှိတတ်ကြပါတယ်' ချစ်သူဘဝကလိုပင် အရေးတယူ ဖေးဖေးမမ(မှမှ) သဲသဲလှုပ်ဖြစ်မနေတော့ဘူး' အကြင်လင်မယားတွေပဲဖြစ်နေပြီးပဲဆိုတဲ့အတွေးနဲ့ အလုပ်ကိုပဲ စိတ်ထဲနှစ်ပြီးလုပ်နေတတ်ကြတယ်။

တကယ်တော့ မိန်းမတွေသည်'
ယောက်ျားများ အိမ်ထောင်ပြုပြီး နှစ်မျိုးနှစ်စား ကွဲပြားနေသော်လည်း' မိန်းမ များစုသည် တစ်မျိုးတစ်စားတည်းပင် တူညီလေ့ရှိ့ကြတယ်။

မိန်းမတွေများဆုံးတူညီကြသည့်ချက်မှာ အိမ်ထောင်ပြုပြီးသွားလည်း။
အိမ်ထောင်ရှင်ဘဝမှာ အရင်တုန်းကထက်ပိုပြီး ချစ်မြတ်နိုးတတ်ကြတယ် ပိုပြီးဂရုစိုက်ကြသလို' ဂရုစိုက်တာကိုပိုပြီးခံချင်ကြတယ်။ ပိုပြီးစိုးရိမ်ပူပင်တတ်ကြတယ် ပိုပြီးအားကိုးအားထားပြုချင်ကြတယ်'

ယောက်ျားတွေကောင်းမွန်ပါရက်နဲ့ မိန်းမတွေအိမ်ထောင်ရေးဖောက်ပြန်တာ ဘယ်လိုပြောမလဲ? တဲ့ ။

မိန်းမတွေကစပြီး အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတာ' ရှိတော့ရှိတယ် ရှားပါတယ် ရှိတောင့်ရှိခဲ ဖြစ်တောင့်ဖြစ်ခဲပါလိမ့်မယ်။

ယောက်ျားလေးတွေအပျော်အပါးမက်တတ်ကြတယ် အပြင်မှာသာယာတတ်ကြတယ် အိမ်ထောင်ရေးမှာအများဆုံး အစပြုဖောက်ပြန်ကြလေ့ရှိတယ်။

ယောက်ျားတွေဦးတည်လျှောက်နေတဲ့ခြေလှမ်းပေါ်မူတည်ပြီး' မိန်းမတွေခြေလှမ်းပျက်ကြရတာပိုများလိမ့်မယ်။

မှတ်ထား
မိန်းမဆိုတာ
ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်း ယောက်ျားပီသရင် မိန်းမပီသဖို့ အဆင်သင့်ရှိတတ်ကြတယ်ဆိုတာ။

ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်း ရိုးသားတည်ကြည်ပြ်ီး သစ္စာရှိရှိနေတတ်ရင်' တည်တည်တံ့တံ့နေထိုင်ဖို့ သစ္စာစောင့်သည့်ဖို့ တန်ဖိုးရှိရှိနေဖို့ အဆင်သင့်ရှိနေတတ်ကြတယ်ဆိုတာပါပဲ

ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ပြီး ရှေ့ကနေမားမားမတ်မတ် ရပ်တည်ပေးပါ နောက်ကနေ
အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ်နဲ့ စီးတဲ့ရေဆယ်တဲ့ကသင်းလဲ ကျွန်မထိန်းသိမ်းနိုင်တယ်။

မိန်းမဆိုတာ အိမ်ထောင်ပြုပြီးသွားလည်း ။ ချစ်တာကိုခံချင်တုန်း ကလီကမာ တီတီတာတာလေးတွေပြောတာခံချင်တုန်း စိတ်ကောက်ချင်တုန်း ချော့တာကိုခံချင်တုန်း ဆိုးနွဲ့ချင်တုန်း ။

မိန်းမဆိုတာ မိန်းမပါပဲ
ကလေးရတဲ့အထိ ကလေးဆန်ချင်တုန်း ယုယကြင်နာမှုခံချင်တုန်း အလိုလိုက်တာခံချင်တုန်းပဲ။

မိန်းမဆိုတာ အသက်ကြီးလာလို့ ပြောင်းလဲသွားပြီမထင်နဲ့။

အသက်၆၀အထိ ဆိုးချင် နွဲ့ချင် ကောက်ချင် အချော့ခံချင်တုန်းပါပဲ။

(ဒိုက်ဒိုက်-မြင်းခြံ)

No comments:

Subscribe

လာလည်သူများ

free counters