♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 1, 2016

" အဖာကောင်းတဲ့ ကိုကိုတွေကြောင့် ရီရမလို ငိုရမလို " ( ဟာသ )

 

အမျိုးသား မိတ်ဆွေကောင်း

အမျိုးသမီး - အိမ်ထောင်ရှင်အမျိုးသမီး တစ်ဦးဟာ တစ်ညလုံးအိမ်ကို ပြန်မလာဘဲ နောက်တစ်နေ့မှာတော့ ခင်ပွန်းသည်
 ဖြစ်သူကို သူမဟာ မိန်းကလေး သူငယ်ချင်း တစ်ယောက်ရဲ့ တိုက်ခန်းမှာတစ်ညလုံး ရှိနေခဲ့တယ်လို့ ရှင်းပြပါတယ်။

အမျိုးသားဟာ သူ့မိန်းမရဲ့အခင်ဆုံး သူငယ်ချင်းတွေထဲက ၁၀ ဦးဆီကို ဖုန်း ဆက်ပြီး မေးမြန်းတဲ့အခါ တစ်ဦးကမှ သူတို့
ဆီမှာ ညလာမအိပ်ဘူးလို့ ပြောဆိုကြပါတယ်။

အမျိုးသား - အိမ်ထောင်ရှင်အမျိုးသား တစ်ဦးဟာ တစ်ညလုံး အိမ်ကိုပြန်မလာဘဲ နောက်တစ်နေ့မှာ ဇနီးသည် ဖြစ်သူကို သူဟာ ယောက်ျားလေး သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်ခန်းမှာ တစ်ညလုံးရှိနေခဲ့တယ်လို့ ရှင်းပြပါတယ်။

အမျိုးသမီးဟာ သူ့ယောက်ျားရဲ့ အခင်ဆုံးသူငယ်ချင်းတွေထဲက ၁၀ ဦးဆီ ကို ဖုန်းဆက်ပြီး မေးမြန်းတဲ့အခါ ငါးဦး က သူ
တို့ဆီမှာညလာအိပ်သွားတယ်လို့ ဖြေကြပြီး ကျန်တဲ့ငါးဦးကတော့ ခုထိ သူ့တို့အိမ်မှာ ရှိနေတုန်းပဲလို့ အဖြေပေးကြပါ

တယ်။

Credit : http://myanmar.mmtimes.com/index.php/timeout/tea-break/4581-2013-04-05-06-21-34.html

No comments:

Subscribe

လာလည်သူများ

free counters