♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 29, 2016


အိန္ဒိယတွင်လူတစ်ဦးက သူ၏မိသားစုဝင် ၁၄ ဦးကိုသတ်ဖြတ် 
 
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၈ ။ ။ အသက် ၃၅ နှစ်ရှိ လူတစ်ဦး သည် ကလေးခုနစ်ဦးအပါအဝင် သူ၏မိသားစုဝင် ၁၄ ဦးတို့ကို သား သတ်သမားသုံးဓားဖြင့် သတ်ဖြတ် ပြီး အိန္ဒိယ၏ငွေကြေးမြို့တော် မွမ် ဘိုင်းအပြင်ဘက်တွင် သူ့ကိုယ်ကိုယ် သူသတ်သေသွားကြောင်း၊ ထိုအ ဖြစ်အပျက် မှာ ဖေဖော်ဝါရီ ၂ရ ရက် အနှောင်းပိုင်း၌ဖြစ်ခဲ့ကြောင်း ရဲက ဖေဖော်ဝါရီ ၂၈ ရက်၌ဆိုသည်။

မိသားစုဝင်များသည် မိသားစု အရေးကိစ္စများကိုဆောင်ရွက်ရန် မွမ်ဘိုင်းမြို့မှ ၃၂ ကီလိုမီတာခန့် (မိုင်၂၀)အကွာ သာနေးမြို့ရှိ သူ တို့ပိုင်အိမ်များအနက် အိမ်တစ်လုံး သို့ ဖေဖော်ဝါရီ ၂၇ ရက် အနှောင်း ပိုင်း၌စုဝေးရောက်ရှိလာပြီးနောက် ထိုသတ်ဖြတ်
မှုဖြစ်ခဲ့သည်ဟု ရဲက ဆိုသည်။

ဟက်စ်နင်အန်ဝါဝါရေးကာ သည် သူ၏မိဘများအပါအဝင် သူ၏ မိသားစုအားလုံးကို လည်လှီးသတ် ဖြတ်ပြီးနောက် သူသည် လည်း ကြိုး ဆွဲ ချသေဆုံးသွားသည်ဟု သာနေး မြို့ရဲစခန်းမှပြောရေးဆိုခွင့်ရှိသူ ဂါ ဂျာနန်လက်စ်မန်ကက်ဘ်ဒူလေးက AFP သို့ပြောပြသည်။

လည်လှီးသတ်ဖြတ်ခံရသူများ အနက် အသက်မသေသူမှာ ဒါရေး ကာ၏ညီမဖြစ်ကြောင်း၊ သူမကိုဆေး ရုံသို့တင်ပို့ပေး လိုက်ကြောင်း၊ အသက် ၂၁ နှစ်ရှိ ထိုမိန်းမလေးမှာ သတိမ ရသေးကြောင်း ကက်ဘ်ဒူးလေးက ဆိုသည်။

အစားအစာထဲတွင် စိတ်ငြိမ် ဆေးခတ်ထားသည်ဟုကြားသိရပြီး နောက် ဝါရေးကာ၏သတ်ဖြတ် မှုဖြစ် ပေါ်လာသည်
ဟု ဒေသမီဒီယာများ ၏ဖော်ပြချက်အရ သိရသည်။

ထို လူသတ်မှုနှင့်ပတ်သက်၍ ထင်ကြေး မျှသာသိရပြီး တိတိကျကျမသိရ သေးဟု ကက်ဘ်ဒူလေးကဆိုသည်။

Ref: Xinhua
Credit : theyangontimes.com

No comments:

Subscribe

လာလည်သူများ

free counters