♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 4, 2016

" ရှုတင်းတင်း ကြည့်တတ်သည့် အမျိုးသားများ မြာစွံ "

 
လန်ဒန်၊ ဖေဖော်ဝါရီ ၂၆
          မှုန်ကုပ်ကုပ်နှင့် နေတတ်ပြီး ရှုတင်းတင်း ကြည့်တတ်သည့် အမျိုးသားများကို အမျိုးသမီးများ နှစ်သက်လေ့ ရှိကြောင်း လေ့လာမှု တစ်ခုက ဖော်ပြ လိုက်ပြီ ဖြစ်သည်။
          စိတ်ပိုင်းဆိုင်ရာ အရာ ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့် အမျိုးသားများသည် ဖခင်ကောင်း ဖြစ်လာ တတ်သည်ဟု အမျိုးသမီးများက ယူဆကြ သောကြောင့် မိုက်တိမိုက်ကန်း ပုံစံ အမျိုးသား များ နှစ်သက်ခံရခြင်း ဖြစ်သည်။ အထူးသဖြင့် ဦးခေါင်းခွံကြီးပြီး၊ မေးရိုး ကားသည့် အမျိုးသား များကို အမျိုးသမီး များက နှစ်သက်လေ့ရှိတတ် ကြသည်။
          လစ်ဗာပူး တက္ကသိုလ်၊ ပိုလန် နှင့် ဖင်လန်တို့ရှိ တက္ကသိုလ်များမှ ပညာရှင် များသည် အရွယ်ရောက်ပြီး အမျိုးသမီး (၂၃၇၀) ဦးတို့အား မိုက်တိမိုက်ကန်းနှင့် ရှုတင်းတင်း ကြည့်တတ်သည့် အမျိုးသား များ၏ ပုံများနှင့် လူကောင်းဖြစ်ပုံ ရသည့် အမျိုးသားများ၏ ပုံများကို ကြည့်စေပြီး နှစ်သက်သည့်ပုံ များကို ရွေးချယ်စေ ခဲ့သည်။
          လေ့လာမှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီး အများစုက မိုက်တိမိုက်ကန်း ပုံစံနှင့် အမျိုးသား များကို နှစ်သက်ကြောင်း ပြောဆိုခဲ့သည်။ ထို့ ပြင် နောက်ဆက်တွဲ လေ့လာမှုများ အရ မိုက်တိမိုက်ကန်း ပုံစံ အမျိုးသား များနှင့် လက်ထပ်သည့် အမျိုးသမီး များသည် သားသမီးများများ ရရှိလေ့ ရှိကြောင်း ကိုလည်း တွေ့ရှိခဲ့သည်။ ယခု တွေ့ရှိမှုကို
လူသား အပြုအမူ ဂျာနယ်တွင် ဖော်ပြ ထားသည်။        
Source:DM 

Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=50924     

No comments:

Subscribe

လာလည်သူများ

free counters