မှော်နည်းလမ်းဆိုကတည်းက ဟဲဟဲ . . .စိတ်ဝင်စားသွားကြပြီမဟုတ်လား။ သူငယ်ချင်းတွေလည်းလိုက်လုပ်ကြမယ်လို့ထင်ပါတယ်။ ဟဲဟဲ အောက်လမ်းလို့ထင်ချင်ထင်၊ အထက်လမ်းလို့ထင်ချင်ထင်၊ ထင်ချင်သလိုထင်ကြဗျာ။ ဒါပေမယ့် ဥပဒေနဲ့မငြိစွန်းတာတော့သေချာတယ်ဗျာ။
အခုနည်းကတော့ ယုံချင်ယုံမယုံချင်နေ ကောင်မလေးတစ်ယောက်က ကိုယ့်ကို ၇ရက်အတွင်း ရည်းစားစကားပြန်လာပြောတဲ့နည်းလေးပါ။
နည်းကတော့ ပထမဆုံး ကိုယ်ကောင်မလေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင် အောက်မှာပါတဲ့ဂါထာလေးကို သူ့မျက်လုံးကိုကြည့်ပြီး သူကိုယ်ရွတ်နေတာကို သူမသိခင်အထိရွတ်လိုက်ပါ။
ဂါထာလေးကတော့
"ဥုံ . . .ကာယောစန္ဒန ဂန္ဓောစကာယကဣတ္ထိ ရာဇပိယံနဒိန္နံ စတုမေဝစဣဒံမန္ဒသ အာနုဘာဝေါ"
(အုံ ...ကာယောစန်ဒန ဂန်ဓေါစကာယက အိတ်ထိ ရာဇပိယံနဒိန်နံ စတုမေဝစ အိတ်ဒံမန်ဒသ အာနုဘာဝေါ)တစ်ခုပြောချင်တာက ယောက်ျားလေးသီးသန့်ရွတ်တဲ့ဂါထာဖြစ်ပြီး မိန်းကလေးများရွတ်လိုပါက ကဣတ္ထိနေရာတွင် ပုတ္ထိ၊ ဣဒံမန္ဒသနေရာတွင် ပုတ္တံမန္ဒသဟုရွတ်ဆိုကြည့်ကြပါရန် . . .။
"ဥုံ . . .ကာယောစန္ဒန ဂန္ဓောစကာယကပုတ္ထိ ရာဇပိယံနဒိန္နံ စတုမေဝစပုတ္တံမန္ဒသ အာနုဘာဝေါ"
(အုံ ...ကာယောစန်ဒန ဂန်ဓေါစကာယကပုတ်တိ ရာဇပိယံနဒိန်နံ စတုမေဝစ ပုတ်တံမန်ဒသ အာနုဘာဝေါ)
ကဲ . .မယုံရင်စမ်းကြည့်ကြပေါ့။ အဲ . .လွန်လွန်ကျွံကျွံတွေတော့မဖြစ်စေနဲ့ပေါ့ဗျာ။
တစ်ခုခုဖြစ်ရင်ကိုယ့်ကိစ္စကိုယ်ရှင်းကြနော်။ ကျွန်တော့်ကို လာဆွဲမထည့်ကြနဲ့။
အားလုံးကိုယ့်ချစ်သူနဲ့အဆင်ပြေနိုင်ကြပါစေ။
ကျမ်းကိုး - နန်းစဉ်သုံးဂါထာမန္တန်ကျမ်း
Credit : Kyaesin Chitthu's Blog Center
No comments:
Post a Comment