♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 27, 2014

" ငါးပုတ်ခြောက် ထမင်းကြော် (Wutyee Food House)

ငါးပုတ်ခြောက် ထမင်းကြော် (၂ယောက်စာ)

ပါဝင်ပစ္စည်းများ
၁။ ချက်ပြီသား ဆန် – နို့ဆီဗူး ၁လုံး (အနည်းငယ် မွထားပေးပါ)
၂။ ငါးပုတ်ခြောက် – ၂လက်မအရွယ်
၃။ မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးပေးထားပါ)
၎။ ဘိုစားပဲ – ရခု ( အတုံးသေးများ လှီးပေးပါ)
၅။ ပြောင်းဖူးသေး – ၅ခု ( အတုံးသေးများ တုံးပေးပါ)

၆။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ

၈။ ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၉။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁၀။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ငါးပုတ်ခြောက်ကို မီးဖုတ်လိုက်၊ ထုလိုက် လုပ်ပေးပါ။ ငါးပုတ်ခြောက်အနံ့ သင်းနံ့ ရလျှင် ရပါပြီ။
၂။ မီးဖုတ်ထားသော ငါးပုတ်ခြောက်များကို အရေခွံဖယ်ပြီ ငါးသားများကို နွင်းပေးပါ။

၃။ ပြီမှ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ကာ ကြက်သွန်ဖြူများ ဆီသပ်ပေးပါ။
၎။ ထို့နောက် မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ဘိုစားပဲ တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၅။ အရသာအတွက် ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပေးပြီ အရွက်များနူးရန် ရေအနည်းငယ်ထည့်ပါ။
၆။ အရွက်များ နူမှ (ထမင်း၊ ငါးပုတ်ခြောက်) များကို ထည့်ကာ ရောမွှေလိုက်ပါ။
ရ။ အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်လေးများ ဖြူးကာ ငါးပုတ်ခြောက် ထမင်းကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ…

Credit : Wutyee Food House

No comments:

Subscribe

လာလည်သူများ

free counters