♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 29, 2014

"ဘိုလီးဗီးယားနိုင်ငံ လာပက်ဇ်မြို့ရှိ စုန်းဈေး"




 တောင်အမေရိကမှာရှိတဲ့ လမ်းဘေးဈေးဆိုင်များပင် ဖြစ်ပါသည်။ ကမ္ဘာ့အမြင့်ဆုံး မြို့တော် (၁၁၂၀၀ ပေ) ဖြစ်သော လာပဲ့ဇ်မြို့တွင် တည်ရှိပြီး စုန်းမများ ၊ ဆေးဆရာများ ၊ နတ်ဆရာများ ၊ ဗေဒင်ဆရာများ ၊ ရှေ့ဖြစ်ဟောသူများ နှင့် မှော်ဆရာများသည် ပစ္စည်းများအတွက် လာရောက်ဝယ်ယူကြတယ်လို့ ဆိုပါတယ်။
 
အဆောင်များ ၊ ပစ္စည်းများ နှင့် မှော်ပညာလိုက်စားသူတွေအကြိုက် ပစ္စည်းများကို ရောင်းချပေးပါတယ်။ အစီအရင်ရုပ်များ ၊ ဗူးဒူးများ နှင့် ဂ၀ံရုပ်များလည်း ရရှိနိုင်ပါတယ်။ ဗော်လီဗီးယန်းသားများက မိခင်မဟာမြေသခင်မကြီး ဖြစ်သော ပါချာမာမာ လို့ခေါ်သော နတ်ဘုရားမကို ပင့်ဖိတ်မေးမြန်းပေးတဲ့ စုန်းမများလည်း ရှိကြပါတယ်။ ပါချာမာမာကို ပူဇော်ခြင်းအားဖြင့် ကျန်းမာရေး ၊ ပျော်ရွှင်မှုများ ဖြစ်စေပြီး အဓိကအားဖြင့် ငွေရေးကြေးရေးများအတွက် ပိုပြီး ပူဇော်ကြတာကို တွေ့ရပါတယ်။
 

ရောင်းချတဲ့ပစ္စည်းများတွင် ဗော်လီဗီးရား ရိုးရာနတ်ဆရာများဖြစ်သော  ယတိရီများက ဖော်စပ်ပေးထားသော ဆေးရည်များ ၊ ဖားပြုတ်ခြောက်များ ၊ ဗော်လီဗီးရား အစီအရင်များတွင် အသုံးပြုရသော ဆေးပင်များကိုလည်း ရောင်းချထားတာကိုလည်း မြင်တွေ့ရပါတယ်။


 နောက်ပီး ယတိရီတွေက ကံကောင်းစေသော ၊ လှပနုပျိုစေသော ၊ ကလေးရစေသော အဆောင်များ ၊ လက်ဖွဲ့များ ၊ ပေါင်ဒါမှုန့်များ ပါဝင်သော သေတ္တာများ ၊ ဦးထုပ်များကိုလည်း ရောင်းချတာတွေလည်း ရှိပါတယ်။




ဒီဈေးမှာ အရောင်းရဆုံးလည်းဖြစ် နာမည်အကြီးဆုံးပစ္စည်းကတော့ သိုးနဲ့ဆင်တူသော လာမာ ဖော့ယူစ် (llama foetuses) အခြောက်တွေပဲ ဖြစ်ပါတယ်။ အဲဒီသတ္တ၀ါအခြောက်များကို အိမ်ရှေ့တွင် ချိတ်ထားခြင်းဖြင့် နတ်ဘုရားမ ပါချာမာမာက ကောင်းချီးပေးပြီး ကံကောင်းမှုများကို ဖြစ်ပေါ်စေသည်ဟု ယုံကြည်ကြပါတယ်။

Witches Market, La Paz, Bolivia Stock Photo - 11091822

ဖယောင်းတိုင်များ ၊ ဇီးကွက်အမွှေးများ ၊ အစီအရင်များ ၊ လက်ဖွဲ့များ ၊ ကျောက်တုံးအဆောင်များ ၊ ရတနာကျောက်တုံးများ ၊ ဆပ်ပြာများကို ဆိုင်တော်တော်များများတွင် တွေ့ရှိရပါတယ်။ အချို့ဆိုင်များတွင် အကောင်များ ၊ ဆေးရွက်များဖြင့် ပြုလုပ်ထားသော ဆေးရည်ပုလင်းများကို ရောင်းချကြပါတယ်။ အရောင်းရဆုံးပစ္စည်းတစ်ခုလည်း ရှိပါသေးတယ်.။


အဲဒီပစ္စည်းကတော့ ဘရာဇီး နဲ့ ပီရူးမှ ရောက်ရှိလာတဲ့ ကာမအင်အားကို တိုးပွားစေတဲ့ ဆေးရွက်များထည့်ထားတဲ့ ဗူးတွေပဲ ဖြစ်ကြပါတယ်။ အဲဒီကို သွားရောက်မည်ဆိုပါက မြောက်မြားစွာသော ပစ္စည်းများ ၊ ထူးဆန်းသောလူများဖြင့် တွေ့ကြုံမည် ဖြစ်ပါသည်။



ဆိုင်တွေရဲ့ မြောက်ဘက်အဆုံးမှာတော့ ကဲလီ ဆန်တာ ဂလူးဆိုတဲ့ အမျိုးသမီးကြီးရောင်းတဲ့ ဆိုင်ရှိပါတယ်။ အဲဒီဆိုင်မှာတော့ လူသားအတွင်းကလီစာပုံစံဖြင့် ဆင်တူသောဆေးမြစ်များ နှင့် အခြားထူးဆန်းသောဆေးပင်များကို ရောင်းချထားပါတယ်။


အောက်တွင်ရှိသော အချစ်အမွှာအဆောင်ကို ဆောင်ထားပါက အချစ်ရေး အဆင်ပြေနိုင်ပြီး မိမိချစ်သောသူနဲ့ တစ်သက်တာ မခွဲမခွာနေရတယ်။



အောက်တွင်ရှိသော သတ္တ၀ါအခြောက်ကို ဆောင်ထားပါက မိမိအိမ်တွင် သူခိုးမ၀င်နိုင်ပါတဲ့..။
သင်းခွေချပ်ကို အခြောက်ခံထားခြင်းဖြစ်သည်။

 Credit : mm-search.blogspot


No comments:

Subscribe

လာလည်သူများ

free counters