♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 29, 2014

" ဂျစ်တူးပြောတဲ့ ငှက်ပုံပြင်"



ဂျစ်တူးပြောတဲ့ယုန်ပုံပြင်ကိုမှတ်မိသေးလား ဘဘ။ အင်း ဒီတစ်ခါ နောက်ပုံတစ်ခုထပ်ပြောပြဦးမယ်။ ဒီပုံပြင်က မှတ်သားစရာလေးတွေလည်း ပါတော့ ဘဘတို့လို အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီးတွေမှတ်ထားသင့်တယ်။ပုံပြင်က ငှက်လေးတစ်ကောင်အကြောင်း။ ဘာငှက်လည်းလို့မမေးနဲ့လေ။ ဂျစ်တူးလည်းမသိဘူး။ စာကလေးဖြစ်ရင်ဖြစ်မယ်။ခိုဖြစ်ရင်ဖြစ်မယ်။ အင်း…..ခိုတော့မဖြစ်နိုင်ဘူး။ ခိုတွေက တအား ညည်းတတ်ကြတယ်။ ငှက်သောကကြီးတွေ။ သီချင်းဆိုတတ်ရင်ပြိးရောဗျာ။ ဘာငှက်ဖြစ်ဖြစ်။
ဟိုရှေးရှေးတုန်းကတဲ့။ အဲ ဟိုရှေးရှေးတုန်းကလည်းမဟုတ်ဘူး။ အချိန်ကာလအသိအကျမသိရတဲ့ တစ်ခါတုန်းကလို့ပဲ မှတ်လိုက် ဘဘရာ။
ငှက်ကလေးတစ်ကောင်ရှိသတဲ့။ အဲ့ဒီငှက်ကလေးဟာ ရာသီဥတုသာယာတဲ့ တစ်မနက်ခင်းမှာ
လမ်းလျှောက်ထွက်လာသတဲ့။အင်..။ အင်းအင်း။ အင်းပါဗျာ။ ထားပါတော့။ အပျံထွက်လာသတဲ့။ ငှက်ကလေးပျံသန်းလာတဲ့ပတ်ဝန်းကျင်ဟာ ပန်းပေါင်းစုံပွင့်ပြီး သာယာလှပနေသတဲ့။ ရာသီဥတုက သာယာ။ ပတ်ဝန်းကျင်က သာယာနဲ့ ငှက်ကလေးလည်း စိတ်ထဲမှာ သာယာလာတာပေါ့။ ဒါနဲ့ ငှက်ကလေးဟာ သီချင်းတစ်ပုဒ်ဆိုသတဲ့။ သီချင်းစာသားတော့ မသိပါဘူးဗျာ။ သူ့ငှက်ဘာသာစကားနဲ့သူ သာယာနေကြောင်းဆိုမှာပေါ့။
သီချင်းဆိုရင်း ပျံနေတုန်းမှာ ရုတ်တရက်ဆိုသလို နှင်းမိုးတွေရွာချရောတဲ့။ ငှက်ကလေးခမျာ နှင်းမိုးတွေကြောင့် အတောင်တွေစိုပြိး သီချင်းမဆိုနိုင်ပဲ ဖုတ်ခနဲ မြေပြင်ပေါ်ပြုတ်ကျတော့တာပေါ့။ ကျနော်ကို သနားလို့တဲ့ တိမ်တွေတောင် ငိုချလိုက်တယ် ဘာညာတော့ အော်မနေဘူးပေါ့ဗျာ။ ဒါပေတဲ့ ရုတ်တရက်ဖြစ်ရတာဆိုတော့ ငှက်ကလေးလည်း ၀မ်းနည်းရှာမှာပေါ့။ အဲ့ဒီတုန်း ကံကောင်းချင်တော့ နွားတစ်ကောင်ပါချလိုက်တဲ့ ချီးတွေက ငှက်ကလေးပေါ်ကို ပြုတ်ကျလာသတဲ့။ ချီးပေတာ ကံကောင်းတာပဲလေ။ သူချီးပုံထဲမှာ နွေးနွေးထွေးထွေးကွေးနေတော့တာပေါ့။ နှင်းမိုးတွေ တိတ်သွားပြီး ရာသီဥတုပြန်လည်သာယာလာတော့ ငှက်ကလေးက ချီးပုံထဲခွေနေရာကနေထွက်ပြီး ချီးပုံထိပ် တက်ရပ်လိုက်တယ်။ သူ့အတောင်တွေကို ခါထုတ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ မိုးရွာပြီးစပတ်ဝန်းကျင်က လတ်လတ်ကိုထ လို့တဲ့။ ပုံပြင်ရဲ့ အဓိကအကြောင်းကိုဆက်ပြောမယ်။
အဲ့ဒီလို ပတ်ဝန်းကျင်ကို ကြည့်ပြီး ငှက်ကလေးလည်း အတောင်ကိုတဖြတ်ဖြတ်ခါရင်းက သီချင်းတစ်ပုဒ်လောက်ဆိုဦးမှပဲလို့ တွေးမိသတဲ့။ ဒါနဲ့ သူ့အသံစူးစူးနဲ့ သီချင်းတစ်ပုဒ်ဆိုတာပေါ့။ အဲ့ဒီငှက်ကလေးသီချင်းဆိုသံကိုလည်း ကြားရော နွားကြီးက အောက်ကိုတချက်ကြည့်ပြီး ထပ် ချီးပါချလိုက်တာ။ ချီးပုံကြီးက ငှက်ကလေးကို ပိပြီး ငှက်ကလေးခမျာ ချီးမွှမ်းပြီး သေသွားသတဲ့။ပုံပြင်လေးကတော့ ဒါပါပဲဗျာ။ဘာ။ ဘာမှတ်သားစရာမှလည်းမပါဘူး။ ဟုတ်လား။ အဲ့ဒါကြောင့် ဘဘကို နှုံတယ်။ အ တယ် လို့ဆိုတော့လည်းမကြိုက်ဘူး။ လူကြီးဖြစ်ပြီး ကလေးပြောတာတောင် နားမလည်ပါးမလည်နဲ့။ မှတ်သားစရာတွေ ဂျစ်တူးပြောပြမယ်။ သေချာမှတ်ထား။
ပထမတစ်ကြိမ် ချီးပုံထဲရောက်ရလို့ ကျေးဇူးတင်ခဲ့တိုင်း မိတ်ဆွေစစ်မထင်နဲ့။ နောက်တစ်ကြိမ် သင့်ကိုချီးပုံထဲပို့ပြီး လုပ်ကြံနိုင်တယ်။အရေးအကြီးဆုံးကတော့ ဘယ်တော့မှ ချီးပုံထိပ်မှာ သီချင်းမဆိုပါနဲ့။ဒါပဲ။
thecanopuz.wordpress.com

Shit – A Bird Story

A little bird was flying south for the winter.  It was so cold; the bird froze up and fell to the ground in a large field. While it was lying there, a cow came by and dropped some dung on it.  As the frozen bird lay there in the pile of cow dung, it began to realize how warm it was.  The dung was actually thawing him out!  He lay there all warm and happy, and soon began to sing for joy.

A passing cat heard the bird singing and came to investigate. Following the sound, the cat discovered the bird under the pile of cow dung, and promptly dug him out and ate him!

The morals of this story are:

  • Not everyone who drops shit on you is your enemy.
  • Not everyone who gets you out of shit is your friend.
  • And when you're in deep shit, keep your mouth shut! 
လင့်ကတော့ ဒီမှာပါ
 အထက်ကအင်္ဂလိပ်လို ပုံပြင်အစစ်ထဲမှာတော့ ငှက်ကလေးဟာ ချေးပုံထဲမှာနွေးထွေးနေတော့ သူဟာပျော်ရွှင်ပြီး သီချင်းဆိုတော့တာပေါ့.. အနီးကဖြတ်သွားတဲ့ကြောင်တကောင်ဟာ ငှက်အော်မြည်သံကိုကြားတော့ စူးစမ်းတော့တာပေါ့...အသံရှိရာကိုလိုက်ရှာတယ်ကြောင်ဟာ နွားချေးပုံအောက်မှာ ငှက်ရှိတယ်ဆိုတာသိသွားတာပေါ့ ဒါနှင့် ချေးပုံကိုတူးပြီး ငှက်ကိုဖမ်းစားပစ်လိုက်တယ်....
ဒီအထက်က စတိုရီ ပုံပြင်က ရည်ညွန်းပြသလိုတာကတော့
  • သင့်ပေါ်ချေးပါချသူတိုင်းဟာ (မကောင်းပြောသူတိုင်း) သင့်ရန်သူမဟုတ်ပါ။
  • သင့်ကို ချေးပုံထဲက ဆွဲထုတ်သူ (အခက်အခဲမှပြေလည်စေသူ) တိုင်းဟာလည်း မိတ်ဆွေမဟုတ်ပါ။
  • သင်ဟာ ချေးပုံနက်နက်ထဲ (အခက်အခဲပြသနာ)ကျနေရင် ပါးစပ်လုံအောင်နေပါ။
                                *** *** *** *** *** *** *** ***
မကြည်ဖြူသူတိုင်းလည်း ရန်သူမဟုတ်.. (အာချောင်သူတိုင်းဟာ လည်းရန်မပြုတတ်ဘူး)
ကူညီသူတိုင်းလည်း မိတ်ဆွေမဟုတ် (အကြံနှင့် ကူညီလိုတာသာဖြစ်တယ်)
ပြသနာနှင့်ကြုံရင် ငြိမ်ငြိမ်လေးနေတော့ အာမချောင်နှင့် ကိုယ့် အခက်အခဲကို သူများသိပြီး ရန်ပြုဘို့ ချက်ကောင်းရသွားမယ်...
     (ရောသမ ပေါက်စီ)

No comments:

Subscribe

လာလည်သူများ

free counters