♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 25, 2014

"အချစ်ရေ ငါလေ ခုတလော ရူးနေတယ် "

 

အချစ်ရေ ငါလေ ခုတလော ရူးနေတယ်
အချစ်ရေ ငါလေ ခုတလော ဖောက်နေတယ်
အချစ်ရေ ငါလေ ခုတလော ဂစ်နေတယ်
ချစ်ရေ ငါလေ ခုတလော ရစ်နေတယ်
ချစ်ရေ ငါလေ ခုတလော မျှစ်နေတယ်..
လိုချင်တာ ကိုမရတော့ စိတ်ပျက်တယ်
မလိုချင်တာ ကိုယ်ရတော့ စိတ်ပျက်တယ်
မကြုံချင်တာ ကြုံရတော့ စိတ်ပျက်တယ်
ကြုံချင်တာ ကြုံမရတော့ စိတ်ပျက်တယ်
ဆုံချင်သူကို မဆုံရတော့ စိတ်ပျက်တယ်
မဆုံချင်သူကို ဆုံရတော့ စိတ်ပျက်တယ်

မမြင်ချင်တာ မြင်ရတော့ စိတ်ပျက်တယ်
မြင်ချင်တာ မမြင်ရတော့ စိတ်ပျက်တယ်
နေချင်သလို မနေရတော့ စိတ်ပျက်တယ်
မနေချင်သလိုနေရတော့ စိတ်ပျက်တယ်
မကြားချင်တာ ကြားရတော့ စိတ်ပျက်တယ်
ကြားချင်တာ မကြားရတော့ စိတ်ပျက်တယ်
သွားချင်ရာ မသွားရတော့ စိတ်ပျက်တယ်
မသွားချင်ရာ သွားရတော့ စိတ်ပျက်တယ်
ကြည့်ချင်တာ မကြည့်ရတော့ စိတ်ပျက်တယ်
မကြည့်ချင်တာ ကြည့်ရတော့ စိတ်ပျက်တယ်
မထိချင်တာ ထိရတော့ စိတ်ပျက်တယ်
ထိချင်တာ မထိရတော့ စိတ်ပျက်တယ်
သိချင်တာ မသိရတော့ စိတ်ပျက်တယ်
မသိချင်တာ သိရတော့ စိတ်ပျက်တယ်
မငြှိချင်တာ ငြှိမိတော့ စိတ်ပျက်တယ်
ငြှိချင်တာ မငြှိမိတော့ စိတ်ပျက်တယ်
ဝိချင်တာ မဝိရတော့ စိတ်ပျက်တယ်
မဝိချင်တာ ဝိရတော့ စိတ်ပျက်တယ်
ဟာကွာ.....လာပါတော့
အပေါ်ကစုံတွဲလေးလို ရေစပ်သွားပြီးဆော့ကြရအောင်
အချိန်တွေဆွဲမနေပါနှင့်တော့ ငါစိတ်ပျက်တယ်
မင်းသာ ငါ့အနားမှာရှိနေရင် ငါလေ စိတ်ပျက်စရာ
တစ်ခုမှ ရှိမှာမဟုတ်တော့ဘူးး သောကပွားစရာဘဲ ရှိတော့မယ်
ဘာလို့လဲသိလား မင်းလေးပျောက်သွားမှာကို စိုးရိမ်မိလို့ဘဲ...

 (( ပေါပေါသွပ်သွပ်  ရောသမပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters