♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 26, 2014

" ကားမောင်းရင်း ပညာသားပါပါ အီးဘယ်လိုပေါက်မလဲ "

ကိုဖြိုးအာကာထွန်းဝေလင်းမိုး.....(ဟူးးးးးးမောလိုက်တာ)...ကသူသိချင်တဲ့ အကြောင်းလေးကို စီဘောက်စ်မှာ မေးထားလေတော့... တတ်သိကြုံဘူး ခဲ့ကြတဲ့ ဝါရင့်ယာဉ်မောင်းဆရာကြီးတွေ
ဆီမှာ ချဉ်းကပ်လို့ မေးမြန်းသိရှိခဲ့တာလေးတွေကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်...ဟီးး
  • ယာဉ်မထွက်မှီကတည်းက ကိစ္စလေးတွေကို ပြီးအောင် ပြုလုပ်ထားရပါတယ်တဲ့....ဒါမှ လမ်းခရီးမှာ အခက်မကြုံတွေ့ရမှာဖြစ်ပါတယ်... 
  • နီးစပ်ရာ ရပ်နားစခန်းရှိရင် အဲဒိနေရာ ခနရပ်ပြီး ကိစ္စပြေလည်အောင် ပြုလုပ်ရမည်..
  • အစားအသောက် စားတဲ့နေရာမှာ လေစာတို့ မန်ကျီးမှည့်တို့ ကိုရှောင်ရမည်....
  • အနောက်ပိုင်း ကိစ္စရှုပ်နေရင် ဆေးသောက် ဆေးဆောင်ထားရမည်....
  • မိမိနှင့် အတူ တဘက်တစ်ထည် (သို့) ပုဆိုးစ တစ်စကို ဆောင်ထားရမည်...
  • ကားပေါ်မှာ မထုတ်မဖြစ်သာ လွတ်ကိန်းကြုံလာရင် အဲ့ဒိ တဘက်ဟောင်း (သို့) ပုဆိုးစကို ခေါင်းခုဆုပ် (အမျိုးသမီးများ ရေခပ်လျှင် ခေါင်းပေါ်ရေအိုး ရွက်သည့်အခါ အိုးမကျအောင် ထိန်းထားသည့် အဝတ်လို ဝိုင်းဝိုင်းလေးခေါက်ပြီး ဖင်ခုထိုင်ပါ...
  • အီးသံကို ဟွန်းသံနှင့် အတူရောချနိုင်ရန် လေ့ကျင့်ထားပါ...
  • မိမိလွတ်မည့်အချိန် ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်လိုက်ပါ.....
  • ကားဟွန်းတီးရန် အခြေအနေကို ကြည့်ပါ ..ဥပမာ လမ်းကူးသူ လမ်းဘေးရှိသူတို့ကို သတိပေးသည့်ပုံစံဖြစ်သည်... တခြားကားတစီးစီးကို ဟွန်းတီးရင် လက်ပြနှုတ်ဆက်သည့် ပုံပြုလုပ်ရမည်တဲ့........
ဟွန်းသံနှင့် အတူ အီးသံကို ရောချတဲ့ နေရမှာ ပညာသားပါရမည်တဲ့.... ဟွန်းသံက အရင် အီးသံက နောက်ကျနေလျှင်   " ပွန်ပွန်"  "ဘွတ်ဘူ" ဆိုဖြစ်တတ်ပြီး လူသိလွယ်သည်တဲ့...
တခါ အီးသံက မြန်ပြီး ဟွန်းသံက နောက်ကျလျှင်   "ဘွတ်ဘူ" "ပွန်ပွန်" ဟု မြည်လိမ့်မည် ဖြစ်
ကာ လူသိလွယ်သည်တဲ့......ဒါကြောင့် ပွန်ပွန် ထဲမှာ ဘွတ်ဘူကို ရောချရမည်တဲ့...
ပြူတင်းပေါက်လေးလည်း အသာလေးဟထာပါ....အမွှေးနံ့ရှိရင်လည်း မသိမသာလေး ဖြန်းထားပြီးမှ လွတ်ပါတဲ့.....ဟီးဟီးဟီးးး
ကဲ...ဒါကတော့ မောင်စိုး မအားတော့ ပေါက်စီဘဲ   ဆရာကြီးတွေကို မေးမြန်းပြီး တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်......
(ပေါက်စီ ကားမမောင်းတတ်ပါ)

No comments:

Subscribe

လာလည်သူများ

free counters