
ကန်စွန်းဥ ရွှေချီ ဆနွင်းမကင်း

ပါဝင်ပစ္စည်းများ -
၁။ ကန်စွန်းဥပြုတ် – ၂ လုံး ( ချေထားသော ကန်စွန်းဥပြုတ် – 4 cups )
၃။ ထောပတ် – ၄ အောင်စ
၎။ ရွှေချီမှုန့် – 1 cup
၅။ သကြား – 1 cup
၆။ ဆား – လက်ဘက်ရည်ဇွန်း ၁ ဇွန်း
၇။ ဘိန်းစေ့ – အနည်းငယ်


- ကန်စွန်းဥ အကြီးစား နှစ်လုံးကို ပြုတ်ပြီး ညက်နေအောင် ချေထားပါ။
- မီးဖိုပေါ်မှာ ထောပတ် ၄ အောင်စ တစ်တုံးကို အရည်ဖျော်ပါ။
- နောက်တကွိုင် မီးဖိုပေါ်မှာ ရွှေချီမှုန့် – ၁ ခွက်ကို မီးမြေးမြေးဖြင့် ရွှေချီမှုန့် လှော်ထားပါ။ နီရောင်သန်းလာသည့်အထိ လှော်ပြီးလျှင်
- သကြား – ၁ ခွက် ထည့်မွှေပါ။
- ဆား – လက်ဘက်ရည်ဇွန်း တစ်ဇွန်း ထည့်ပါ။
- ချေထားသော ကန်စွန်းဥ ထည့်ရောပါ။
- အုန်းနို့ ထမင်းစားဇွန်း ၂ ဇွန်းစာလောက် ချန်ပြီး အုန်းနို့ – ၁ ဗူး ထည့်ရောပါ။
- ထောပတ်ရည် – ၄ အောင်စကို ထမင်းစားဇွန်း ၂ ဇွန်းစာလောက် ချန်ပြီး ရွှေချီ အိုးထဲသို့ နည်းနည်းခြင်းစီ ထည့်ရောပြီး ရွှေချီထိုးပါ။
- မီးဖိုပေါ်မှာ အိုးမကပ်တဲ့ အထိ ရွှေချီထိုးပြီးပါက
- ၈ လက်မ ပတ်လည် oven foil ထဲ သို့
- ထောပတ် ထမင်းစားဇွန်း တစ်ဇွန်း အရင်ထည့်ပြီးမှ
- ကန်စွန်းဥ ရွှေချီများကို ထည့်ပါ။
- မုန့် မျက်နှာပြင်ကို ညီညာအောင် ညှိပါ။
- ပြီးလျှင် မျက်နှာပြင်မှာ ထောပတ်ရည် ထမင်းစားဇွန်း တစ်ဇွန်းဖြန်း
- အုန်းနို့ရည် ထမင်းစားဇွန်း ၂ ဇွန်းဖြန်း
- ဘိန်းစေ့များ ဖြူးပြီး
- ကြိုတင် ပူနေအောင် ဖွင့်ထားသော Preheat oven 375ºF ထဲသို့ ထည့်ပါ။
- oven စင်၏ အလယ်နေရာ စင်မှာ ထားပြီး ကန်စွန်းဥ ရွှေချီ ဆနွင်းမကင်းကို မုန့်ဖုတ်ပါ။
- Preheat oven – 375ºF – 35 minutes ~ 45 minutes
- နာရီဝက်လောက် အကြာမှာ သွားကြားထိုးတံလေးဖြင့် မုန့်သားကျက်မကျက် စမ်းကြည့်ပါ။
- သွားကြားထိုးတံ မှာ မုန့်သားများ ကပ်ပါလာတယ်ဆိုလျှင် မုန့် မကျက်သေးပါဘူး။ မုန့်သား မကပ်ပါလာမှ မုန့်ကျက်ပါပြီ။
- ပြီးလျှင် နာရီဝက်၊ တစ်နာရီလောက် အအေးခံပြီးမှ လှီးစားပါ။

ဘိန်းစေ့ဖြူးပြီး မုန့်မဖုတ်ခင်

မုန့်ဖုတ်ပြီး

အုန်းနို့သာကူ၊ ကန်စွန်းဥ ရွှေချီ ဆနွင်းမကင်း

ကန်စွန်းဥ

ရွှေချီ မှုန့် နေရာမှာ ဂျုံမှုန့် ထည့်ပြီး မုန့်ဖုတ်နိုင်ပါတယ်။
အဲဒါဆို ကန်စွန်းဥ ဆနွင်းမကင်း
ကန်စွန်းဥ နေရာမှာ ဌက်ပျော်သီး၊ ဒူးရင်းသီး၊ အားလူး၊ ဖရုံသီး၊ ပလောပီနံ၊
ပိန်းဥ မိမိကြိုက်နှစ်သက်ရာ အစားအသောက်များ ထည့်သွင်းပြီး မုန့်ဖုတ်လို့
ရပါတယ်။
ဌက်ပျော်သီးမှည့်ဆိုရင် ချေပြီး မုန့်ဖုတ်ပါ။


- သာကူစေ့ – 1 cup
- ရေ – ၂ လီတာခွဲ
- သကြား – 1 cup
- Coconut cream – ၁ ဗူး
- ကန်စွန်းဥ – ၂ လုံး
- ရေ ၂ လီတာခွဲ ( သို့မဟုတ် ) ၃ လီတာ ကို ပွက်ပွက်ဆူနေအောင် တည်ပြီး
- သကြား – ၁ ခွက် ထည့်မွှေပါ
- သာကူစေ့ – ၁ ခွက် ထည့်မွှေပါ
- သာကူစေ့ မျက်စေ့ပျောက်သည့်အထိ ချက်ပြီးမှ
- ကန်စွန်းဥပြုတ်များကို အတုံးသေးသေးစိတ်ပြီး ထည့်ရောပါ။
- အုန်းနို့ ၁ ဗူး ထည့်ရောမွှေပါ။


အုန်းနို့ သာကူ
ကန်စွန်းဥ ရွှေချီ ဆနွင်းမကင်း
အုန်းနို့ သာကူမှာ အုန်းနို့ ထပ်ထည့်ချင်သေးရင် ထပ်ထည့်ပြီး စားလို့ ရပါတယ်။ ဘေးနားမှာ coconut milk အဆင့်သင့်
ချက်ရင်တော့ Coconut cream ( အုန်းနို့ ပြစ်ပြစ် )
ကန်စွန်းဥ ရွှေချီဆနွင်းမကင်းမှာ ကန်စွန်းဥ ဖတ်လေးတွေ ပေါ်ပေါ်လွင်လွင် …
Credit : Colourful Recipes blog
Credit : Colourful Recipes blog
No comments:
Post a Comment