♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 29, 2014

"ဖူးစာ ရှာပုံတော်"

Share
ရေကူးဝတ်စုံဝတ် အမျိုးသမီးငယ် လေးက ရေကူးကန်ထဲသို့ ပက်လက်လန် အနေအထားဖြင့် ခုန်ချရန်အတွက် အ သက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။ ရေကူး ကန်ထဲ တွင်တော့ သက်လတ်ပိုင်း အရွယ် အမျိုးသားများက သူမကို ဆီး ဖမ်းဖို့ အသင့်အနေအထားနှင့်။ ထိုအ မျိုးသားများမှာ နေရာဒေသမတူ။ အ လုပ်အကိုင်မတူကြ။ သို့ရာတွင် အားလုံး တွင် တူညီသည်က သင့်တော်သည့် အမျိုးသမီးငယ်တစ်ဦးနှင့် လက်ထပ်ရ ရေး မျှော်မှန်းချက်ပင် ဖြစ်သည်။

တရုတ်နိုင်ငံတောင်ပိုင်းက အပူ ပိုင်းဇုန် ကျွန်းတစ်ခုဖြစ်သည့် ဟိုင်နန် ကျွန်းပေါ်မှ ရေကူးကန်ဘေးနားတွင်ဖြစ် သည်။ တရုတ်နိုင်ငံတစ်ဝန်းမှ မြောက် မြားလှစွာသော မိန်းမငယ်များ ရောက် ရှိနေကြပြီး သူတို့တွင်လည်း တူညီသော ရည်မှန်းချက်တစ်ခု ရှိပါသည်။ သူမတို့ အတွက် ပြည့်စုံသော ဘဝတစ်ခု ပေး နိုင်မည့် အမျိုးသားကောင်း တစ်ဦးနှင့် လက်ထပ်ခွင့် ရရေးပင် ဖြစ်သည်။
ဟိုင်နန် ကျွန်းပေါ်မှ ရေကူးကန် ပွဲတော်သည် ယခုအခါ တရုတ် နိုင်ငံ၏သန်းကြွယ်သူဌေးများအကြား အကြီးအကျယ် အောင်မြင်နေပါသည်။ခြောက်လခန့် အချိန်ယူ ကာ နိုင်ငံ တစ်ဝန်းမှ အပျိုချောလေးများကို စု စည်းထားသော ဤရေကူးကန်ပွဲတော်သို့ တက်ရောက်လာမည့် အမျိုးသား ၁ဝ ဦးသည် တစ်ဦးလျှင် ဝင်ကြေးယွမ် ၁ သိန်း (ယူရိုတစ်သောင်းကျော်) ပေးရပါ သည်။
”ကျွန်မက အပျိုလေ။ ပြီးတော့ အိမ်ကလည်း လက်ထပ်ဖို့ အတင်းတိုက် တွန်းနေတာနဲ့”ဟု အသက် ၂၈ နှစ်အ ရွယ် အမျိုးသမီး ရူဘီက ပြောသည်။ များလှသော ဘီကီနီ ဝတ်အမျိုးသမီးများ နည်းတူ သူမသည်လည်း သင့်တော်ပြည့် စုံသည့် အိမ်ထောင်ဖက် အမျိုးသားတစ် ဦးကို အလိုရှိနေ၍ ဤနေရာသို့ ရောက် လာရခြင်း ဖြစ် သည်။”ကျွန် မအပေါ်ကောင်းမယ့်၊ ကျွန် မက ချစ်နိုင်မယ့် ယောက်ျားတစ်ယောက် နဲ့ တွေ့ချင်တယ်။ သူဟာ အတွေ့အကြုံ ရင့်ကျက်ပြီး သူ့ကိုယ်သူလည်း လေးစား၊ ကိုယ့် အပေါ်လည်း လေးစားမှု ရှိတဲ့ သူ မျိုးပေါ့”ဟု ရူဘီက ပြောသည်။
အမေရိကန်ပြီးလျှင် ဘီလျံနာ အ များဆုံးဖြစ်သော တရုတ်နိုင်ငံသည် တိုး တက်ပြောင်းလဲမှုများနောက် အမီလိုက် နေရသော လူ့အဖွဲ့အစည်းတစ်ခုကို လက်ခံထားရ သည်။ စီးပွားဥစ္စာနောက် ကောက်ကောက်ပါအောင် လိုက်ရင်း ဘဝလက်တွဲဖော်ရှာဖွေဖို့ အချိန်ပင် မပေးနိုင်တော့သည်အထိ ဖြစ်လာသော လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှုတို့ က အရေးပါလာကြသည်။ စင်စစ်ဆိုရလျှင် အောင်သွယ်ဟူ သော ဝေါဟာရစကားလုံးသည် အရှေ့ တိုင်းသားတို့နှင့် မစိမ်း။ ရှေးရာဇဝင်များ ကတည်းက ရှိလာခဲ့သော အိမ်ထောင် ဖက်ရှာ ဝန်ဆောင်မှုတို့သည် ယနေ့ ခေတ်ကာလတွင် ဈေးကွက်အခိုင်အမာ ရှိနေကြပြီ။ အရှေ့တိုင်း အာရှနိုင်ငံများ တွင်သာမက ကမ္ဘာ့အနော က်ခြမ်းက နိုင်ငံများတွင်လည်း အိမ်ထောင်ဖက်ရှာ ဝန်ဆောင်မှုလုပ်ငန်းက အခြေတည် ခိုင်မာနေပါပြီ။
အထူးသဖြင့် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကျင့်သုံးပြီး ရိုးရာအစဉ်အလာအရ ”သား”ကိုသာ ဦးစားပေးမွေးတတ်ကြသည့် တရုတ် နိုင်ငံတွင် သတို့သမီး ရှား ပါးမှုက ပိုမို ဆိုးရွားလာနေသည်။ ၂ဝ၂ဝ ခုနှစ် အ ရောက်တွင် တရုတ်နိုင်ငံ၌ အမျိုးသား ဦးရေ ၂၄ သန်းအတွက် သတို့သမီးများ လိုအပ်နေလိမ့်မည်ဟု စစ်တမ်း တစ် စောင်က ဖော်ပြထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင်ဤဝန်ဆောင်မှုဈေးကွက် သည်ပေါက်ကွဲထွက်လာမည့်သတို့သမီး လိုအပ်မှု ဖြေရှင်းရေးအတွက် အဓိက လို အပ်ချက်ဖြစ်လာသည်။ ထို့အတူပင် အလားတူဝန်ဆောင်မှုမျိုးဟု အခြား နိုင်ငံများတွင် ဆောင်ရွက်နေကြသူ အ များစုမှာ တရုတ်လူမျိုးများဖြစ်နေသည်။
တရုတ်၏ အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံတွင်လည်း အလားတူ ဝန် ဆောင်မှုများ တစ်စတစ်စ ထင်ထင်ရှား ရှား တွေ့လာနေရပါပြီ။ ထို့အတူ တုံ့ပြန် ဝေဖန်သံများ၊ အပြု သဘောဆောင် ကြို ဆိုမှုများလည်း ကြားနေရပါသည်။ သတို့သမီးရှားပါးမှုနှင့် ကြုံနေရ သော တရုတ်နိုင်ငံက မြန်မာအမျိုးသမီး များကို တိုးတိုးတစ်ဖုံ ကျယ်ကျယ် တစ်ခါ အမျိုးမျိုးဖြင့် ဖြားယောင်းနေသည်ကို အားလုံး အသိဖြစ်ပါသည်။
မကြာသေးသော လပိုင်းအတွင်း က တရုတ်-မြန်မာ နယ်စပ် ကချင်ပြည် နယ်တွင် တရုတ်နိုင်ငံသို့ ဇနီးမယား အဖြစ် သွားရောက်နေထိုင်ရန် စည်းရုံး သော လက် ကမ်းကြော်ငြာစာများ ပလူ ပျံနေခဲ့သည်။ လူကုန်ကူးမှု ပုံစံတစ်မျိုး ဖြစ်သောကြောင့် နှစ်ဖက်အာဏာပိုင် တို့ ပူးပေါင်းကာ ဖမ်းဆီးနှိမ်နင်းခဲ့ရ သည်။ သို့ရာတွင် ပပျောက် သွားခြင်း မရှိသည်က သေချာသည်။ ဤသို့သော အခြေအနေတွင် အိမ်ထောင်ဘက်ရှာဖွေရေး ဝန်ဆောင် မှုများအပေါ်တွင် သံသယကဲသော အ ကြည့်ဖြင့် သတိကြည့် ကြည့်နေကြခြင်း ကို အပြစ်မဆိုသာ။
”ကျွန်မတို့ကတော့ မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေအတွက်ပဲ ဝန်ဆောင်မှု ပေးတာပါ”ဟု Myanmar Friend Finder (မြန်မာ သူငယ်ချင်းရှာဖွေသူ ကုမ္ပဏီလီမိတက်မှတာဝန်ရှိ အမျိုးသ မီးတစ်ဦးက ပြောသည်။ အောင်သွယ်လုပ်ငန်းဟု ဆိုရမည့် အိမ်ထောင်ဖက်ရှာဖွေရေး ဝန်ဆောင် မှု လုပ် ငန်းလုပ်ကိုင်ရေးအတွက် ၎င်းတို့ ကုမ္ပဏီကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ အတွင်းက တရားဝင်မှတ်ပုံတင်ပြီး ဖွင့် လှစ်ခဲ့ကာ ယခုအချိန်အထိ အလုပ်အပ် သူ ၅ဝ ကျော်ခန့် ရှိနေပြီဟု သိရသည်။
”အများစုကတော့ လူလတ်ပိုင်း တွေပါ။ သူ့မှာ ရာထူးတစ်ခုရှိတယ်။ တည်ငြိမ်တဲ့ နေရာတစ်ခု ရှိပြီးသား။ ဒါ ပေမဲ့ သူ့အချိန်တွေကို အလုပ်ထဲပေး ထားရလို့ ဒီအတွက် အချိန်မပေးနိုင်တဲ့ အတွက် လာအပ်ကြတာပါ”ဟု ထိုအမျိုး သမီးက ဆိုသည်။ ဤလုပ်ငန်း၏ သဘောအတိုင်း အလုပ်လာအပ်သူအများစုမှာ အမျိုး သားများ ဖြစ်ပြီး အမျိုး သမီးအရေအ တွက် နည်းပါးနေသေးသည်ဟု ၎င်းက ဆိုသည်။ အလုပ်အပ်ရန်အတွက် မှတ်ပုံ တင်၊ သန်းခေါင်စာရင်းအပြင် မိဘ သို့ မဟုတ် အုပ်ထိန်းသူပါရှိရမည်ဖြစ်ပြီး အလုပ်အပ်သူတို့၏ ကိုယ်ရေးအချက် အလက်များကို လျှို့ဝှက်ပေးထားမည်ဟု ဆိုသည်။
”ဝန်ဆောင်ခကတော့ ရက်ပေါင်း ၇ဝ အတွက် မြန်မာငွေ ၅ သောင်းပါရှင်။ ချက်ချင်းပေးရတာ မဟုတ်ပါဘူး။ အိမ် ထောင်ဘက်တွေ့သွားမှ ပေးရတာပါ”ဟု သူမက ဆိုသည်။ အပေါ်ယံရှပ်ကြည့်လျှင် မြန်မာ နိုင်ငံတွင် ဖူးစာမရှာနိုင်အောင် အချိန် လု အလုပ်လုပ်နေသူများများစားစား မရှိပါ။ သတို့သမီးရှားပါးမှုလည်း မရှိ ပါ။ ကျား၊ မအချိုးအစားမျှတသော နိုင်ငံဖြစ်၍ ဖူးစာရှာဖွေရေးဝန်ဆောင်မှု များကို အမြင်စိမ်းနေသေးသော်လည်း သိထားရမည်က ”အောင်သွယ်”ဟူ သော လူတန်းစား တစ်ရပ်က အခိုင် အမာ ရှိနေပါသည်။ အထူးသဖြင့် မြို့ ကြီးများ၊ ထိုထက်ဆိုရလျှင် တရုတ်နွယ် ဖွားတို့အကြားတွင် ဖြစ်ပါသည်။ တရုတ် နွယ်ဖွားအချင်းချင်းသာ လက်ဆက်လို ကြေ သာ ဆန္ဒကြောင့် ယင်းအသိုင်းအ ဝိုင်းတွင် အောင်သွယ်တို့၏ အခန်း ကဏ္ဍက အရေးပါနေပြီး အောင်သွယ် ကြေးသည်လည်း မနည်းပါ။ သိန်းဆယ် ဂဏန်းချီသော ပမာဏအထိ အောင် သွယ်ကြေးတို့ ရှိခဲ့ဖူးပါသည်။
အေးချမ်းတည်ငြိမ်သော အိမ် ထောင်တစ်ခု တည်ဆောက်ရန်အတွက် ဖူးစာဘက်ကို အချိန်ပေးရှာဖွေရန် မ တတ်နိုင်သူများက အောင်သွယ်ကြေး များကို ပေးရန် လက် တွန့်နေမည်မဟုတ် ပေ။ သို့ရာတွင် အမှန်တည်မြဲသော မိ သားစုဘဝထူထောင်ရေးမှာမူ ကာယကံ ရှင်တို့နှင့်သာ သက်ဆိုင်လိမ့်မည်။ ကြာ ကြာဝါးမှ ခါးမှန်းသိဆိုသော ဆိုရိုးစကား ကဲ့သို့ လူ့အကြောင်း ကြာကြာပေါင်းမှ သိလာပါလိမ့်မည်။ ထိုအခါ မေတ္တာ တရား၊ စာနာနားလည်မှုနှင့် ခွင့်လွှတ် သည်းခံခြင်းတို့ မရှိလျှင်။ မြန်မာသည် ပွင့်လင်းလာသော ဈေးကွက်တစ်ခု ဖြစ်ပါသည်။ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံရေးအရ ပွင့် လင်းလာသည်နှင့် အမျှ အပြိုင်အဆိုင် ကြိုးစားအားထုတ်လာကြရပေမည်။ ထိုအခါ တိုးတက်မှုအတွက် အလုပ်ထဲ ဘဝကိုနှစ်ထားပြီး အရွယ်တော် မဟိုင်း တဟိုင်းရောက်မှ အိပ်မက်က လန့်နိုး လာသူတို့ ဖူးစာဖက်ရှာရာတွင် ဘာ လုပ်လို့ လုပ်ရမှန်း မသိသည့် လူတန်း စားတစ်ရပ် ရှိလာပါလိမ့်မည်။ ထိုသူ တို့ကြောင့် ဤဈေးကွက်က အသက်ဝင် နေပါလိမ့်မည်။
ကျော်ရဲလင်း
Credit : .popularmyanmar.com

No comments:

Subscribe

လာလည်သူများ

free counters