♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 26, 2014

ဘာရီယာတုံးအား ဝင်ရောက်တိုက်မိတိမ်းမှောက်သဖြင့် ခရီးသည် ဒဏ်ရာရ

အရှိန်မထိန်းနိုင်သောယာဉ် လမ်းပြုပြင်ရန် အမှတ်အသားချထားသည့် ဘာရီယာတုံးအား ၀င်ရောက်တိုက်မိတိမ်းမှောက်သဖြင့် ဒဏ်ရာရ
နေပြည်တော်၊ နိုဝင်ဘာ ၂၅

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅/၁-၂)ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။


စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန် ဘက်သို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်သာယာရပ်ကွက်နေ စိုးဝင်းအောင်(၃၀)နှစ် မောင်းနှင်လာသော DD/xxxx KIA-pergio ခဲရောင်ဘုရားဖူးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းပြုပြင်ရန် အမှတ်အသား ချထားသည့် ဘာရီယာတုံးအား ၀င်ရောက်တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များအနက် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နေသူများဖြစ်သည့် ဒေါ်မာရီတ ပါ အမျိုးသမီး(၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် စိုးဝင်းအောင်အား ဘောနီအမြန်လမ်း ရဲစခန်းယာဉ်(ပ)၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
သေချာတာတစ်ခုကတော့ ယာဉ်မောင်းအိပ်ငိုက်သွားတာဖြစ်မယ် 
အမြန်လမ်းသစ်ပေါ်မှ သွားနေသော မော်တော်ယာဉ်များ အန္တရာယ်ကင်းပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်
mgsoemin1995@gmail.com

No comments:

Subscribe

လာလည်သူများ

free counters