(က) အရှေ့တိုင်း (မြန်မာ)ယုံကြည်မှု
စုန်းဟူသည် ဇုဏှသဒ္ဒါမှဆင်းသက်၍ ဇုဏ်း မှ ရွေ့လျှောလာကာ စုန်းဟူ၍ ဖြစ်လာခြင်းပေတည်း။ ပညာစက်ဖြင့် တောက်ပမြူးတူးတတ်သောသူ ဟုဆိုလိုသည်။
ဥရူနတ် ၊ဇော်ဂနီနတ်၊ ဂန္ဓဗ္ဗနတ်တို့
(၁) ဆင်ကွပ်။ (၂) နဖားတပ်။ (၃) ရွာသူ၊ (၄) ရွာသမီး၊ (၅) ကဝေ၊ (၆) အိမ်တလိမ့်၊ (၇) ဇောဂိနီ လို့ စုန်း ခုနှစ်မျိုးရှိတယ်။
ဒီ ၇-မျိုးမှာလဲ အမောက်ပေါက်ပုံ ကွဲလို့ စုန်းမျိုးတွေ ကွဲပြားသေးသတဲ့။ အခု ၇-မျိုးထဲမှာ (၂) အိမ်တလိမ့်စုန်း၊ (၂)ဇောဂိနီစုန်းတို့က အတတ်ပညာမဖက် သက်သက် မိမိကိုယ်ခန္ဓာထဲမှာ ဗိမာန်နှင့်တကွ ဖြစ်ပြီး နေလာတဲ့ ဂန္ဓဗ္ဗနတ်ရဲ့ အာနုဘော်ကြောင့် မိမိတို့ ကြံစည်တိုင်း ဖြစ်နိုင်၊ ဖမ်းစားနိုင်တော့သတဲ့။ အဲဒီ စုန်းမျိုးကို မသင်ဘဲ တတ်တဲ့အတွက် ၀မ်းတွင်းစုန်းလို့ ခေါ်ကြပါတယ်။
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6916.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6916.html
ဝမ်းတွင်းပါ ပညာရှင်တို့မှာ...ပဋိသန္ဓေအစ ပထမကာလ လရေကြည်
ဒုတိယ ရေပျစ်ရေချွှဲ အမြှပ်ခဲ
တတိယ နူဖပ်ကျိချွဲ သားတစ်ခဲ
စတုတ္ထ ကြက်ဥပြုတ်အခွံနှင့်တူစွာ မာမာလုံးလုံး သားတုံးခဲ
ပဉ္စမ ခြေနှစ်ဖြာနှင့် လက်နှစ်ချောင်း ဦးခေါင်းဖြစ်ရာ ခက်မငါးဖြာ
ဆဋ္ဌမ ဆံပင် မွေးညင်း ခြေသည်း လက်သည်း
သတ္တမ ခုနှစ်ကြိမ်မြောက် သတ္တာဟမှစပြီး စက္ကု သောတ ဃာန ဇိဝှါ ကာယ မန ဟု ဆိုအပ်သော ၀ိညာဏခြောက်ပါးတို့သည် သတ္တာဟအစဉ်အတိုင်းဖြစ်ပေါ်လာခိုက် ဂန္ဓဗ္ဗနတ်တို့၏တန်ခိုး ရှိန်စော်အာနုဘော်ကို မှီပြီး သူတို့ပေးသော ပညာကို အမိဝမ်းထဲတွင် ရှိစဉ်က ရရှိခဲ့ကြသည်။ ထိုသို့ မွေးရာပါ ပညာပါလာသူတို့မှာ သူတို့ကိုယ်တိုင်ပင် ပညာတတ်မှန်း မသိကြပေ။ အကြောင်းတိုက်ဆိုင်မှသာ ပေါက်ပေါက်လာလေ့ရှိကြသည်။ ထိုပညာရှင်များ အရွယ်ရောက်လာသောအခါ ဒေ၀ဇော်ဂနီ ၊ ယက္ခဇော်ဂနီ ၊ နာဂဇော်ဂနီ ၊ ယက္ခကာကနီ ၊ နာဂကာကနီ ဟူ၍ ပညာရှင်များ ဘ၀ရောက်ကြရလေသည်။
အထက်တွင် ဖော်ပြခဲ့သော ပဋိသန္ဓေအစ ပထမ သတ္တာဟ မှ ခုနစ်ခုမြောက် သတ္တ သတ္တာဟလျှင် သတ္တ၀ါဖြစ်မည့် ခန္ဓာအိမ်အတွင်းတွင် ဗီမာန်နှင့်တကွ ဖြစ်တည်မှီစွဲလာလျှင် မွေးဖွားကြီးပြင်းလာသောအခါ ထိုသတ္တ၀ါသည် ဆိုခဲ့စော ကာကနီ ၊ ဇော်ဂနီ တန်ခိုး သတ္တိ ကမ္ဗဇိတ္တိနှင့်တကွ ဖြစ်ခြင်းကြောင့်လည်းကောင်း ၊ အလားတူ တန်ခိုး သတ္တိ ကမ္ဗဇိတ္တိရှိခြင်း ၊ လူဇာတ်အစစ်ဖြစ်ခြင်း ၊ စွဲတည်ခဲ့သော ကာကနီ ၊ ဇော်ဂနီတို့၏ နာမပညတ် မပြတ်ခြင်းကြောင့် မနုဿကာကနီ ၊ မနုဿဇော်ဂနီဘ၀သို့ ဖြစ်ကြ ရောက်ကြရလေသည်။ ထိုကဲ့သို့ ဖြစ်လာသောသူတို့သည် သူတို့ကို စောင့်ရှောက်သော ဂန္ဓဗ္ဗနတ်တို့၏တန်ခိုးအာနုဘော်တို့ကြောင့် မိမိတို့ စိတ်အကြံဖြစ်ပေါ်သည်နှင့် ဖြစ်ပေါ်လာသည့်အတိုင်း ဖြစ်လာရသည်။ ဥပမာ စိတ်ထဲမှ
" ထင်းချောင်းကို မြွေဖြစ်ပါစေ " ဟု အာရုံပြုလိုက်လျှင် ထင်းချောင်းကြီးသည် ချက်ချင်းမြွေဖြစ်သွားလေသည်။
မျက်ရိပ် မျက်စောင်းဖြင့် သော်လည်းကောင်း....။
နှုတ်စောင်းဖြင့်သော်လည်းကောင်း...။
ပါးစပ်မှ မြွတ်ဟရုံ ဖြင့်သော်လည်းကောင်း..။
တစ်ဘက်သူအား ဖမ်းစားနှိပ်စက်နိုင်သော အစွမ်းရှိကြသည်။ ထိုကဲ့သို့သော မနုဿကာကနီ ၊ ဇော်ဂနီတို့သည် ဆရာအစရှိသော အခြားသူမှ သင်ကြားပြသပေးခြင်း မရှိသော်လည်း ပဋိသန္ဓေနေစဉ်ကပင် ပညာသတ္တိတို့ ကိန်းဝပ်လာခဲ့ရာ မွေးရာပါ ပညာရှင် သို့မဟုတ် ၀မ်းတွင်းစုန်းများ ဖြစ်လာခဲ့ကြသည်။
စုန်း(၇)မျိုး
(၁) ဆင်ကွပ်။...။ မစင် ချေးခြောက် ကိုစားသည်။ ခြေရာကိုသော်လည်းကောင်း၊ အရိပ်ကိုသော်လည်းကောင်း၊ ကိုယ်ကိုသော်လည်းကောင်း၊ ကိုယ်တိုင် ထိရမှ ဖမ်းစားနိုင်သည်။
(၂) နဖားတပ်။....။သစ်သီးမှည့် အချို အချဉ်ကို စားသည်။ အရိပ်ကိုသော် လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း၊ ကိုယ်တိုင် ထိရမှ ဖမ်းစားနိုင်သည်။
(၃) ရွာသူ။.....။သစ်သီးသစ်ပွင့်ကိုစားသည်။ ခြေကိုလည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း၊
ကိုယ်တိုင် ကိုင်ရမှ ဖမ်းစားနိုင်သည် ..။.
(၄) ရွာသမီး။...။အသွေး အသား အရေကို စားသည်။ ကိုယ်တိုင် မြင်ရ၊ ထိရ၊ နန်းရှုပ်ရမှ ဖမ်းစားနိုင်သည်။
(၅) ကဝေ။...။လူသွေး လူသား လူရိုးတို့ကို စားသည်။ အမည်နာမကို သိက မိမိလက်အောက်ရှိ နတ်တို့ကို
စေခိုင်း ဖမ်းစားနိုင်သည်။
(၆) အိမ်တလိမ့်။...။အူ အသည်း အမြစ်တို့ကို စားသည်။ ကိုယ်တိုင် မြင်ရ၊ ထိရ၊ နန်းရှုပ်ရမှ ဖမ်းစားနိုင်သည်။
(၇) ဇောဂိနီ ။...။အကြော်အလှော် အဆိမ့် အအိမ့်တို့ကို စားသည်။ အမည်နာမကို သိမှ၊ မိမိလက်အောက်ရှိ ၃၇-မင်း နတ်တို့ကို စေခိုင်းဖမ်းစားနိုင်သည်။
ကာကနီလေးဖော်
(၁) ဒေ၀စိတ္တ ကာကနီ - ထမင်းသုံးဆုပ်စား၏။ အိမ်မက်တွင် မိန်းမမြင်မက်၏။
(၂) ယက္ခစိတ္တ ကာကနီ - ကြက်ရိုးစား၏။ အိမ်မက်တွင် မြွှေ ၊ မျှော့တို့ကို မြင်မက်၏။
(၃) စက္ကသဟ ကာကနီ - ၀က်သားစား၏။ အိမ်မက်တွင် အမဲသားကို မြင်မက်၏။
(၄) ဟတ္ထိတာလ ကာကနီ - တဘူးမြေတမြက်စား၏။ အိမ်မက်တွင် ငိုကြွေးရသည်ဟု မြင်မက်တတ်၏။
၎င်းတို့မှာ ကာနိလေးဖော်တို့ ဖြစ်သည်။
ရက္ခန္တကာကနီလေးဖော်
(၁) သန္တရက္ခ ကာကနီ - မုန့်ဝါးနှင့် လူရုပ်စား၏။ အိမ်မက်တွင် ရွာခြား နယ်ခြားလူမျိုးကို မြင်မက်၏။
(၂) ဗဟုဗိတ္တ ကာကနီ - မုန့်ငါးရုပ်ကို စား၏။ အိမ်မက်တွင် ငါးကြော်ကို မြင်မက်၏။
(၃) စိတ္တဝေဒ ကာကနီ - ဂဠုန်ရုပ်ကို စား၏။ အိမ်မက်တွင် ရွာခြားမှ ဆင်မြင်း ကျွဲနွား မြင်မက်၏။
(၄) မဟိသက ကာကနီ - မုန့်ဖြူကျွဲရုပ်ကို စား၏။ အိမ်မက်တွင် ရွာခြားကျွဲကို မြင်မက်၏
၎င်းတို့မှာ ရက္ခန္တကာကနီလေးဖော်တို့ ဖြစ်သည်။
ဇော်ဂနီလေးဖော်
(၁) ကာကဇော်ဂနီ - မုန့်ဖြူရုပ်ကို စား၏။ အိမ်မက်တွင် ကျီးကို မြင်မက်၏။
(၂) ဒေ၀ဇော်ဂနီ - မုန့်နီရုပ်ကို စား၏။ အိမ်မက်တွင် ကတုံးကို မြင်မက်၏။
(၃) ယက္ခဇော်ဂနီ - မုန့်ဝါရုပ်ကို စား၏။ အိမ်မက်တွင် ဆံပင်ကို မြင်မက်၏။
(၄) လောမဇော်ဂနီ - မုန့်နက်ရုပ်ကို စား၏။ အိမ်မက်တွင် ခွေး ၊ နွားကို မြင်မက်၏။
၎င်းတို့မှာ ဇော်ဂနီလေးဖော်တို့ ဖြစ်သည်။
ကဝေဟူ၍ အခေါ်အဝေါ်တွင် (၉)ပါးရှိသည်။
(၁) ယောကတော်
(၂) အနောက်ကတော်
(၃) ရေယာဉ်ကတော်
(၄) မြောက်ဘက်ရှင်မ (ကတော်လေးပါး)
(၅) ဇော်ဂနီ
(၆) ဇော်ဂနက်
(၇) ကာကနီ
(၈) ကာကနက်
(၉) သူယုတ်ဿဒီ
မိုးပေါ်တက်ပြီး တောက်စားကြသော စုန်းများကို ဒီစုန်းက (၆)ကြိုး ၊ ဒီစုန်းကတော့ (၁၂)ကြိုး စသဖြင့် အဆင့်အတန်းခွဲခြားပြီး ပြောဆိုနေကြသည်။ ကြိုးဆိုသည်မှာ စက်ကြိုးယန္တရားကဲ့သို့ မိုးပေါ်ကို တက်နိုင်သော ကြိုးအရေအတွက် ပိုများသောစုန်းက နည်းသည့်စုန်းထက် တန်ခိုးအဆင့်အတန်းမြင့်သည်ဆိုတာ မဟုတ်ပါ။ အမှန်တော့ ကြိုးဆိုသည်မှာ အမျိုးအစား (သို့) အုပ်စုကို ပြောခြင်းဖြစ်ပါသည်။ စုန်းနှင့်ကဝေပညာ အဆင့်အတန်းသာ ကွာခြားပါသည်။ ကဝေဆိုသော စကားသည် က၀ိဆိုသော စကားမှဆင်းသက်လာ၍ စုန်းပညာကို တစ်ဖက်ကမ်းခပ် တတ်မြောက်သော ပညာရှင်ကို ခေါ်ဆိုပါသည်။ စုန်း နှင့် ကဝေတို့သည် ကြိုး (သို့) အမျိုးအစား ၊ အုပ်စုအားဖြင့် (၁၄)အုပ်စု ရှိသည်။ ကြိုးအမျိုး (၁၄)မျိုးဟူ၍ ခေါ်ဆိုနိုင်သည်။
(၁) စမျဉ်းတိုင် - စုန်းကလေး (၆)မျိုး
(၂) ရူပ၀ိပရိ - စုန်းကလေး (၆)မျိုး
(၃) ကုဋဒိပ္ပ - စုန်းကလေး (၁၂)မျိုး
(၄) စက် - စုန်းကလေး (၄)မျိုး
(၅) နာနာရုပ်စုန်း (၉)မျိုး
(၆) ကုလ၀ံသစုန်း (၇)မျိုး
(၇) ဗာလိစုန်း (၇)မျိုး
(၈) ကဝေပျံစုန်း (၇)မျိုး
(၉) တေဇစုန်း (၆)မျိုး
(၁၀) ဂန္ဓဗ္ဗစုန်း (၇)မျိုး
(၁၁) တက္ခစုန်း (၇)မျိုး
(၁၂) နာဂ၀ံသစုန်း (၆)မျိုး
(၁၃) တိရစ္ဆာန်စုန်း (၉)မျိုး
(၁၄) စဏ္ဍာလစုန်း (၆)မျိုး။
စုစုပေါင်းအားဖြင့် (၉၉)မျိုး (သို့) (၉၉)ကြိုးတို့ ဖြစ်လေသည်။ တစ်မျိုးတစ်မျိုးလျှင် ကဝေလက္ခဏာ (၉၉)ပါးစီ မြှောက်လျှင် (၉၈၀၁)မျိုး ပွားလေသည်။ မူလ အမျိုး (၁၄)မျိုးနှင့် မြှောက်လျှင် (၁၃၆၄၁၄) ပွားပြန်သည်။
(၁၂)ကြိုးတို့ မည်သည် သိပ်ထက်သည်ဟု လူတကာပြောကြသည်မှာ မှန်ပါသည်။ သာမန်လူများက ကြိုးတွေ(၁၂)ကြိုးမျှရှိလေသောကြောင့် အစွမ်းထက်သည်ဟု ယူဆကြ၏ ။ ဤသို့ကားမဟုတ်ပါ။ အထက်တွင်ပြဆိုခဲ့သော ကြိုး (ဝါ) အမျိုးအစား (၁၄)မျိုးရှိသည့်အနက် နံပါတ်(၁၂)အမျိုးအစားသည် နာဂဝံသစုန်းမျိုးဖြစ်သောကြောင့် ထက်မြက်ခြင်းဖြစ်လေသည်။ ၄င်းတို့အမျိုးတွင် မောက်လုံး၊ မောက်ပြား၊ မောက်တို၊ မောက်ရှည်တို့ ပါဝင်ကြကုန်လျက်၊ အလွန်ဒေါသကြီးပြီး သုံးကြိမ်အထိသာ အမှားခံ၍ လေးကြိမ်မြောက်တွင် အသေသတ်တတ်သောကြောင့် နာမည်ကြီးသော (၁၂)ကြိုးဖြစ်ခဲ့ဟန်ရှိသည်။ ဂဏန်းပမာဏအားဖြင့် (၁၂)ကြိုးထက်များသော (၁၃)ကြိုးဖြစ်သည့် တိရိစ္ဆာန်စုန်းများတွင်ပါဝင်သော တီစုန်း၊ မြွေစုန်း၊ ပိုးစုန်းတို့သည်ကား (၁၂)ကြိုးလောက်တန်ခိုးမရှိကြပေ။
အဆိုပါစုန်းတို့သည် ခေါင်းပိုင်းကိုဖြတ်ထားပြီးမှ ကောင်းကင်သို့တက်သွားကြသည်ဆိုသည်များမှာလည်း မဟုတ်တန်ရာ၊ ၄င်းတို့၏ခန္ဓာကိုယ်ထဲမှ အရောင်တွေ၊ ပညာစက်တွေ ထွက်ပြီး ကောင်းကင်မှာတောက်စားကြခြင်း ဖြစ်တန်ရာသည်။ တက္ခစုန်းများအဖို့မူ
မြေပြင်တွင်ပင် တောက်စားတတ်ကြလေသည်။
ဗူးသွင်းသောစုန်းဆိုသည်မှာလည်း ဝမ်းတွင်းစုန်းခေါ်သော မနုဿ ကာကနီ - ဇော်ဂနီတို့က အတတ်ပညာဖြင့် ဗိမာန်ဆောက်ပေးခြင်းတည်းဟူဟော (ဗူး)ဆိုသည့် နေစရာပညာအိမ်ကို ကမ္မဇိဋ္ဌိတန်ခိုးဖြင့် သွတ်သွင်းပေးလိုက်လျင် ထိုပညာအိမ်ဗိမာန်တည်းဟူသောဗူးတွင်းတွင် ဂန္ဓဗ္ဗမျိုးနွယ် တို့ထက်လည်း လာ၍နေလာတော့သည်။ ထိုသို့နေလာလျင် ဗူးတည်းဟူသော ပညာအိမ်ကို လွယ်ဆောင်ရသူလည်း ပညာ၏အာနုဘော်၊ နတ်၏အာနုဘော် နှစ်ပါးနှင့်ယှဉ်ခြင်းကြောင့် စွမ်းပကားကြီးမားထက်မြက်ကြလေတော့သည်။ ၄င်းသူကို ဗူးသွင်းစုန်းဟုခေါ်သည်။
စုန်း နတ်တို့ ခန္ဓာကိုယ်ကို ပူးဝင်ပုံ
ဥပမာ နို့ရည်နှင့် ရေ ရောလိုက်သလို လူခန္ဓာထဲက အာကာသဓာတ်ထဲကို သူတို့ရဲ့ ရုပ်တွေ စိမ့်ဝင်သွားပါတယ်။ နို့ထဲရေထဲလိုက်လို့ စိတ်ဝင်သွားတာဟာ အာကာသဓာတ်ဆိုတဲ့ အကြားရှိလို့ပါ။ အကြားမရှိဘဲ နို့အတွင်းကို ရေမစိမ့်ဝင် မပျံ့နှံ့နိုင်ပါ။ ရေထဲကိုလည်း နို့ မစိမ့်ဝင် မပျံ့နှံ့နိုင်ပါ။
ခုလဲဒီလိုပါပဲ။ လူရုပ်နဲ့ နတ်စုန်းတို့ရဲ့ရုပ် တစ်ခုအကြားတစ်ခု စိမ့်ဝင်ပြီး အကုန်လုံးပျံ့နှံ့နေကြတယ်။
အဲဒီနတ် အဲဒီစုန်း မထွက်မချင်း လူစိတ်က ဘ၀င်ကျနေရတယ်၊ (အိပ်ပျော်တဲ့ စိတ်ဟာလဲ ဘ၀င်စိတ်ပါပဲ။) လူစိတ်က ဘ၀င်ကနေ မထပဲဖြစ်နေတယ်ပေါ့။ တစ်ကိုယ်လုံး ရုပ်တွေလည်း နတ်၊ စုန်းတို့ရဲ့ ရုပ်တွေဟာ အဓိကလိုဖြစ်နေတော့ နတ်၊ စုန်းတို့ အလိုရှိတိုင်း လှုပ်ရှားပြောဆို တော့တာပါပဲ။
(ခ) အနောက်တိုင်းယုံကြည်မှု
မြန်မာတွင် ခွဲခြားမှုရှိသလို အနောက်တိုင်းတွင်လည်း ခွဲခြားမှု ရှိပါသည်။
အနောက်တိုင်းမှာတော့ စုန်းကဝေ အတတ်ပညာများအပြင် ဂန္ဓာရီအတတ်ပညာများလည်း
ပါဝင်ပါသည်။ အရှေ့တိုင်းရော အနာက်တိုင်းပါ သိစေချင်တဲ့ ရည်ရွယ်ချက်ကြောင့်
အခုလို ယှဉ်တွဲရေးသားရခြင်း ဖြစ်ပါသည်။
(၁) အလက်ဇန်းဒီးယန်း ယဉ်ကျေးမှု - 1960 ခုနှစ်နှောင်းပိုင်း
အင်္ဂလန်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ယဉ်ကျေးမှုတစ်ခု ဖြစ်ပေသည်။ အဲဒီယဉ်ကျေးမှုမှာ
အလက်ဇန်းဒါးဟု ခေါ်သော ကဝေတစ်ယောက်ကို ဘုရင်အဖြစ်ခန့်အပ်ခဲ့ပြီး နောက်ပိုင်းတွင်
အဲဒီအဖွဲ့အစည်းကို အလက်ဇန်းဒီးယန်းဂိုဏ်းဟု ခေါ်ဆိုကြပီး အလက်ဇန်းဒီးယန်း
ယဉ်ကျေးမှုများ ထွန်းကားခဲ့သည်။ အလက်ဇန်းဒီးယန်း စုန်းကဝေများသည်လည်း
အခြားအနောက်တိုင်း စုန်းကဝေများကဲ့သို့ ကျော်ကြားသူများလည်း ထွက်ရှိလာခဲ့သည်။ နောက်ပိုင်းအစီအရင်များနှင့်
ပုံစံများသည် ဂါးတင်းနီးယန်းယဉ်ကျေးမှုနှင့် ခပ်ဆင်ဆင်တူလာခဲ့သည်။
(၂) ဗြိတိသျှရှေးဟောင်း ယဉ်ကျေးမှု -
ရှေးဟောင်းဆဲလ်တစ်ယုံကြည်မှု နှင့် ဂါးတင်းနီးယန်းယဉ်ကျေးမှု နှစ်ခု ပေါင်းစပ်ထားသော
ယဉ်ကျေးမှုဖြစ်သည်။ အဲဒီအချိန်တုန်းကတော့ အပြည်ပြည်ဆိုင်ရာခြေပတ်နီအဖွဲ့အစည်း ဟု၍
နာမည်ကျော်ကြားခဲ့သည်။ အဲဒီယဉ်ကျေးမှုတွင် ပါဝင်ခဲ့သော စုန်းကဝေပညာရပ်များသည်
အင်္ဂလန်နိုင်ငံတွင် အကျော်ကြားဆုံးဖြစ်ခဲ့သော ဖာရာလင်မယားနှစ်ယောက်ရဲ့
ကိုယ်ပိုင်လေ့ကျင့်မှုများကို အဓိက သင်ကြားပေးခဲ့သည်။ ပြင်ပကျောင်းတွေလိုပဲ
တော်တဲ့သူများကို အဆင့်သတ်မှတ်ချက်များ သတ်မှတ်ပေးခဲ့သည်။ ဒီမှော်အဖွဲ့အစည်းကို
မှော်ပညာရေးစနစ်အစချီခဲ့သော အဖွဲ့အစည်းဟု သတ်မှတ်ပေးရလိမ့်မယ်။
(၃) ဆဲလစ် မှော်အဖွဲ့အစည်း -
ဂါးတင်းနီးယန်းယဉ်ကျေးမှု အနည်းငယ်ရောနှောနေပီး ရှေးဟောင်းစုန်းကဝေ အဖွဲ့အစည်းတစ်ခု
ဖြစ်သည်။ လောကတွင်ရှိသော သဘာဝဓာတ်ပစ္စည်းများ နှင့် သဘာဝလောကအကြောင်းကို
အဓိကလေ့လာခဲ့သော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။ ဓာတ်ကြီးငါးပါး၏သဘောကိုလည်း
ကျန်တဲ့အဖွဲ့အစည်းတွေထက် ပိုမိုနားလည်သော အဖွဲ့အစည်းဟု ပြောရင်လည်း
မှားမည်မဟုတ်ပါ။ သူတို့သည် တော်သောလူများဖြင့် ဖွဲ့စည်းထားပြီး အလွန်လည်း ဥာဏ်ကောင်းကြလေသည်။
တစ်ဦးနှင့်တစ်ဦးလည်း အပြန်အလှန်လေးစားမှုများဖြင့် ဖွဲ့စည်းထားသည်။
သဘာဝလွန်သတ္တ၀ါများ ၊ မှင်စာများ ၊ ဖယ်ရီများ ၊ ဓာတ်ကြီးငါးပါးစုန်းကဝေများ ၊
ထူးခြားသောဝိညာဉ်တော်များ ၊ အပင်များ ၊ ပန်းပွင့်များ၏ အကူအညီကို ရယူပြီး
လူအများ၏အသက်များကို စောင့်ရှောက်ပေးခဲ့သော
သဘာဝလွန် မှော်ဆေးကျောင်းတော် အဖွဲ့အစည်းဟု ပြောရင်လည်း မှားလိမ့်မယ် မဟုတ်ပါချေ။
(၄) ကယ်လီဒိုနီ
ယဉ်ကျေးမှု -
တော်တော်များများကတော့ ဟီဂိတ်တင်းယဉ်ကျေးမှုအဖွဲ့အစည်းဟု လူသိများကြလေသည်။
သူတို့ရဲ့ပညာရပ်များ၏ရင်းမြစ်သည် စကော့တလန်မှ အစချီခဲ့ပြီး စကော့တလန်လူမျိုးတော်တော်များများဖြင့်
ဖွဲ့စည်းထားလေသည်။ အခုထက်ထိ ထူးခြားသော စကော့ပွဲတော်များကို ဖန်တီးခဲ့သော
အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။
(၅) ဆဲရီမိုနီရယ်
မှော်အဖွဲ့အစည်း -
အဖွဲ့တွင်ပါဝင်သော ပုဂ္ဂိုလ်များသည် အခမ်းအနားကြီးကြီးကျယ်ကျယ်များဖြင့်
သဘာဝဓာတ်များကို ခံယူသောအဖွဲ့အစည်းလည်း ဖြစ်ပေသည်။ သူတို့သည်
ရှေးဟောင်းအီဂျစ်မှော်ပညာများကို အသုံးပြုတတ်ကြပီး တစ်ခါတစ်လေတွင်လည်း
ကာဗလာမှော်ပညာကိုလည်း အသုံးပြုကြသည်။
(၆) ဒိုင်ယာနစ် ယဉ်ကျေးမှု - 1921
တွင် ပေါ်ပေါက်ခဲ့သော မာကရက်မြူရေးသည် “
အနောက်ဥရောပမှာ မှော်ပညာအယူဝါဒများ ’’ တွင် ပထမဆုံး အသိအမှတ်ပြုထားသော
အဖွဲ့အစည်းတစ်ခုဖြစ်သည်။ တော်တော်များများရဲ့ ယဉ်ကျေးမှုများ ပညာရပ်များစွာကို
ရောနှောအသုံးပြုထားကြသည်။ သို့သော်လည်း သိပ်မကြာခင်အတောအတွင်းမှာ
နတ်ဘုရားမတစ်ပါးကို ကိုးကွယ်သည်ဟုသော ပုံစံအသစ်ဖြင့် စတင်လာခဲ့သည်။
ထိုနတ်ဘုရားမ၏ပညာရပ်များထွန်းကားမှုကို လုပ်ဆောင်ရင်းလည်း အမျိုးသမီးဝါဒ
ပညာရပ်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
(၇) အီလက်တစ် စုန်းကဝေ -
အချို့စာအုပ်များကို လေ့လာရင်းနဲ့ စကားလုံးနှစ်လုံးကို အလည်မှ (-) ကလေးတစ်ခု
ခြားထားမျိုးကို တစ်စုံတစ်ယောက်ကို သတိထားမိလိမ့်မယ် ထင်ပါတယ်။ ဒါက ထူးခြားသောယဉ်ကျေးမှုတစ်ခု
အနောက်သို့ မလိုက်လာကြရန် ညွှန်ပြနေသလိုမျိုး ဖြစ်သည်။ သူတို့ကတော့
မြောက်မြားစွာသော မှော်ပညာစနစ်များစွာကို လေ့လာဆည်းပူးခဲ့ပြီး
သူတို့ကိုယ်တိုင်သည်လည်းပဲ ကြီးကျယ်သော စုန်းကဝေထဲတွင် ပါဝင်ခဲ့ကြသည်။
(၈) ဂါးတင်းနီးယန်း ယဉ်ကျေးမှု - 1950 အင်္ဂလန်နိုင်ငံမှ
ဂါးလစ်ဂါးတင်း ဦးဆောင်ခဲ့သော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည်။ ဂါးလစ်သည်
သတင်းမီဒီယာတွေကို ရှေးဟောင်းအယူဝါဒများနှင့် ပတ်သက်ပြီး ပြောရဲဆိုရဲသော
လူနည်းစုတွင် နာမည်အကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။ ပညာရပ်များသည်လည်း
အခြားအဖွဲ့အစည်းများနှင့် မတူညီဘဲ ထူးဆန်းသောအရာများဖြင့် အဖွဲ့သားများကို
ဆွဲဆောင်ထားလေသည်။
(၉) ဟာရီဒင်ဒလီ စုန်းကဝေ - ကာဗလာမှော်သစ်ပင်၏
ဖွဲ့စည်းပုံကို အခြေခံပြီး မျိုးဆက်စဉ်ဆက် ကျင့်ကြံလာခဲ့တဲ့ မှော်မိသားစုတစ်ခု
အဖွဲ့ဖြစ်သည်။ သူတို့တွေသည် တစ်ချိန်တည်းမှာတင် လွန်ခဲ့ပီးသော ရှေးဟောင်းသမိုင်းကြောင်းတွေနဲ့
ယုံကြည်မှုများကို ပြန်ပြောနိုင်စွမ်း အားကြီးကြသည်။ အာရုံခံကောင်းသည်ဟု
ဆိုလိုခြင်း ဖြစ်ပေသည်။ သူတို့ကတော့ မိသားစုလိုက်နေထိုင်သော မှော်အဖွဲ့အစည်းတစ်ခု
သာဖြစ်ပြီး အတွေးအခေါ်နဲ့ အမြော်အမြင်လည်း ကြီးမားခဲ့သော မိသားစုတွေ ဖြစ်ကြသည်။
မှော်ပွဲတော်များကို ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက် ကျင်းပခဲ့ကြသည်။
သူတို့မိသားစုနဲ့ လက်ထပ်လိုက်သောသူသည် မှော်ပညာသည်မဟုတ်ရင် သူတို့ရဲ့ကျင့်စဉ်ကို
မဖြစ်မနေ ကျင့်ရသည် ထုံးစံလည်း ရှိသည်။
(၁၀) မီးဖိုချောင် စုန်းကဝေ -
ဒါကိုတော့ ကြားဘူးကြမှာပေါ့။ နားလည်အောင် ပြောရရင်တော့ သူတို့က အိမ်မှာနေထိုင်ရင်း
ဆေးဝါးပစ္စည်းတွေ ၊ မီးဖိုချောင်ပစ္စည်းတွေနဲ့ ဆေးရည်များကို ဖော်စပ်ကြသော ပညာရပ်ကို
အဓိကထား လေ့ကျင့်ကြသည်။ ကမ္ဘာမြေကြီး၏သဘာဝ နှင့်
ဓာတ်ကြီးငါးပါးတို့၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ရင်း ဆေးဝါးပစ္စည်းများကို
ပြုလုပ်ကြသည်။ အများအားဖြင့် မိန်းမများအဖြစ်များသည်ကို တွေ့မြင်နိုင်သည်။
သို့သော် မြန်မာနိုင်ငံတွင် ဆရာကြီးမင်းသိင်္ခသည်လည်း မီးဖိုချောင်အတတ်ပညာကို
တက်ကျွမ်းထားသဖြင့် မနောမယထမင်းဝိုင်းဟုဆိုသော ထမင်း ဟင်းများကို ချက်ပြုတ်၍
လာသမျှလူများကို ကျွေးမွေးခြင်း ဖြစ်ပေသည်။ သူတို့သည် ကျွမ်းကျင်သောမန္တန်များကို
သူတစ်ပါးများထက် ပိုမိုရွတ်ဆိုတတ်ကြသဖြင့် မီးဖိုချောင် မှော်ပညာရှင်တို့၏ အသံသည်
အာဏာစက်ပြင်းရှလှသည်။
(၁၁) ပိုင်တစ် မှော်အဖွဲ့အစည်း -
စကော့မှော်ပညာအသုံးပြုထားပြီး သဘာဝရဲ့အသံတွေ (တိရစ္ဆာန် ၊ သစ်သီးများ နှင့်
ဓာတ်များ) ပိုမိုနားလည်တတ်ကျွမ်းကြသည်။ သေးငယ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပေမယ့်
အစွမ်းထက်သော မှော်ဆရာများစွာလည်း ရှိကြသည်။
(၁၂) ဖောင်ဝါ မှော်စနစ် - ပန်ဆိုက်ဘေးနီးယား
တောင်ပိုင်း နှင့် အလယ်ပိုင်းမှာ ထွန်းကားခဲ့သော မှော်စနစ်တစ်ခုဖြစ်သည်။ အဲဒါသည်
ယဉ်ကျေးမှုတစ်ခုမဟုတ်ဘဲ စနစ်တစ်ခုသာဖြစ်ပြီး နှစ်ပေါင်း(၄၀၀)ရှိပီဖြစ်တဲ့
အီလိုက်ဂျာမန်မှော်ပညာကို အခြေခံထားသည်။ ရိုးရှင်းသော ဆေးကုသမှုတစ်ခုကို
ပြောင်မြောက်စွာ ပိုင်ဆိုင်ထားကြသည်။ ဆေးပညာတစ်ခုသာ တက်ကျွမ်းသည်ဟုဆိုသော်လည်း
သူတို့၏ပုံစံများတွင် ဂျာမန်မှော်ပညာ အရင်းအမြစ်များစွာကို တွေ့နိုင်သည်။
(၁၃) စေတန် စုန်းကဝေ - တစ်ယောက်မှတော့
မဖြစ်ခဲ့ဘူးပါဘူး။ ဘာလို့လဲဆိုတော့ စေတန်ပညာရပ်မှာ တစ်ယောက်မှ
မနေထိုင်သောကြောင့်ပင်တည်း။
(၁၄) ဆက်ဝီကာ အသင်း -
ရေမွန်ဘတ်လန်းက 1973 မှ တည်ထောင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒီထဲမှာတော့
ရေမွန်ကိုယ်တိုင်သည် ဂါးတင်းနီးယန်းအဖွဲ့အစည်းဝင် ဖြစ်သော်လည်း အဓိက
ဂါးတင်းနီးယန်းယဉ်ကျေးမှုကို မတွေ့မြင်ရဘဲ ရေမွန်ရဲ့ကိုယ်ပိုင်တွေ့ရှိချက်များကိုပဲ
ပညာရပ်များကို ဖွဲ့စည်းထားပါသည်။
(၁၅) တစ်ကိုယ်တော်စုန်းကဝေ - ရိုးရာယဉ်ကျေးမှု၊
ဂိုဏ်းစတာတွေနဲ့ပတ်သတ်မှုမရှိဘဲ မိမိအလိုရှိရာကိုသာ
စိတ်လွတ်ကိုယ်လွတ် မှော်အတတ်ပညာကို လေ့လာနေတဲ့ အထီးကျန်စုန်းကဝေ (မှော်ပညာလိုက်စားသူ)
ပဲဖြစ်ပါတယ်။ တစ်ကိုယ်တော်စုန်းကဝေများဟာ တစ်ဦးနဲ့တစ်ဦး မတူညီသော
ပုံစံအမျိုးမျိုးရှိကြပါတယ်။ တစ်ချို့တွေကတော့ ပထမဆုံးတစ်ကြိမ်
မှော်အဖွဲ့အစည်းတစ်ခုနဲ့ ဆက်သွယ်လေ့လာခဲ့ပြီး အဖွဲ့မှာ
သူတစ်ဦးတည်းထွန်းပေါက်အောင်မြင်ခဲ့ကာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အခြားပညာရပ်တွေကို
တစ်ကိုယ်တော်ဆက်လက်လေ့လာကြပါတယ်။ တစ်ကိုယ်တော်စုန်းကဝေများဟာ
အခြားမှော်အတတ်ပညာရှင်များနဲ့အတူ မှော်ပညာကိုအတူတကွလေ့လာလိုစိတ်မရှိဘဲ
တစ်ကိုယ်တော်လေ့လာနေကြသူများဖြစ်ပြိး ပတ်ဝန်းကျင်အယူဝါဒများနဲ့
ကိုယ်ပိုင်လေ့လာမှုများက သူတို့ကို ပညာသင်ကြားပေးသွားကြပါတယ်။
(၁၆) စထရီဂါစုန်းကဝေများ -
အီတလီရိုးရာပညာရပ်များမှဆင်းသက်လာပြီးတော့ ခရစ်နှစ်၁၃၅၃ခုနှစ်ခန့်က အေရာဒီယာလို့ခေါ်တဲ့
အမျိုးသမီးတစ်ယောက်ဆီကနေ စထရီဂါစုန်းကဝေ အယူစတင်လာခဲ့ပါတယ်။
ရိုးရာစုန်းကဝေအုပ်စုများအားလုံးမှာ စထရီဂါစုန်းကဝေအုပ်စုကတော့
အမေရိကစုန်းကဝေလောကမှာအနည်းပါးဆုံးဖြစ်ပေမယ့် သူတို့ပညာရပ်တွေကလည်း အစွမ်းထက်ကာ
အံ့သြစွဲလမ်းဖွယ်ကောင်းတာကြောင့် သူတို့ကိုလည်း စာရင်းထဲမှာချန်ခဲ့လို့မရပါဘူး။
(၁၇) ကျူတိုးနစ်စုန်းကဝေများ - ရှေးကာလများစွာကတည်းက
ကျူတိုးနစ်စုန်းကဝေတို့ရဲ့ပညာရပ် (ကျူတန်ပညာ)ဟာဂျာမန်လူမျိုးတွေရဲ့
ပါးစပ်ဖျားမှာရေပန်းစားလာခဲ့ပြီးဖြစ်ကာ ခေတ်ရေစီးကြောင်းအရ အင်္ဂလိပ်၊ ဒပ်ခ်ျ၊
အိုက်စလန်၊ ဒန်းနစ်၊ နော်ဝင်ဂန်နဲ့ ဆွိဒင်လူမျိုးတွေကြားထဲထိပါ
ရောက်ရှိလာခဲ့ပါတယ်။ ဒီပညာရပ်ကို နောဒစ်ရိုးရာပညာလို့လည်း လူသိများကြပါတယ်။
(၁၈) ဝီကန်စုန်းကဝေ - ကျွန်တော့်အတွက်ဆိုရင်တော့
ဝီကန်စုန်းကဝေ (Wiccan Witch)ဟာ ထူးခြားဆန်းပြားဖွယ်ရာ၊ ကုသပြေပျောက်စေခြင်းဆိုင်ရာ၊
စွမ်းအင်ဆိုင်ရာ၊ အခြားအရာများထက် တမူထူးခြားဆန်းကြယ်နေသောအရာ၊
သဟမျှတခြင်းဆိုင်ရာနှင့် သမိုင်းကြောင်းဆိုင်ရာတို့ကို ကိုယ်စားပြုပြီးတော့
အသိပညာကြွယ်ဝခြင်း၊ လျှို့ဝှက်ခြင်း၊
ကမ္ဘာမြေကို ကိုယ်စားပြုခြင်းစတဲ့ ပိုင်ဆိုင်မှုများစွာနဲ့လည်း ကြွယ်ဝလို့နေပါတယ်။
လက်ရှိခေတ်မှာတော့ ဝီကန်စုန်းကဝေနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုပြောကြားကြရာမှာ
တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေလည်း မတူညီကြပါဘူး။
မိုးကြယ်စင်
Credit : mm-search.blogspot
No comments:
Post a Comment