♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 26, 2014

"နာစရုဒင် ပုံပြင်(၁) "

နာစရုဒင်ဟာ တရားဓမ္မကို ရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် သူဟာ သူ့မြည်းကိုစီးပြီး တရုတ်၊ အိန္ဒိယ၊ မွန်ဂိုစတဲ့နေရာတွေကိုသွားပြီး ဆရာသခင်တွေဆီက မေးမြန်းလေ့လာတယ်။ ဒါပေမယ့် သူဘာမှ အထူးအထွေ မတွေ့ရှိခဲ့ဘူး။

နီပေါဘက်ဆီက ဆရာသခင်တစ်ပါးအကြောင်း သတင်းစကားတွေကြားရတော့ နာစရုဒင်ဟာ အဲ့ဒီဆရာသခင်ထံသွားဖို့ အားထုတ်တယ်။ ဆရာသခင်နဲ့တွေ့ဖို့ တောင်ပေါ်တက်နေတုန်းမှာပဲ နာစရုဒင်ရဲ့ မြည်းဟာ ပင်ပန်းမောလျစွာနဲ့ သေဆုံးသွားတော့တယ်။ ဒါနဲ့ နာစရုဒင်လည်း သူ့မြည်းကို မြုပ်ပြီး ၀မ်းနည်းစွာနဲ့ စိတ်ပျက်လက်ပျက်ထိုင်နေတာပေါ့။
အဲ့ဒီတုန်း ဖြတ်သွားဖြတ်လာတစ်ယောက်က နာစရုဒင်ကို ကြည့်ပြီးဆိုတယ်။
‘ခင်ဗျားဟာ သူတော်စင်သူတော်မြတ်ကို ရှာဖို့ထွက်လာတဲ့သူမဟုတ်လား။ ဒါဖြင့်ရင် ဒါဟာ သူ့အုတ်ဂူပဲဖြစ်ရမယ်။ ခင်ဗျားဟာ သူ့ကိုလွမ်းဆွတ်တသပြီး ၀မ်းနည်းနေတာမလား’ တဲ့။
‘မဟုတ်ပါဘူး။ ဒါ အမောဖောက်ပြီးသေသွားတဲ့ ငါ့မြည်းကို မြုပ်ထားတာပါ’ လို့ နာစရုဒင်ကပြန်ပြောတော့ အဲ့ဒီလူက
‘မယုံပေါင်ဗျာ။မြည်းတစ်ကောင်သေတာများ ဘယ်သူက ဒီလောက်ဝမ်းနည်းနေမှာတုန်း။ ဒါ အံ့ဘနန်းတွေဖြစ်လာမယ့် နေရာပဲဖြစ်ရမယ်။ ခင်ဗျားက တစ်ယောက်ထဲ ၀ှက်ထားချင်တာကိုး။’ လို့ငြင်းတယ်။
နာစရုဒင်လည်း သူ့မြည်းသေမြုပ်ထားတာဖြစ်ကြောင်း ထပ်ခါထပ်ခါ ရှင်းပြပေမယ့် အဲ့ဒီလူက မယုံဘူး။ သူတော်စင်ကို မြုပ်ထားတဲ့ နေရာမြတ်ပဲထင်နေတယ်။

အဲ့ဒီလူဟာ အနီးအနားက ရွာတွေဆီသွားပြီး ကြီးမြတ်တဲ့ဆရာသခင်ရဲ့
သင်္ချိုင်းတော်အကြောင်း သတင်းလွင့်တော့တယ်။ သိပ်မကြာခင်မှာပဲ အဲ့ဒီနေရာကို ဘုရားဖူးသူတွေ၊ ပူဇော်ပသသူတွေရောက်လာတော့တာပေါ့။ တဖြည်းဖြည်းနဲ့ ၀မ်းနည်းပူဆွေးနေတဲ့ ၀စီပိတ်ပညာရှိသူတော်စင်ကို ရှာဖွေတွေ့ရှိတဲ့ သတင်းဟာ တစ်နယ်လုံးပြန့်သွားတယ်။ ပူဇော်ပသသူတွေ အုပ်လိုက်အုပ်လိုက်ရောက်လာကြတယ်။ သူဌေးတစ်ယောက်ကဆိုရင်  နာစရုဒင် သူ့ရဲ့ ဆရာသခင်ကို မြုပ်နှံထားတဲ့နေရာမှာ အထိမ်းအမှတ်ကျောင်းတော် ဆောက်လုပ်ဖို့ ခွင့်ပန်လာတယ်။

အရာတိုင်းကိုကြည့်ရင်း စိတ်ပျက်နေတဲ့ နာစရုဒင်က ဖြစ်ချင်တာဖြစ်၊ လုပ်ချင်တာသာလုပ်ကြပေတော့ဆိုပြီး ပစ်ထားလိုက်တော့တယ်။ ဒါပေမယ့် သူ လောကဓမ္မတစ်ခုကိုတော့ ရှာဖွေသိရှိသွားပါတော့တယ်။
အဲ့ဒါကတော့ လူတစ်ယောက်ဟာ အလိမ်အညာတစ်ခုကို ယုံမိပြီဆိုရင်ဖြင့် သူ့ယုံကြည်ချက်ကို ဘယ်လိုမှ ဖျောင်းဖြလို့ မရတော့ဘူးဆိုတာပါပဲ။
Credit: thecanopuz.

No comments:

Subscribe

လာလည်သူများ

free counters