♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 27, 2014

" အချစ်ရေ ငါလေ မင်းကို ဆားလေး တစ် pinch လိုတန်ဘိုးထားတယ် "

 
အချစ်ရေ ငါလေ မင်းကို
ဆားလေး တစ် pinch လိုတန်ဘိုးထားတယ်
ဆားတစက် မပါရင် အရသာရှိပါ့မလား
အချစ်ရေ ငါလေ မင်းကို
သကြားလေး တစ်ဇွန်းလို တန်ဘိုးထားတယ်
သကြားမပါတဲ့ အရည်က ချို့ပါ့မလား
အချစ်ရေ ငါလေ မင်းကို
ရေလေး တစ်ဗူးလို တန်ဘိုးထားတယ်
ရေငတ်ရင် ရေဗူးပါမှဖြစ်မယ်လေ
အချစ်ရေ ငါလေ မင်းကို
အနွေးထည်လေး တစ်ထည်လို တန်ဘိုးထားတယ်
သိပ်ချမ်းရင် အနွေးထည်မရှိလို့မဖြစ်ဘူး
အချစ်ရေ ငါလေ မင်းကို
ထီးလေး တစ်လက်လို တန်ဘိုးထားတယ်
နေပူ မိုးရွာရင် ထီးရှိမှ ဖြစ်မယ်လေ
အချစ်ရေ ငါလေ မင်းကို
မျက်မှန်လေး တစ်လက်လို တန်ဘိုးထားတယ်
မျက်စိမွှဲတော့ မျက်မှန်ရှိမှဖြစ်မယ်လေ
အချစ်ရေ ငါလေ မင်းကို
သွားအတုလေးလို တန်ဘိုးထားတယ်
သွားမရှိတော့ သွားအတုက အရေးကြီးတယ်လေ
အချစ်ရေ ငါလေ မင်းကို 
ခြုံစောင်လေးလို တန်ဘိုးထားတယ်
ညကျရင် စောင်ခြုံမှ နွေးထွေးမယ်လေ
အချစ်ရေ ငါလေ မင်းကို
ခြင်ထောင်လေးလို တန်ဘိုးထားတယ်
ခြင်ထောင်ရှိမှ ခြင်ကိုက်သက်သာတယ်လေ
အချစ်ရေ ငါလေ မင်းကို
 ဘောလ်ပင်လေးလို တန်ဘိုးထားတယ်
ဘောလ်ပင်ရှိမှ ရင်ထဲက စကားတွေကို ထုတ်ရေးနိုင်မယ်လေ
အချစ်ရေ ငါလေ မင်းကို
အသက်ဝိညာဉ်လို တန်ဘိုထားတယ်
အသက်ရှိမှ ရှင်သန်နိုင်မယ်လေ
အချစ်ရေ ငါလေ မင်းကို 
အချစ်မေတ္တာလို တန်ဘိုးထားတယ်
အချစ်ရှိမှ မင်းရှိနိုင်မှာလေ

((ရောသမ ပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters