♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 25, 2014

'ရွှေမန်းသူ'' ၀င်တိုက်၍ လှမ်းလျှောက်နေသူ ၁ ဦး သေဆုံး

''ရွှေမန်းသူ'' ၀င်တိုက်၍ လှမ်းလျှောက်နေသူ ၁ ဦး သေဆုံး

အမြန်လမ်းဘေးတွင် လမ်းလျှောက် နေသူအား အရှိန်မထိန်း နိုင်သော ခရီးသည်တင်ယာဉ်မှ ဝင်ရောက်တိုက်မိ၍ သေဆုံး

နေပြည်တော်၊ နိုဝင်ဘာ ၂၄

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ဝဝ၃ဝ အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၅/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်နေ မြင့်သိန်း(၄၇)နှစ်မောင်းနှင်လာသော 9E/**** ''ရွှေမန်းသူ''ခရီးသည်တင်မှန်လုံယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေး ကွန်ကရစ်လမ်းအစပ်၌ လမ်းလျှောက်နေသည့် ရမည်းသင်းမြို့နယ်၊ ရှမ်းဘုရားရွာနေ ဇော်မြင့်(၂၃)နှစ်အား နောက်မှ ဝင်ရောက် တိုက်မိခဲ့ကြောင်း သိရှိရသည်။


ထိုသို့တိုက်မိမှုကြောင့် ဇော်မြင့်မှာ လမ်းဘေးမြေသားလမ်းပေါ်သို့ လဲကျကာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ နားသွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ယာဘက်ရှေ့မီးကွဲ၊ ရှေ့ဘန်ဘာကျိုး၍ တန်ဘိုးငွေကျပ်သိန်း(၂ဝ)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် မြင့်သိန်းအား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃၆/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
ရွှေမန်းသူယာဉ်လိုင်းအခုဖြစ်ရအတွက်ကြောင့် ကျွန်တော်မောင်စိုး အရမ်းစိတ်မကောင်းဖြစ်မိပါတယ် ကျွန်တော်မောင်စိုးကတော့ express ကားကြီးတွေကိုချစ်မြတ်နိုးသူတစ်ယောက်ပါ အမြန်လမ်းသစ်ပေါ်မှာဖြတ်သန်းသွားလာနေနော် ကားကြီးကားလေး အန္တရာယ်ကင်းပါစေလို့ ကျွန်တော်မောင်စိုး အမြဲဆုတောင်းပေးပါတယ်
mgsoemin1995@gmail.com

No comments:

Subscribe

လာလည်သူများ

free counters