♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 25, 2014

"ဂျိုင်းသားဖွေးဖွေးလေး ဖြစ်စေချင် "


 
 
 
 
 
 
 
 ယေဘုံယျအားဖြင့် ဂျိုင်းချွေးထွက်ခြင်းက ဂျိုင်းမည်းခြင်းနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။ သို သော့် ဂျိုင်းချွေးနံ့ မနံအောင် ဂျိုင်း ကို ရေမွှေးဆွတ်ကြ၊ လှချင်၍ ဂျိုင်းဖြူစေတဲ့လိမ်းဆေးတောင့်တွေသုံးကြတာကြောင့် ဓာတ်မတည့်ဘဲ ကြာလာတဲ့အခါ ဂျိုင်းမည်း လာစေပါတယ်။ အများရှေ့ လက်မမြှောက်ရဲတာကြောင့် အင်္ကျီလက်ပြတ်လှလှတွေမြင်တိုင်း မ၀တ်ဆင်နိုင်လို့ သွားရည်ကျ/ လက်မှိုင်မချကြပါနဲ့ ။ ဟောဒီမှာ နည်းလမ်းကောင်းလေးတွေရှိပါတယ်။
(၁) အာလူး၊ သခွားသီး၊ သံပုရာသီး တို့ မှာပါရှိတဲ့ စွမ်းအင်များက အရေပြားပေါ်ရှိဆဲလ်အသေတွေဖယ်ရှားပြီး၊ အမဲရောင်ကိုဖျော့ သွားစေတာကြောင့် ဂျိုင်းသာညိုခြင်းအတွက် သဘာဝချွတ်ဆေးအဖြစ် အသုံးတည့်လှပါတယ်။

(က) အာလူးကို ပါးပါးလှီးပြီးတော့ ဂျိုင်းကိုပွတ်ပေးပါ(သို့ မဟုတ်)အာလူးကိုကျိတ်ချေပြီးရလာတဲ့ သတ္တုရည်ဖြင့်လိမ်း ပါ။ ၁၀-မိနစ်ကြာတဲ့အခါ ရေဆေးပေးရုံပါဘဲ။ (ခ) သခွားသီးပါးပါးလှီးပွတ်ပါ(သို့ မဟုတ်)သခွားရည်လူးပါ(သို့ မဟုတ်) သခွားရည်ထဲကို သံပုရာရည်နဲ့ နနွင်းမှုန့် အနည်းငယ်စီရော၍ ရလာတဲ့အနှစ်ဖြင့် ဂျိုင်းကိုလိမ်းပေးပါ။ နာရီဝက်လောက် လိမ်းထားပြီးတဲ့အခါ၊ ရေအေးနဲ့ သန့် စင်လိုက်ပါ။ (ဂ) သံပုရာသီးကိုထက်ခြမ်းခြမ်းပြီးတော့ ဂျိုင်းကိုပွတ်ပေးပါ(သို့ မ ဟုတ်)သံပုရာရည်ထဲကို နနွင်းမှုန့် ၊ ဒိန်ချဉ်၊ ပျားရည်အနည်းငယ်ရောထဲ့ပြီးနောက် ရလာတဲ့အနှစ်ဖြင့် ဂျိုင်းကိုလိမ်းပေး ပါ။ ၁၀-မိန်ခန့် အကြာ ရေအေးဖြင့်ဆေးကြောလိုက်ပါ။

(၂) သကြား၊ ဆော်ဒါမှုန့် ၊ လိမ္မော်ခွံ၊ ကျောက်ချဉ်တို့ ကလည်းအရေပြားဆဲလ်အသေတွေကိုဖယ်ရှားပစ်ကာ၊ အရေပြားအမဲ တွေကို အချပ်လိုက်အလွှာလိုက်ကွာကျသွားစေပါတယ်။

(က) သကြားညို (ဟင်းစားဇွန်း ၃ ဇွန်း) ကို သံလွင်ဆီ(လ္ဘက်ရည်ဇွန်း ၃ ဇွန်း)ရောပါ။ ဂျိုင်းကိုရေဆွတ်၍ အဲဒီအရော အနှောတွေ အသားထဲစိမ့်ဝင်အောင်ပွတ်ပြီးလိမ်းပြီးနောက် ၂-မိနစ်ခန့် အကြာရေချိုးပါ။ (ခ) မုန့်လုပ်ဆော်ဒါကို ရေနဲ့  ခပ်ပျစ်ပျစ်ဖျော်ပြီး လိမ်းပေးနိုင်ပါတယ်။ (ဂ) လိမ္မော်ခွံနဲ့  ဂျိုင်းကိုနာနာပွတ်ပေးပါ(သို့ မဟုတ်)လိမ္မော်ခွံကို အခြောက် လှန်း အမှုန့့်ကြိတ်ပြီး နှင်းဆီရည်၊ နွားနို့ အနည်းငယ်စီရောစပ်ကာ ရလာတဲ့အနှစ်ဖြင့် ဂျိုင်းကိုလိမ်းပေးပါ။ ၁၅-မိနစ် လောက်ထားပြီး ရေအေးဖြင့်သန့် စင်ပေးလိုက်ပါ။ (rose water (ခေါ်) နှင်းဆီရည်ကို အလှကုန်ပစ္စည်းဆိုင်များ မှာဝယ် ယူနိုင်ပါတယ်) (ဃ) ကျောက်ချဉ်နဲ့  ဂျိုင်းကိုခပ်သာသာပွတ်ပေးပါ။ (ကျောက်ချဉ်ကို ပရဆေးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင် ပါတယ်)

(၃) အုန်းဆီ၊ ရှာလကာရည်၊ နွားနို့ စတဲ့ အရည်တွေက ဂျိုင်းသားကို ဖြူဖွေးနူးညံ့စေပါတယ်။

(က) ရေမချိုးခင် ၁၅-မိနစ်ခန့် အလိုကတည်းက သဘာဝအုန်းဆီစစ်စစ်နဲ့  ဂျိုင်းကို လူး၍အသာအယာနှိပ်နယ်ပါ။ ပြီးရင်

ဆပ်ပြာပျော့ပျော့သုံး၍ ရေနွေးလေးဖြင့် ပြန်လည်ဆေးကြောပါ။ (ခ) ဂျိုင်းမဲပြီး ဂျိုင်းချွေးထွက်လွန်းကာ ဂျိုင်းရနံ့ လည်း ဆိုးသူများအတွက် ရှာလကာရည်နဲ့  ဆန် မှုန့် ပျစ်ပျစ်ရောပြီး လိမ်းပေးပါ။ ၁၅-မိနစ်ခန့် အကြာ ရေနွေးဖြင့် ဆေးကြော သန့် စင်ပါ။ (ဂ) နွားနို့ စစ်စစ်က အရေပြားဂျိုင်းမဲခြင်းကို သက်သာစေလို့  နွားနို့ လိမ်းပါ(သို့ မဟုတ်)နွားနို့ (လ္ဘက်ရည် ဇွန်း ၂-ဇွန်း)၊ ဒိန်ခဲ(လ္ဘက်ရည်ဇွန်း ၁-ဇွန်း)၊ ဂျုံမှုန့် (လ္ဘက်ရည်ဇွန်း ၁-ဇွန်း)တို့ ကို ရော၍ ရလာသောအနှစ်ဖြင့်လိမ်းပါ။ ၁၅-မိနစ်ခန့် အကြာရေအေးဖြင့်သန့် စင်ဆေးကြောပါ။

(၄) ဂျိုင်းဖြူလာအောင် မိမိအိမ်မှာပင် အလွယ်တကူပေါင်းတင်လို့ ရပါတယ်။

(က) နံ့ သာဖြူက အသားအရေကို ဖြူစေပြီး၊ နှင်းဆီရည်က အသားအရေကိုအေးမြစေလို့  နှင်းဆီရည်ဖြင့် နံ့ သာဖြူတုံး ကိုသွေး၍သော်လည်းကောင်း၊ နံ့ သာဖြူမှုန့် ကို နှင်းဆီရည်နဲ့ ခပ်ပျစ်ပျစ်ဖျော်၍သော်လည်း လိမ်းပေးပြီး၊ ၁၀-မိနစ်ခန့်  အကြာ ရေအေးဖြင့်သန့် စင်လိုက်ပါ။ အဲဒီလို နေ့ စဉ်လုပ်ပေးခြင်းဖြင့် ရက်သတ္တအနည်းငယ်အတွင်း သိသိသာသာ ဂျိုင်းဖြူလာရုံသာမက၊ ဂျိုင်းရနံ့ ဆိုးခြင်းကိုလည်းပြေပျောက်သွားစေပါတယ်။ (rose water (ခေါ်) နှင်းဆီရည်ကို အလှ ကုန်ပစ္စည်းဆိုင်များမှာဝယ်ယူနိုင်ပါတယ်) (ခ) ဒိန်ချဉ်၊ သံပုရာရည် နဲ့  နနွင်းမှုန့် ရောထားတဲ့ ပျစ်ခဲခဲအနှစ်ကို ဂျိုင်းပေါ် လိမ်းပေးပြီး နာရီဝက်ခန့် အကြာ ရေနွေးဖြင့်သန့် စင်ပါ။ နေ့ စဉ် အဲဒီလိုပေါင်းတင်ပေးခြင်းဖြင့် ရက်သတ္တတ် ၂-ပတ် လောက်ကြာတဲ့အခါ သိသိသာသာ ဂျိုင်းဖြူသွားပါပြီ။

(၅) မရိတ်ဘဲ နှုတ်ပါ။

ဂျိုင်းမွှေးရိတ်ခြင်းက အမွှေးအမျှင်တွေကိုပိုသန်လာစေကာ ဂျိုင်းပါမဲသွားစေပါတယ်။ အမွှေးကျွတ်ကရင်မ်များကလည်း ထိုနည်း၎င်းပါဘဲ။ အချို့ က အလွယ်တကူ ဆေးလိပ်ပြာကိုသုံး၍ ဂျိုင်းမွှေးကိုလက်နဲ့ ဆွဲနှုတ်ကြပြန်ပါတယ်။ ဒီနည်းက ဂျိုင်းမည်းစေရုံသာမက၊ အခမသင့်ရင်အနာပေါက်ခြင်း/အမြစ်အိတ်မှာ အသီးတွေဖြစ်ပြီးအရုပ်ဆိုးစေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ဂျိုင်းမွှေးမရိတ်ဘဲ အမြစ်ကနေ တစ်ပင်ချင်းစီကို ဇာဂနာနဲ့ နှုတ်ပါ။ (သို့ မဟုတ်) wax (ခေါ်) အမွှေးတွေကို အမြစ်ကနေ ဖယ်ရှားပေးတဲ့ ဖယောင်းပျော့ကိုသုံးပါ။ (ဂျိုင်းမွှေးနှုတ် wax ကို အလှကုန်ဆိုင်တွေမှာ ၀ယ်ယူနိုင်ပါတယ်)

(၆) ဂျိုင်းချွေးနံ့ ပျောက်ဆေးတောင့် သုံးပါ။

အလှကုန် ဈေးကွက်ထဲမှာ တံဆိပ်စုံ၊ အမျိုးအစားစုံ ဂျိုင်းချွေးနံ့ ပျောက်ဆေးတောင့်တွေ တပုံကြီးပါ။ အများအားဖြင့် အနံ့ ကိုသာ အဓိကစိတ်ကြိုက်ရွေးဝယ်လေ့ရှိကြရာ၊ အနံ့ ထက် အဲဒီဂျိုင်းချွေးနံ့ ပျောက်ဆေးတောင့်ကိုပြုလုပ်ဖော်စပ် ထားတဲ့ ပစ္စည်းကပိုအရေးကြီးပါတယ်။ ဖြစ်နိုင်ရင် ကျောက်ချဉ်နဲ့ လုပ်ထားတဲ့ ချွေးနံ့ ပျောက်ဆေးတောင့်ကိုရွေးချယ်ပါ။ သူက ချွေးနံ့ ပျောက်စေရုံသာမက၊ ဂျိုင်းသာဖြူစေပြီး၊ ဆေးတောင့်သုံးခြင်းအတွက် ဓာတ်မတဲ့မှာ၊ ရင်သားကင်ဆာ ဖြစ်စေမှာတွေကို မပူရတော့ဘူးပေါ့။ (ချွေးနံ့ ပျောက်အမွှေးတောင့်တွေသုံးတဲ့အခါ၊ ဂျိုင်းနေရာတည့်တည့်ကိုသာ သုတ် လိမ်းပေးပါ။ ဂျိုင်းအောက်ဘက် ရင်သားနဲ့ နီးတဲ့နေရာတွေကို မလိမ်းပါနဲ့ )

(၇) လျှပ်စစ်နဲ့ ဂျိုင်းမွှေးနှုတ်ခြင်း မပြုရ။

Spa အလှပြင်ဆိုင်တွေမှာ electrolysis(ခေါ်)ဂျိုင်းမွှေးအမြစ်အိတ်များကိုပါမကျန် လျှပ်စစ်နဲ့ ဖျက်ဆီးနည်းကို အသုံးပြု

နေကြပါတယ်။ အဲဒီနည်းက ဂျိုင်းသားဆဲလ်များကိုပါစေသေပြီး၊ နောက်ဆုံးမှာ ဂျိုင်းမဲ လာစေလို့  ပြုလုပ်ရန် (လုံးဝ)
မသင့်တော်ပါဘူး။

(၈) အရေပြားဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

အထက်ပါ အိမ်တွင်းကုထုံးနည်းတွေ သုံးကြည့်တာတောင် ဂျိုင်းအရောင်က မည်းမြဲတိုင်းသာဆက်မည်းနေပါလျှင်(သို့  မဟုတ်) အခြေအနေပိုဆိုးရွားလာပါလျှင် အရေပြားဂလင်းတွေပျက်စီးသွားပြီဖြစ်လို့  အရေပြားဆရာဝန်ဖြင့် ဆွေးနွေး တိုင်ပင်ပါ။ ထိုပြသနာက အ၀လွန်ရောဂါ၊ ဆီးချိုရောဂါ၊ ဟိုမုန်းပြသနာများ၊ ဟိုက်ပိုသိုင်းရွိုက် နဲ့  pituitary(ခေါ်) ဦး နှောက်အောက်ခြေရှိ ပြွန်မဲ့အကြိတ်အဖုရောဂါတို့ နဲ့ ဆက်စပ်မှုရှိတာကြောင့် မပေါ့ဆသင့်ပါဘူး။
(ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား။ Beauty Mantra@Dark Underarms)
themeltingpot4u
Health/Beauty   

No comments:

Subscribe

လာလည်သူများ

free counters