♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 24, 2014

" မိန်းမချောချောလှလှပိုးပန်းလိုလျှင် လိုက်နာရမည့်အချက် (၁၀)ချက်"





( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

( ၂ ) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။

( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထား ပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။

( ၄ ) အခါအားလျော်စွာ သင်တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုကို ရယူပါ။


( ၅ ) သူနှင့် သွားနေစဉ် (သို့ ) တွေ့ နေစဉ် အခြားမည်သည့် မိန်းမကိုမှ မည်မျှပင်ချောနေ လှနေသည် ဖြစ်စေ လုံးဝစိတ်ဝင်စားမှု မပြပါနှင့်။

( ၆ ) သင့်ကိုယ်သင် ငွေကြေးချမ်းသာပြည့်စုံမှုထက် ရိုးသားကြိုးစားပြီး ထက်မြတ်သူဖြစ်ကြောင်း သူလက်ခံလာအောင် ပြပေးပါ။

( ၇ ) သင်မဟုတ်တာ (သို့ ) မလုပ်သင့်တာ တစ်ခုကို သူသိထားလျှင် ဇွတ်အတင်း ညာပြီး ငြင်းမနေပါနှင့်။ မိမိအမှားကို ယောက်ျားပီပီ လက်ခံ ပြီးနောက်မဖြစ်စေရဘူးဟု သူယုံကြည်လာအောင် ပြောဆိုဖြောင်းဖြပြီး ကတိပေးပါ။

( ၈ ) ငါကယောက်ျား နင်ကမိန်းမ ငါပြောသမျှ နင်နားထောင်ရမယ် ၊ လုပ်ရ မယ် ဆိုတဲ့ အယူအဆကို လုံးဝစွန့် လွှတ်ပြီး နှစ်ဦးနှစ်ဘက် တရားမျှမျှတတ ဖြစ်အောင် အမြဲ သတိပြုပြောဆိုသွားလာလုပ်ဆောင်းပါ။

( ၉ ) သူနှင့် သွားတွေ့ လျှင် တကိုယ်ရေသန့် ရှင်းအောင် လုပ်ပြီး သပ်သပ်ရပ် ရပ် ၀တ်စားဆင်ယင် ပြီးမှ သွားတွေ့ ပါ။

( ၁၀ ) သင်နှင့်သူ လာတွေ့ စဉ် (သို့ ) သင့်အား သူ့ ဓာတ်ပုံပို့ လိုက်လျှင် ဖြစ်စေ သူပြင်ဆင်မထားလျှင် ကြည့်မကောင်း ဖြစ်နေလျှင်သော၎င်း ၊ပြင်ဆင်ထားသော် လည်း တစ်ခုခု လိုအပ်နေရင်ကြည့်မကောင်းဖြစ်နေ လျှင်သော်၎င်း ကဲ့ရဲ့ ဝေဖန်ခြင်းမပြုပါနှင့်။ အမြဲလှတယ်၊တအားချစ်စရာ ကောင်းတယ်လို့ သာပြောပေးပါ။

Credit to Original Uploader
Credit to Shwe Chit Thu.com
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

No comments:

Subscribe

လာလည်သူများ

free counters