♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 15, 2015

" ဝါတား ဗျူးတီး ...ဝူးတီးဗျားတား......ရေသောက်လို့ အသားအရေကို လှပအောင်လုပ်ကြမယ်"


 
လူ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပါဝင်မှုနှုန်းဟာ ခန္ဓာကိုယ်အချိုးအစားအပေါ်မူတည်ပြီး ၅၅-၅၇ ရာခိုင်နှုန်းအထိရှိပါတယ်။ ကိုယ်ထဲမှာ ရေဓာတ်ပါဝင်မှုနှုန်းက ၃ပုံ ၂ပုံ ရှိပါတယ်။ ကြွက်သားထဲမှာ ရေဓာတ်ပါဝင်မှုနှုန်း ၇၅ ရာခိုင်နှုန်း၊ ဦးနှောက်ထဲမှာ ရေဓာတ်ပါဝင်မှုနှုန်းက ၉၀ ရာခိုင်နှုန်း၊ အရိုးထဲမှာ ရေဓာတ်ပါဝင်မှုနှုန်းက ၂၂ ရာခိုင်နှုန်း၊ သွေးထဲမှာ ရေဓာတ်ပါဝင်မှုနှုန်းက ၈၃ ရာခိုင်နှုန်းရှိပါတယ်။ ရေဓာတ်ရဲ့လုပ်ဆောင်မှုတွေက ခန္ဓာကိုယ်အတွက် ခေါင်းအစ ခြေအဆုံးအကျိုးပြုပါတယ်။ ရေဓာတ်ခြောက်ခမ်းတဲ့အခါ ခန္ဓာကိုယ်ဟာ
ပင်ပန်းမောဟိုက်လာတယ်၊ ကြွက်သားတွေ နာကျင်လာတယ်၊ ဝမ်းချုပ်လာတယ်၊  ကျောက်မှာ ရောဂါတွေ ဖြစ်လာတယ်၊ အသားရေခြောက်သွေ့ လာတယ်စတဲ့ကျန်းမာရေးဘယတွေဖြစ်လာပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်အတွက် ရေဓာတ်ဟာ တကယ့်ကိုဗွီအိုင်ပီပါပဲ၊ ခန္ဓာကိုယ်အတွက်သာမက အလှအပအတွက်လည်း အကျိုးများစေတဲ့ ဒီရေကြောင်းကို ဖော်ပြချင်ပါတယ်။
သန့်စင်ခြင်း
ရေနွေးဟာ မျက်နှာကို သန့်စင်အောင် ဆေးကြောတဲ့နေရာမှာ အကောင်းဆုံးပါပဲ။ရေအေးဟာ မျက်နှာကို သန့်စင်အောင်ဆေးဖို့ သိပ်ပြီးတော့ စံမဝင်ပါဘူး၊ မျက်နှာအသားအရေထဲမှာရှိတဲ့ တချို့အစိတ်အပိုင်းတွေကို ပျက်စီးစေလို့ ဖြစ်ပါတယ်။ မျက်နှာရောင်ရမ်းနေတဲ့အခါမျိုးမှာ နောက်ဆုံးဆေးကြောသန့်စင်တဲ့အချိန်မှာ ရေအေးနဲ့သစ်ပေးခြင်းဟာ ကောင်းမွန်ပါတယ်။ ရေချိုးတဲ့နေရာမှာ ရေအေးနဲ့ချိုးပေးခြင်းဟာ ကိုယ်တွင်းသွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပါတယ်။ ရေအေးနဲ့ ခေါင်းလျှော်ပေးခြင်းဟာ ဦးရေပြားအတွက်ကောင်းမွန်စေပါတယ်။ ရေနဲ့အလွန်အမင်းထိတွေ့ခြင်းဟာ အရေပြားကို အစိုဓာတ်ခြောက်ခမ်းစေပါတယ်။


ကေသာအတွက်ရေ
ဆံပင်ပညာရှင်တွေရဲ့နှစ်ပေါင်းများစွာလေ့လာဆန်းစစ်ချက်အရ ခေါင်းကို ရေအေးနဲ့လျှော်ပေးခြင်းဟာ ဆံပင်ကို ပိုပြီးရွှန်းစိုတောက်ပြောင်စေပါတယ်။ ရွှန်းစိုစေရုံမျှမက ချောမွေ့စေပါတယ်။


အလှအပအတွက် ရေ
ရေဟာ အသားရေကို အစိုဓာတ်ပြည့်လွှမ်းနေစေပါတယ်။ အသားရောင်ကိုမှိုင်း ခြောက် ခြောက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အလှကုန်တွေ ထုတ်လုပ်တဲ့အခါမှာရေဟာ အသုံးအများဆုံး ပါဝင်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ရေဟာ အစိုဓာတ်ကိုဖြစ်စေပေမယ့် ရေဟာ အရေပြားကိုဖောက်ထွင်းပြီးမဝင်နိုင်ပါဘူး၊ အသေားရေဟာ တုတ်မပြီး၊ ဓားမပြီးပေမယ့် ရေတော့ပြီးပါတယ်။ ရေဟာအသားအရေကို ဖောက်ထွင်းမဝင်ရောက်နိုင်လိုအဆီထဲကိုလည်း ဖောက်ထွင်းမဝင်ရောက်နိုင်ပါဘူး၊ ဒါကြောင့်လည်းဆီဟာ ဆီ ရေဟာ ရေသက်သက်ကွဲနေရတာ ဖြစ်ပါတယ်။ အရေပြားအလှကုန်ထဲမှာ ပါဝင်တဲ့ရေဟာ ပိုးမွှားတွေကို ဆွဲဆောင်နိုင်ပါတယ်။ မိတ်ကပ်မလိမ်းခင် မျက်နှာကို ရေအေးနဲ့ ဖြန်းပက်သစ်ပေးခြင်းဟာ ချွေးပေါက်တွေကိုကျုံ့စေပြီး မိတ်ကပ်လိမ်းတဲ့အခါမှာ ချောမွေ့စေပါတယ်။


ကျန်းမာရေးအတွက် ရေ
ရေဟာ ကိုယ်တွင်းသွားလာပို့ဆောင်ရေးယာဉ်တစ်ခုလို အာဟာဓာတ်ပစ္စည်းတွေနဲ့အောက်စီဂျင် တွေကို ကိုယ်ခန္ဓာအနှံ့ဆဲလ်တွေဆီရောက်ရှိအောင် ပို့ဆောင်ပေးတဲ့အလုပ်လုပ်ပါတယ်။ ရေဟာ ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ကာကွယ်ရေးတပ်သား တစ်ယောက်အဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။ရေဟာ ကိုယ်တွင်းကမ္မဇီဝစနစ်ကောင်းမွန်ဖို့နဲ့ သွေးလည်ပတ်မှုကိုပါ တိုးတတ်ကောင်းမွန်စေပါတယ်။ ရေဟာ ခန္ဓာကိုယ်တွင်းရှိ PH Level ကိုထိန်းညှိပေးပါတယ်။


ရေကုထုံး
တစ်နေ့ကို ရေ ၅-၆ ခွက် (1.5 Litre) သောက်ပေးခြင်းဟာ ဒေါက်တာတွေ မျက်နှာ မော်ကြည့်စရာမလိုလောက်အောင် ကျန်းမာရေးကောင်းမွန်နေစေပါတယ်။ တချို့က တစ်နေ့ကိုခြောက်ခွက်သောက်ပေးရမယ်လို့ ဆိုပါတယ်။ ဘာရောဂါတွေကို ပျောက်ကင်းစေလဲ ဆိုတော့….ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ ကိုယ်တွင်းအက်ဆစ်ဓာတ်များခြင်း၊ သွေးအားနည်းခြင်း၊ အဝလွန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်လုံးရောဂါများ၊ ပန်းနာ၊ သွေးကင်ဆာ၊ စမ္မတာမမှန်ခြင်း၊ ရင်သားကင်ဆာ၊ ချောင်းဆိုးခြင်း၊ ဆီးချို၊ ကျောက်တည်ခြင်းစတာ တွေအပြင်တခြားရောဂါတွေကိုပါတစ်ခါတည်း လုံးဝမလာတော့အောင် ပျောက်ကင်းစေကြောင်း တွေ့ရှိထားရပါတယ်။


ဒီလို သောက်ပေးမယ်ဆိုရင်ကိုယ်သောက်မယ့်ရေဟာ မပူလွန်း၊ မအေးလွန်းဖြစ်ရပါမည်။ ရေမသောက်ခင်နဲ့သောက်ပြီး တစ်နာရီအတွင်း မာကျေတဲ့အစားအစာမျိုး၊ အချိုရည်တစ်ခုခုမျိုး မသောက်သုံးသင့်ပါဘူး၊ အစပထမမှာ ဒီ 1.5 Litre သောက်သုံးဖို့မလွယ်ကူပေမယ့် တဖြည်းဖြည်း အကျင့်ရသွားပါလိမ့်မယ်၊ ကိုယ်နိုင်သလောက်သောက်ပြီး ခဏနေထပ်သောက်ကြည့်ပါ။

Ref : 8 days
Credit : papawaddy.com

No comments:

Subscribe

လာလည်သူများ

free counters