♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 16, 2015

"အသက်ရှည်စွာနေထိုင်ခြင်း နည်း ( ၉ )သွယ်"

 
ဒါကတော့ သင်လိုက်နာဆောင်ရွက်ရမယ့် အသက်ရှည်စွာနေထိုင်ခြင်းကို အထောက်အကူပြုစေတဲ့ နည်းလမ်း ၉ သွယ်ပါ (ဒီအကြုံပြုချက်အားလုံးဟာ သုတေသန လေ့လာတွေ့ရှိချက် ရလာဒ်တွေကို အခြေခံထားပါတယ်)

နည်းလမ်း ၁ ---ကောင်းကောင်းစားပါ။                                                 
 ဘာဂါနဲ့ အကြော်အလှော်တွေ မစားပါနဲ့။ အသီး၊ အရွက်၊ ငါး၊ အချိုဓါတ် (သကြား) နည်းတဲ့ အစားအစာတွေကို အဓိက စားတဲ့သူတွေဟာ အသက်ရှည်ကြပါတယ်။


နည်းလမ်း ၂ ---လေ့ကျင့်ခန်းလုပ်ပါ။                        
 အပြင်ကိုထွက်ပြီး လမ်းလျှောက်ပါ။ ရူပခန္ဓာကို တက်တက်ကြွကြွ လှုပ်ရှားနေထိုင်ခြင်းက လူသားတွေကို အသက်ရှည်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ တက်ကြွစွာ သွားလာလှုပ်ရှားနေထိုင်ခြင်းက နှလုံးရောဂါ ကို သုတ်သင် ရှင်းလင်းပေးပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အချိန်က သင့်အသက်ကို ၂ နာရီ် ရှည်စေတယ်ဟု သုတေသနပြုလုပ်မှုက အကြံပြုပြောထားပါတယ်။

နည်းလမ်း ၃ ---ကြိုးကြိုးစားစားအလုပ် လုပ်ပါ။ 
                                                                                                                    
 ကြိုးကြိုးစားစားအလုပ် လုပ်ပါ။ အားအင်သုံးပြီး လုပ်ရတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ လူသားတွေဟာ အသက်ရှည်ပါတယ်လို့ အသက်ရာကျော် ရှည်တဲ့သူတွေကို လေ့လာနေတဲ့ သြစတြေးလျ တိုက်သားလေ့လာမှု တစ်ခုအရ ဆိုထားပါတယ်။

နည်းလမ်း ၄ ---တစ်ယောက်တည်းမနေပါနဲ့။
တစ်ယောက်တည်းမနေပါနဲ့။ အပေါင်းအသင်းအများအပြား ရှိတဲ့သူဟာ အသက်ကြီးတဲ့အထိ ပျော်ပျော်ရွင်ရွင် ပါတီ ဆင်နွဲနိုင်ပါတယ်။

နည်းလမ်း ၅ ---စိတ်ကိုငြိမ်ငြိမ်ထားပါ။                                                                                                    
စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းရှာပါ။

နည်းလမ်း ၆ ---ကော့တေး တစ်ခွက် သောက်ပါ။         
တစ်နေ့တစ်ခွက် ပုံမှန်မှီဝဲပါ။ မယုတ်မလွန်သောက်သူဟာ အရက်အများကြီး သောက်သူနဲ့ အရက်မသောက်သူတွေထက် အသက် ၂ နှစ် ပိုရှည်ပါတယ်ဟု အီတာလီလျံ သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

နည်းလမ်း ၇ - ရယ်ရယ်မောမောနေပါ။
ရယ်ရယ်မောမောနေထိုင်ပါ။ ဟာသဥာဏ်(ရယ်မောစွာနေထိုင်မှု)ဟာ အသက်ရှည်စွာနေထိုင်မှုအတွက် အရှိမဖြစ် အရေးကြီးတဲ့ အရာဖြစ်တယ်ဟု သုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုတွေကိုလျော့ချပေးပြီး ဇီဝခန္ဓာရောဂါကာကွယ်ရေး စနစ်ကိုမြှင့်တင်ပေးပါတယ်။

နည်းလမ်း ၈ --အမေနဲ့ နီးနီးကပ်ကပ်နေပါ။                                                
အမေနှင့်နီးနီးကပ်ကပ် မနေတဲ့ ၉၁ ရာနှုန်းသော လူသားတွေဟာ အသက်တစ်ပိုင်းမှာ ကြီးစွာသော ရောဂါဖြစ်ပွားတယ်လို့ ဟားဗတ်တက္ကသိုလ် လေ့လာမှုတစ်ခုမှတွေ့ ရှိခဲ့ပါတယ်။

နည်းလမ်း ၉ --ခွင့်လွတ်တတ်ရန် ကြိုးစာသင်ယူပါ။
ဒီကျင့်ကြံမှုကို လိုက်နာကျင်ကြံသူဟာ နှလုံးရောဂါ၊၊ ကင်ဆာရောဂါနဲ့ လေဖြတ်ရောဂါ မခံစားရနိုင်ဘူးလို့ သိရပါတယ်။
 


Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 


Credit : http://www.shwechitthu.com/2015/05/blog-post_58.html

No comments:

Subscribe

လာလည်သူများ

free counters