♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 10, 2015

"ကိုကိုတို့ မမတို့ရေ....အသုံးဝင်တဲ့ နည်းလမ်းလေးတွေကို ကြည့်ကြပါဦး "

 
အလိုတော်!! ..ဘယ့်နှင့်အေ......တံမြက်စည်းဖြစ်ကရောလား??
 
(၁) ဖန်ခွက်ထဲသို့ ရေနွေးပူထည့်လိုလျှင်- ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲသို့ ထည့်ပြီးမှ ရေနွေးကို ဖြေးညင်းစွာ လောင်းချပါ။ ဇွန်းသည် အပူဓာတ်ကိုစုပ်ယူ၍ ဖန်ခွက်မကွဲပါ။
(၂) ဘောပင်မင်မလိုက်လျှင်- ဘောပင်ထိပ်ကို အရက်ပျံဆွတ်ပေးပါ။
(၃) ဟင်းအိုးဆားငန်လျှင်-မီးခဲရဲရဲကို ဟင်းအိုးထဲ ရေဆေးထည့်ပါ။ (၅)မိနစ်ခန့် ထားပြီးမှ ပြန်ဆယ်ပါ။
(၄) ဘုရားပန်းများ ကြာရှည်ခံရန်-ကန့်မှုန့် တစ်မတ်သားကြိတ်ထည့်ပါ (သို့) သကြား(၅)ပွင့်မှ (၁၀)ပွင့်ခန့် ထည့်ပါ။
(၅) ခြေဖနောင့် အက်ကွဲသော်- စနိုး၊ ဆန်ဆေးရည် ရောစပ်၍ လိမ်းပေးပါ။
(၆) မျက်နှာအဆီပြန်လျှင်- မျက်နှာသစ်တိုင်း ရှောက်ရည်အနည်းငယ် ထည့်ပါ။
(၇) သံစူး၊ပုလင်းကွဲရှသော်- မရွေးကြီးရွက်ထောင်းသိပ်ပါ။
(၈) ဖားဥစွဲသော် - ဖြူစင်သော အ၀တ်များ ရေဆွတ်၊ ဖားဥစွဲသော အ၀တ်ပေါ် မီးပူတိုက်ပါ။
(၉) ကြွက်မလာစေရန် - ရှိန်းခိုကို ရေဖျော်ပြီး သွေးလိမ်းပါ။
(၁၀) ညှင်းပျောက်လိုသော် - ကန့်နှင့် သံပရာသီး သွေးလိမ်းပါ။
(၁၁) တင်းတိပ်ပျောက်လိုသော် - အုန်းမုန့်ခွက် သွေးလိမ်းပါ။
(၁၂) ရှောက်သီးများ မပုတ်စေရန် - ထင်းရှူးသေတ္တာတွင် လွှစာမှုန့်ဖြူးပြီး ထည့်ထားပါ။
(၁၃) ကွမ်းတံတွေးစွန်းလျှင် - ခရမ်းချဉ်သီးမှည့်နှင့် ပွတ်တိုက်လိုက်ပါ။
(၁၄) လက်ဆူးစူးလျှင် - ပုလင်းထဲ ရေနွေးပူးထည့် ဆူးစူးသော နေရာကို ပုလင်းဝဖြင့် ဖိနှိပ်ထားပါ။ ဆူးထွက်လာမည်။
(၁၅) ရွှေ။ငွေ၊လက်ဝတ်ရတနာ အရောင်တင်ရန် - ဇ၀က်သာဇွန်း(၁)ဇွန်းကို ရေအေးဖြင့် ဖျော်၍ ဆေးကြောပါ။
(၁၆) ငါးသလောက်အမြန်ပေါင်းနည်း - ကြွေပန်းကန်လက်မလောက်ထည့်ပါ (သို့) ကြွေဇွန်းတစ်ချောင်းထည့်ချက်ပါ။ ဟင်းအိုးဆူရုံနှင့် အသားနုပါသည်။
(၁၇) ကြွက်နို့သတ်လိုသော်
- ကြွက်နို့ကို ရေနူးအောင်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ချီထားပါ။ ဆေးဒန်းအား ရေဖျော်၍ အမွှေးရှိသော နေရာကို ဖြန်းပေးပါ။
(၁၈) ဇစ်များပျက်လျှင် - ပြန်ကွာသွားသော ဇစ်ခေါင်းကို ပလာယာဖြင့် ဖိတိုက်ပေးပါ။
(၁၉) ဖန်ခွက်များ ထပ်ကြပ်နေလျှင် - ကြပ်နေသော ဖန်ခွက်များကို (၁)လက်မ၊ (၂)လက်မ ထုထည်ရှိ ရေနွေးပူတွင် မှောက်ချထားပါ။
(၂၀) မှန်အရောင်တင်လိုလျှင် - အ၀တ်သန့်သန့် အရက်ပြန်ဆွတ်၍ ပွတ်တိုက်ပါ။
(၂၁) သံပုရာသီးအရည်ပိုထွက်စေရန် - မညှစ်မီ မီးကင်ပါ။
(၂၂) တစ်ခါသုံးဘောပင်ဖြင့် မီးထွန်းရန် - ဖင်မှခေါင်းအထိ အပေါက်ဖောက် မီးဇာထည့်၍ ဓာတ်ဆီစိမ်း ထွန်းပါ။
(၂၃) ငွေထည်များ အရောင်တင်လိုသော် - အာလူးပြုတ်ရည် စိမ်ထားပါ။
(၂၄) ဆံပင်မကျွတ်စေရန် - မုံညှင်းခဲကို ပျားရည်ဖြင့် သွေးလိမ်းပါ။
(၂၅) ဆံပင်ကျဲ ဆံပင်ကျွတ်သော် - သံပုရာသီးအစေ့ကို သွေးလိမ်းပါ။
(၂၆) ကြက်ဥတာရှည်ခံရန် - ဆိုဒီယမ်ဆီလီဂိတ်(၁)ဆ ရေ(၉)ဆ ရောပြီးလျှင် ခွက်တွင် ကြက်ဥမြှုပ်သည်အထိ ထည့်၍ ရေပေါ် မပေါ်စေရန် ဖိထားပါ။
(၂၇) ဖန်ထည်အရောင်မှိန်လျှင် - ဆားရည်ပူပူနှင့် ဆေးကြောပါ။
(၂၈) နှင်းခူ အစို၊အခြောက် ဖြစ်သော် - ဆေးရွက်ကြီးကို ပြာချ၍ ရေနံကြီးဖြင့် လိမ်းပေးပါ။
(၂၉) ကြက်သားကို အရိုးပျောက်ချက်နည်း - ထန်းရည်တစ်ပုလင်းကို (၃)ရက်နေပူခံ၊ အ၀တ်ဖြင့် စစ်ပြီး ကြက်သားကို နယ်ပြီးချက်ပါ။
(၃၀) သန်းသေ၊ဘောက်ပျောက်လိုသော် - မိုးရေ၊ ဆိုဒါ ၊ သံပုရာရည်ကို သုံးမျိုးပေါင်းပြီး ခေါင်းလျှော်ပါ။
(၃၁) ကြမ်းပိုးမလာစေရန် - ကြောင်ပန်းရွက်အရည်နှင့် ရေနံဆီအနည်းငယ် ရောစပ်ပြီး ဖြန်းပေးပါ။
(၃၂) ပိုးဟပ်၊ပုရွက်ဆိတ်မလာစေရန် - နနွင်း(၄)အောင်စ၊ ပရုပ်မှုန့်၊ လေးညှင်းပွင့် အနည်းငယ်ရောစပ်ပြီး သုံးပါ။
(၃၃) မီးကင်ကြည့်မှမြင်ရသော စာရေးနည်း - ဆပ်ပြာ၊ ကြက်သွန်နီ ရောကြိတ်၊ ရေနဲ့ဖျော်
အပေါ်ရေကြည်ကို ယူပြီး စက္ကူပေါ်တွင် လိုရာစာကြောင်းများရေးပါ။ ၎င်းစာကို သူ့အတိုင်းကြည့်၍ မမြင်ရပါ။ မီးကင်ကြည့်မှ စာလုံးများကို မြင်ရပါသည်။
(၃၄) ရေနွေးပူ/ဆီပူလောင်ခဲ့သော် - ကွမ်းရွက်ကို သကြားနဲ့ရောကြိတ်ပြီး အုံပေးပါ။
(၃၅) သံချေးစွန်းသော်
- လက်ဖက်ရည်ပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသော အ၀တ်ကို (၅)နာရီခန့်
စိမ်ထားပါ၊ ပြီးလျှင် ဆပ်ပြာနှင့် လျှော်ဖွတ်ပါ။
(၃၆) ၀က်ခြံပျောက်လိုသော် - ကြက်ဟင်းခါးအစေ့ကို ဆားအနည်းငယ်ရောပြီး ကြိတ်ပါ။ အရက်အနည်းငယ်ဖြင့် ရောစပ်လိမ်းပေးပါ။
(၃၇) နွားနို့မချဉ်အောင် - နွားနို့ထဲသို့ငရုတ်သီးစိမ်း(၁၀)တောင့်ခန့်အား အညှာဖြုတ်၍ ထည့်ထားပါ။
(၃၈) အ၀တ်များ ဖြူစင်လာရန် - သံပရာရည် ၄-၅ စက်ခန့် ထည့်လျှော်ပါ။
(၃၉) ရေဒီယို၊တီဗွီ၊ကက်ဆက်၊ဗွီဒီယိုနှင့်ကော်မှတ်ပြားများ အရောင်တင်နည်း -
 သွားတိုက်ဆေးနှင့် အုန်းဆီအနည်းယ်ရော၍ဂွမ်းစနုနုဖြင့် ပွတ်တိုက်ပါက အသစ်ကဲ့သို့ တောက်ပြောင်လာမည်။
(၄၀) စိုထိုင်းနေသောထင်း၊မီးသွေးများကို လွယ်ကူစွာ မီးမွှေးလိုလျှင် - အားလူးခွံခြောက်(သို့) လိမ္မော်ခွံခြောက်များ ထည့်၍ မီးမွှေးပါ။
 
 
 ဓါတ်ပုံ။ ရောသမ  (ဂူးဂဲလ်မှ)

No comments:

Subscribe

လာလည်သူများ

free counters