♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 10, 2015

"တစ်ပတ်ကို ငှက်ပျောသီး အလုံး (၁၈၀)၊ အာလူး (၈)ကီလို၊ ဆန် (၁၄) ကီလို အထိ စားနိုင်တဲ့ အသက် (၉) နှစ်အရွယ် ကောင်မလေး"

                           အငတ်မလေးရယ်..ညည်းက အကုန်ချတာကိုး....အသက်ကြီးလာရင် ဒုက္ခ
 
အိန်္ဒိယ နိုင်ငံမှာ နေထိုင်တဲ့ အသက်ကိုးနှစ်အရွယ် ကောင်မလေးတစ်ဦးဟာ အရွယ်နဲ့ မလိုက်အောင် အစားကို အလွန်အကျွံ စားသုံးတာမို့ အံအားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အရပ်သုံးပေ ငါးလက်မရှိပြီး ကိုယ်အလေးချိန်က ပုံမှန်ရှိသင့်တာထက် ငါးဆနီးပါး ပိုမိုများပြားနေပါတယ်။ ဆူမန်အမည်ရ ကောင်မလေးရဲ့ ကိုယ်အလေးချိန်က
(၂၀၃) ပေါင် အထိရှိပြီး ကမ္ဘာ့ အ၀ဆုံး ကလေးငယ်ထဲမှာ တစ်ဦးအပါအ၀င်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဆူမန်ရဲ့ကိုယ်အလေးချိန်ဟာ နာမည်ကြီး အင်္ဂလန်ရပ်ဘီ ကစားသမားဟောင်း ဂျွန်နီဝီလ်ကင်ဆန်ရဲ့ ကိုယ်အလေးချိန်နဲ့ အတူတူ ဖြစ်နေပါတယ်။


 ဆူမန်ရဲ့ အစာစားမှုကလည်း အံ့အားသင့်စရာဖြစ်ပါတယ်။ တစ်ပတ်ကို ငှက်ပျောသီး အလုံး (၁၈၀)၊ အာလူး ရှစ်ကီလို၊  ဆန် (၁၄)   ကီလို အထိစားနိုင်တယ်လို့ သိရပါတယ်။ ဒါအပြင် တီဗွီကြည့်ချိန်မှာလည်း အချိုမုန့်တွေကို  နှစ်ခြိုက်စွာ စားသုံးလေ့ရှိပါတယ်။အရွယ်နဲ့မလိုက်အောင်  အ၀လွန် နေတာမို့ သက်တူရွယ်တူ သူငယ်ချင်းတွေကြားထဲမှာ ပုံစံတစ်မျိုးဖြစ်နေတဲ့ ဆူမန်ကသမီးရဲ့ သူငယ်ချင်းတွေအားလုံး ပိန်ကြပါတယ်။ သမီးက အရမ်းဝနေ လို့ ထိုင်ထပြုလုပ်ရာမှာ အခက်တွေ့နေရသလို သူငယ်ချင်းတွေနဲ့လည်း ကောင်းစွာမဆော့နိုင်ပါဘူး။ နောက်ပြီး အိပ်စက်ရာမှာလည်း ပြဿနာတွေရှိနေ ပါတယ် လို့ ဆိုခဲ့ပါတယ်။ ဆူမန်ရဲ့ မိဘတွေက အ၀လွန်မှုကို တားဆီးဖို့ နည်းလမ်းရှာနေပြီး အခြားရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။ ဆူမန်ရဲ့ မိခင်ဖြစ်သူက ကျွန်မသမီးအနာဂတ်ကို အရမ်းစိုးရိမ်ပါတယ်။ အခြားကလေးတွေက သာမန်ပဲဖြစ်ပြီး ဆူမန်က ဘာကြောင့် အစားတွေ ပိုစားနေရတယ်ဆို တာမသိပါဘူး။ အရမ်းကို နာကျင်စွာခံစားရပါတယ်။ ဒီအတိုင်းဆက်ဖြစ်နေရင် ဆီးချို၊ နှလုံးစတဲ့ရောဂါတွေ ရနိုင်တယ် လို့ ပြောကြားခဲ့ပါတယ်။



 





 

 more photos added by yawyaw thama



Credit:  ဖိုးသူတော် http://www.phothutaw.com/2014/08/blog-post_608.html?m=0
Credit: The Messenger

No comments:

Subscribe

လာလည်သူများ

free counters