♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 13, 2015

"ကမ္ဘာတစ်လွှားမှ စိတ်ဝင်စားစရာအကောင်းဆုံး လမ်းမကြီးများ "

 
ခရီးဝေးသွားရတာ နှစ်သက်ပါသလား? ကမ္ဘာာပေါ်မှာ ကားမောင်းပြီး သွားရတဲ့ ပျော်စရာကောင်းတဲ့ ခရီးစဉ်တွေ အများကြီးထဲကမှ ရွေးချယ်စရာတွေ အရမ်းများနေတာလား? ဒီမှာ အလှပဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး လမ်းမကြီး တွေကို ရွေးချယ်ပေးထားပါတယ်။


ကနေဒါမှ အလစက္ကာထိ ဖောက်လုပ်ထားသော Alcan လမ်းမကြီး

အညိုရောင်ကျောက်တောင်တန်းကြီးများ၊ ရေခဲတုံးကြီးများ၊ သက်တန့်လိုတောက်ပနေတဲ့ ရေအိုင်များနှင့် တောရိုင်းတိရိစ္ဆာန်များဟာ Alcan လမ်းမကြီးကို ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံး လမ်းမကြီးအဖြစ် ဖန်တီးပေးထားတာဖြစ်ပါတယ်။
သြစတြေးလျမှ Great Ocean လမ်းမကြီး

ဝိတိုရိယမှာရှိတဲ့ သြစတြေးလျရဲ့ Great Ocean လမ်းမကြီးတစ်လျှောက်ဟာ ကမ္ဘာလှည့်ခရီးသည်တွေကို စိတ်ဝင်စားစရာ ဆွဲဆောင်နေတာဖြစ်ပါတယ်။ ရေလွှာလျှောစီးခြင်း၊ ရေတံခွန်များ နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုတွေဟာ ပင်လယ်ကမ်းနားတစ်လျှောက်က မြို့တွေရဲ့ လတ်ဆတ်ရှင်းသန့်တဲ့ ကမ်းခြေသဘာဝတွေကို ပံ့ပို့ပေးထားတာပဲဖြစ်ပါတယ်။

တရုတ်ပြည်မှ Tianmen Mountain လမ်းမကြီး

Tianmen Mountain လမ်းမကြီးဟာ ကောင်းကင်ဘုံကို တက်လှမ်းရမယ့် လှေကားထစ်တွေလို နဂါးတစ်ကောင်ရဲ့အမြီးတွေအတိုင်း ခမ်းနားထယ်ဝါစွာ ဖောက်လုပ်ထားတာဖြစ်ပါတယ်။ အကွေ့အကောက်ပေါင်း ၉၉ ခုကျော်နှင့်အတူ အမျိုးသားဥယာဉ်အတွင်းက ထုံးကျောက်တောင်တွေရဲ့ အချွန်အတက် အငူကျောက်ဆောင်တွေကလည်း ထူးခြားလှပတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အီတလီမှ Stelvio Pass လမ်းမကြီး


အီတလီနိုင်ငံ Ortler Alps မှ Stelvio Pass လမ်းမကြီးဟာ ပင်လယ်ရေမျက်နှာပြင်မှ ၉၀၄၅ ပေအမြင်းမှာ ရှိပြီး ဥရောပရဲ့အမြင့်ဆုံး တောင်ပေါ်လမ်းမကြီးဖြစ်ပါတယ်။ ရင်သပ်ရှုမောဖွယ်ရာများကို ရှာဖွေနေကြတဲ့ ခရီးသွားတွေအတွက် အသင့်တော်ဆုံးခရီးစဉ်ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှ Iroha-Zaka လမ်းမကြီး

http://nippon-kichi.jp/kichiCnt/img/77/77_01_t.jpg
Iroha-zaka လမ်းမကြီးဟာ Tochigi ဒေသမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ တည်ရှိနေတဲ့ လမ်းမကြီးဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ လမ်းဆုံလမ်းခွပေါင်း ၄၈ခုရှိပြီး ဂျပန်စာလုံးအက္ခရာ ၄၈ လုံးထဲက တစ်လုံးချင်းဆီနဲ့ တူတယ်လို့ဆိုပါတယ်။ အာရုံကိုဆွဲဆောင်နိုင်တဲ့ ရာသီအလိုက်ပြောင်းလဲနေတဲ့ တောင်တန်းတွေရဲ့အရောင်အဆင်းနဲ့အတူ ၂၃၀ မိနစ်ခန့် ကားမောင်းပြီး သွားရောက်နိုင်တဲ့ရေအိုင်ကြောင့် ထင်ရှားကျော်ကြားလှပါတယ်။

Credit : https://www.facebook.com/searchmyanmar?fref=nf

                         ...........................                                               

ရောရောသမမှ ထပ်မံဖြည့်စွက်ထားသော လမ်းများမှာ.......

1. Stilwell Road  စတီးဝဲလ် ရုဒ် (အာသံ မြန်မာလမ်းမကြီး...လီဒိုလမ်း)





 2. ဂုတ်တွင်း လမ်း 

 လှိုင်းတွန့် တောင်တန်း များနှင့် ကောင်းကင် တံတား


3. Fairy Meadows Road in Pakistan
 (ဖယ်ရီ မဲဒိုးစ် လမ်း ပါကစ္စတာန်) 


4.Guoliang Tunnel Road in China

 (ဂေါင်လျံ ဂူလမ်း တရုတ်ပြည်)

7/ Guoliang Tunnel Road in China


5. Los Caracoles Pass in Chile and Argentina (လော့စ် ကာရာကိုလဲစ်  ချီလီ - အာဂျင်တီးနား)


6. Atlas mountain pass Moroco

အဲ့တလာစ် တောင်ဖြတ်လမ်း မော်ရိုကိုနိုင်ငံ

7. Col de Turini in France

 (ကိုလ် ဒီ တူရီနီလမ်း ပြင်သစ်)

  

8. James Dalton Highway in the U.S.
 (ဂျိမ်းစ် ဒဲလ်တန် အဝေးပြေးလမ်းမ အမေရိက)




9. Death Road, Bolivia (သေမင်းတမန်လမ်း ဘိုလီဗီးယား)

 




4. Guoliang Tunnel Road in China
ဂေါင်လျဲန် ဂူတွင်း လမ်း တရုတ်ပြည်..

6. Atlas mountain pass Moroco 
အဲ့တလာစ် တောင်ဖြတ်လမ်း မော်ရိုကိုနိုင်ငံ

7. Col de Turini in France    ကိုလ် ဒီ တူရီနီလမ်း ပြင်သစ်


အားလုံးကို ကျေးဇူးတင်ပါတယ်......
(ရောရောသမမွှေ)

No comments:

Subscribe

လာလည်သူများ

free counters