♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 10, 2015

"ဓာတ်လိုက်ပါက ဆောင်ရွက်ရန် နည်းလမ်းများနှင့် သိကောင်းစရာများ" ....ဖွဟဲ့ လွဲကြပါစေ..

 
ဓာတ်လိုက်ခြင်းကြောင့် လူ့ကိုယ်ခန္ဓာမှာ ဒဏ်ရာပြင်းထန်စွာ ရတတ်ပါတယ်။ ဓာတ်လိုက်ခြင်းမှာ ဓာတ်အား စီးဆင်းနေတဲ့ အကာမပါတဲ့ ဓာတ်ကြိုးကို ကိုင်မိတာ၊ ဓာတ်အားရှိနေတဲ့ သံကြိုးနဲ့ ထိမိတာ၊ မိုးကြိုးပစ်တာ စသဖြင့် အခြေအနေ အရပ်ရပ်ကြောင့် ဖြစ်ပွားနိုင်ပါတယ်။
ဓာတ်အားအနည်းအများ၊ လူကိုယ်ခန္ဓာက ဖြတ်ပြီး မြေကြီးထဲသို့ ဓာတ်အား ဖြတ်သန်း သွားခြင်း စတာတွေပေါ်
မူတည်ပြီး ဓာတ်လိုက်ခြင်းကြောင့် ထိတ်လန့်ခြင်း အနည်းအများ ကနေ စတင်၍ သေစေလောက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ဓာတ်လိုက်ခြင်းကြောင့် ဒဏ်ရာဖြစ်ပေါ်စေနိုင်တဲ့ ပမာဏများကတော့ အောက်ပါ အတိုင်း လေ့လာတွေ့ရှိရပါတယ်။
(က) အိမ်နဲ့ အလုပ်မှာ အသုံးပြုတဲ့ အိမ်တွင်းပစ္စည်းများ (ဗို့ - ၄၅၀ အေစီအထိ)
(ခ) စက်ရုံများမှာ ဓာတ်အားနဲ့ အသုံးပြုနေတဲ့ စက်ပစ္စည်းများ (ဗို့ - ၁၁၀၀ အေစီအထိ)
(ဂ) ဓာတ်လိုက်နေတဲ့ ဓာတ်ကူးပစ္စည်း၊ ရထားသံလမ်း စသဖြင့် (ဗို့ - ၁၁၀၀ အေစီအထိ)
(ဃ) ဓာတ်တိုင်က ဓာတ်ကြိုးနဲ့ တွေ့ထိခြင်းကြောင့် (ဗို့ - ၁၀၀ ၀၀၀ ဒီစီအထိ)
(င) မရေမတွက်နိုင်တဲ့ ဓာတ်အားရှိတဲ့ မိုးကြိုးပစ်ခြင်းကြောင့်လည်းကောင်း (ဥပမာ - သစ်ပင်အောက်မှာ မတ်တပ်ရပ်နေစဉ် သို့မဟုတ် သံထည်ပစ္စည်းတစ်ခုကို ကိုင်တွယ်နေခြင်း)
(Alternate Current) ခေါ် အေစီအမျိုးအစား ဓာတ်အားက (Direct Current) ခေါ် ဒီစီအမျိုးအစားထက် ပိုပြီး အန္တရာယ်များပါတယ်။ အကြောင်းကတော့ အေစီဓာတ်အားက ကိုယ်ခန္ဓာ တစ်ခုလုံးကို အပြင်းအထန် အကြောဆွဲစေပြီး ဓာတ်လိုက်နေတဲ့ အရာဝတ္ထုကို မလွှတ်နိုင်တဲ့ အခြေအနေမျိုးဖြစ်စေနိုင်တာကြောင့်ပါပဲ။
စွတ်စိုခြင်းက ဓာတ်လိုက်ခြင်းကို အားပေးပြီး ဓာတ်အားအလွန်နည်းတဲ့ ပမာဏဖြစ်စေကာမူ စွတ်စိုတဲ့ လက်များ သို့မဟုတ် စွတ်စိုနေတဲ့ မြေကြီးပေါ်မှာ ရပ်နေပါက အန္တရာယ်ရှိပါတယ်။ ဓာတ်အား ပမာဏထက် ပိုပြီးအရေးကြီးတဲ့အရာက လူကိုယ်ထဲ ဓာတ်အားဝင်ပြီးနောက် လူကိုယ်ထဲကတစ်ဆင့် မြေကြီးထဲကို ဖြတ်သွားတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။
ပမာဏများတဲ့ လျှပ်စစ် ဓာတ်အားက ကိုယ်ခန္ဓာအောက်ပိုင်းကို ဖြတ်သွားခြင်းထက် ပမာဏ နည်းတဲ့ ဓာတ်အားက ရင်ဘတ်အတွင်း ဖြတ်သွားခြင်းက ပိုပြီး အန္တရာယ်များပါတယ်။ ရင်ဘတ်ထဲကို ဖြတ်သန်းသွားတဲ့ လျှပ်စစ်ဓာတ်အားက လက်မှတစ်ဆင့် လက်မောင်း အတိုင်း ဖြတ်လေ့ရှိပါတယ်။
အဲဒီလိုဖြတ်သွားခဲ့မယ်ဆိုရင် နှလုံးခုန်ရပ်ခြင်း (သို့မဟုတ်) အသက်ရှူရာမှာ ပါဝင်တဲ့ ကြွက် သားများကို ရပ်တန့်သွားစေခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။
သွေးလှည့်ပတ်ခြင်းကို ထိန်းချုပ်တဲ့ အာရုံကြော စနစ်များကို မထိခိုက်ဘူးဆိုပါက အသက်ရှူ ရပ်သွားပေမယ့်လည်း နှလုံးဆက်ခုန်နေမှာ ဖြစ်ပါတယ်။
အဲဒီလို နှလုံးဆက်ခုန်နေရင်တော့ အသက်ရှင်နိုင်ဖို့ လမ်းစများပါတယ်။ ဓာတ်လိုက်တဲ့ သူဟာ အသက်မရှူနိုင်တာကြောင့် မျက်နှာများ အပြာရောင်ဖြစ်သွားတာမျိုးကို တွေ့ဖူးကြမယ် ထင်ပါတယ်။ ထို့ကြောင့် အသက်ပြန်ရှူအောင် အချိန်ကြာမြင့်စွာ လုပ်ပေးဖို့ လိုအပ်ပါတယ်။
ပြုစုခြင်း
ဓာတ်လိုက်ခံရတဲ့သူကို ပြုစုတဲ့အခါ လျင်မြန်ဖို့ လိုပါတယ်။ လူနှစ်ဦး ဓာတ်လိုက်ခံရတယ် ဆိုရင် နှစ်ဦးစလုံးကို ပြိုင်တူပြုစုဖို့ လိုအပ်ပါတယ်။ ဓာတ်လိုက်ပြီဆိုရင် လုပ်ဆောင်ရမယ့် အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ လျှပ်စစ်မီးခလုပ်ကို ပိတ်လိုက်ပါ။ အကယ်၍ အလွယ်တကူ ရှာမတွေ့ဘူးဆိုရင်တော့ ပလက်ခေါင်းကို ဆွဲဖြုတ်ပါ။ သို့မဟုတ်ပါက ဓာတ်ကြိုးကို တစ်နည်းနည်းဖြင့် ဖြတ်နိုင်ပါ တယ်။ အဲဒီလို ဖြတ်တဲ့အခါ အထူးသတိပြုဖို့ လိုအပ်တာက ကတ်ကျေး၊ ဓား စတဲ့ အရာများနဲ့ မဖြတ်မိဖို့ ဖြစ်ပါတယ်။

၂။ ဓာတ်မီးခလုပ်ကို မပိတ်နိုင်ဘူးဆိုရင်တော့ ဓာတ်လိုက်နေသူကို ဓာတ်အားကနေ ဖယ်နိုင်အောင် လုပ်ရပါမယ်။ ထိုသို့ ပြုလုပ်တဲ့ အခါမှာလည်း အထူးအရေးကြီးတဲ့အချက်က ဓာတ်မလိုက်တဲ့ ပစ္စည်းများကို အသုံးပြုဖို့ ဖြစ်ပါတယ်။ အဲဒီပစ္စည်းများ ကလည်း ခြောက်သွေ့နေဖို့ အရေးကြီးပါတယ်။
အိမ်မှာအသင့်ရှိတတ်တဲ့ အင်္ကျီအဝတ်အစားများ၊ ရာဘာလက်အိတ်၊ သတင်းစာစက္ကူ အထပ်လိုက် တို့ကို အသုံးပြုနိုင်ပါတယ်။ ဖြစ်နိုင် မယ်ဆိုပါက ဓာတ်လိုက်နေတဲ့သူကို ကယ်ဆယ်မယ့်သူက ဓာတ်မလိုက်နိုင်တဲ့ အရာဝတ္ထုများဖြစ်တဲ့ ရာဘာနဲ့ လုပ်ထားတဲ့ ဖိနပ်ကို စီးထားဖို့ လိုအပ်ပါတယ်။ သတင်းစာပုံပေါ် မတ်တက်ရပ်ပြီးလည်း ကယ်ဆယ်နိုင်ပါတယ်။
ဓာတ်အားအင်မတန် များတဲ့ ဓာတ်အားလိုင်းများမှ ဓာတ်လိုက်နေတဲ့ သူတစ်ဦးကို ကယ်ဆယ် တဲ့အခါမှာတော့ ဓာတ်အားကို ပိတ်လိုက်တယ်ဆိုပြီး ဘေးဥပါတ်မရှိဘူးလို့ ထင်ရပေမယ့်လည်း လျှပ်စစ်ကျွမ်းကျင်သူများကိုသာ ကြည့်ရှုခိုင်းဖို့လိုအပ်ပါတယ်။
တကယ်လို့ လျှပ်စစ်ကျွမ်းကျင်သူများကို ရှာမရဘူးဆိုရင်တော့ ဓာတ်အားနဲ့ ဝေးနိုင်သမျှ ဝေးအောင် လူနာကို ဖယ်ထုတ်ပြီးမှ ချဉ်းကပ်ရပါမယ်။ ဓာတ်လိုက်နေသူအား ဓာတ်မလိုက်နိုင်တဲ့ ခြောက်သွေ့တဲ့ တုတ်၊ ခြောက်သွေ့တဲ့ ပျဉ်ပြား၊ ခြောက်သွေ့တဲ့ ကြိုး စတဲ့အရာများနဲ့ ဆွဲယူရပါမယ်။

၃။ လူနာက အသက်မှန်မှန်မရှူနိုင်တော့ဘူးဆိုရင် အသက်ရှူအားကူနည်းနဲ့ နာရီပေါင်းများစွာ လိုအပ်ပါက ပြုစုပေးရပါမယ်။

၎။ ထိတ်လန့်ခြင်းကို ပြုစုရပါမယ်။

၅။ မီးလောင်ဒဏ်ရာများကို ပြုစုရပါမယ်။

၆။ ဆေးရုံကို ပို့ပေးရပါမယ်။ သို့မဟုတ် ဆေးအကူအညီရအောင် ရှာဖွေပါ။ လူနာ က ပြန်ပြီး ကောင်းလာရင်တောင် သေချာအောင် ဆရာဝန်နဲ့ ပြပေးဖို့ လိုအပ်ပါတယ်။
ဓာတ်လိုက်ထားတဲ့ လူနာတစ်ဦးဟာ အရေးမကြီးဘူးထင်ရတဲ့ အခြေအနေကနေ ဆိုးဝါးလာတတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
မြန်မာ့ဇွဲမာန်



Credit : https://www.facebook.com/363772307102084/photos/a.366956006783714.1073741828.363772307102084/673664589446186/?type=1&theater

No comments:

Subscribe

လာလည်သူများ

free counters