♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 15, 2015

" ကိုကိုတို့ မမတို့ရေ....ပစ္စည်းဟောင်းနှင့် ပစ္စည်းကောင်းတွေ လုပ်ကြမလားဟင်လို့...."


အမှိုက်ဆိုတာသုံးတတ်ရင် ရွှေဖြစ်တတ်တယ်....ဖြတ်ထိုးဥာဏ်ရှိဖို့အရေးကြီးပါတယ်...အောက်ကပုံလေးတွေ
ကတော့ ဥာဏ်ကြီးရှင်တွေရဲ့ လက်ရာတွေပါပဲ ရောရောချစ်မိတ်ဆွေတို့ရေ.....
 
(၁) အသုံးမပြုတော့တဲ့ လှေခါးအိုကို စာအုပ်စင် အဖြစ်ပြောင်းလိုက်သတဲ့ကွယ်....
1.) Using an old ladder as a bookshelf.


(၂) ခေါက်ကုလားထိုင်တွေကို နံရံမှာစီစီရီရီ ချိတ်လိုက်တော့ ပစ္စည်းတင်တဲ့ တန်းဖြစ်သွားတဲ့အပြင် အဝတ်တွေချိတ်ထားဖို့လဲ ဖြစ်သွားကရောတဲ့.....
2.) Convert folding chairs into a shelf and closet.


 
(၃) သောက်ပြီးသာ ဖျော်ရည်ဗူးတွေ ရေသန့်ဗူးတွေကို အဆင့်ဆင့်ဖြတ်ပြီး အဆင့်ဆင့်ထပ်လို့ လက်ကိုင်ရိုးတပ်
ကာသံလေးရိုက်ထားတော့ ခိုင်မာတဲ့ တံမြက်စေးလေး ဖြစ်သွားပါသတဲ့
3.) Turning an old 2 liter bottle into a broom.


(၄) ပုလင်းဟောင်းတွေက ဒီဇိုင်းလှလှလေးတွေပါတော့ အောက်ခြေကို အရာပေး ရေနွေးတလှည့် ရေအေးတလှည့်လောင်းတော့ အရာပေးထားတဲ့နေရာကနေ စက္ကန့်ပိုင်းအတွင်း ပြတ်သွားတော့ ဖြတ်တဲ့နေရာမှာ မရှအောင် ကော်ပတ်စားပြီး မီးဆိုင်းလေးတွေ အဖြစ် ဖန်တီးလိုက်ကြတာတဲ့ကွယ်....
4.) Using old bottles as shades for pendant lamps.



(၅) ရေသန့်ဗူးကြီးကြီးပေါ်မှာ ကော်ဇွန်းတွေရဲ့ ခေါင်းလေးတွေကို စီစီရီရီဖြတ်ပြီး ကော်ပူကပ်လို့ မီးပုံးလေး မီးဆွဲလေး အဖြစ်ဖန်တီးလိုက်ပါသတဲ့.....ကော်ဇွန်းတွေကတော့ စားပြီးသား အသုံးပြုပြီးသားပေါ့ကွယ်...
5.) Make a lamp with hot glue and disposable spoons.

 
(၆) စကိတ်ဟောင်းရဲ့ အတိတ်အကြောင်းကို မေ့ဖျောက်ပစ်လို့ နိမိတ်ကောင်းလေး ဖော်ဆောင်ကာ အရိပ်ကောင်းတဲ့ နေရာမှာ ထိုင်ခုံလေးအဖြစ် ဖန်တီးကြမယ်ကွယ်.....
6.) Using old skateboard decks to make a child’s picnic table.


(၇) လက်အိတ်ဟောင်းကို အရုပ်ကောင်းလေးတစ်ခု အဖြစ် ဖန်တီးလိုက်လေတော့...
7.) Turning a glove into an adorable chipmunk.

(၈) စာအုပ်ဟောင်းလေးတွေက လှလဲလှ ခိုင်လဲခိုင်တော့ နံရံမှာ တင်စရာ စင်လေးတွေအဖြစ် ပြုလုပ်လိုက်ကြလေသတဲ့....
8.) Making shelves out of old books.

(၉) ပုလင်းဖုံးကိုလည်း ချမ်းသာမပေးပါရစေနှင့် ဖယောင်းတွေထည့်လို့ မီးထွန်းကာ ချစ်သူရဲ့ မျက်နှာလေးကို တဝကြီး ထိုင်ကြည့်နေပါရစေလားတဲ့....
9.) Turn old bottle caps into cool tea lights.


(၁၀) စန္ဒယားတွေနှင့် အဆန်းအပြားလုပ်တဲ့အထဲမှာ စန္ဒယားအိုကို မပစ်ရက်လေတော့ စာအုပ်စင်လေးအဖြစ် ဖန်တီးပေးလိုက်ရတာ မောင်မောင့် အပြစ်တဲ့လား ခင်ရယ်....
10.) Convert a discarded piano into a very cool shelf.

(၁၁) ဂွဟောင်းလေးတွေ ဂွမကျအောင် နံရံပေါ်မှာ ဂွတွေကို ကွေးကောက်လို့ ပစ္စည်းချိတ်စရာလေးတွေ အဖြစ်ဖန်တီးပေးလိုက်တော့ "ဂွ"ကနေ "ချိတ်" ဖြစ်ကရော...
11.) Transforming wrenches into wall hooks.


 (၁၂) ဝိုင်ယ်တွေရှုပ်နေလို့ စိတ်မရှုပ်ပါနှင့် ..ရေအိမ်ထဲသုံးတဲ့ စက္ကူလိပ်ရဲ့ အခံကဒ်လုံးကို ဟေု့သလိုသာ အသုံးပြုလိုက်ပါ ၈၃ရယ်....
12.) Organizing your cords with used toilet paper tubes.

 
(၁၃) စက်ဘီးအိုရဲ့ အနားယူရာနေရာကတော့ အမှိုက်ပုံ တစ်ပုံမဟုတ်တော့ပဲ...သန့်စင်ဆေးကြောတဲ့ ရေသွန်ချောင်လေး တစ်ခုအဖြစ်ပြောင်းလဲ လိုက်ရသတဲ့..
13.) This sink you can make out of a bicycle.

(၁၄) ဒီဒီတွေမရှိတော့လဲ ဘာဖြစ်လဲ....စားစရာမုန်တော့ ထည့်သွားလို့ရတာပဲ မဟုတ်လား ချစ်ရယ်...
14.) A portable bagel holder made out of CD/DVD tower case.


(၁၅) ဝင်းထရံကို အရောင်စုံ ဂေါ်လီတွေနှင့် အလှဆင်မယ်....သစ်သားကိုဖောက်လို့ ရောင်စုံဂေါ်လီတွေ သွပ်လိုက်တော့...နေရောင်တွေထိုးတော့ လှမှလှ....
15.) Make your wooden fence a little more private with glass marbles.

 
(၁၆) ကွန်ပြူတာ တာဝါဟောင်းတော့..စာထည့်စရာလေး လုပ်လိုက်ရော.....သတိ! အမှိုက်မထည့်ရ..
16.) Put your old computer towers to good use as a mailbox.


(၁၇) ဈေးပေါတဲ့ အဝတ်ချိတ်တွေကို ဝယ်ပြီး စီစီရီရီလေး လုပ်လိုက်တော့ အခန်းကန့်လန့်ကာလေး ဖြစ်ကရော
17.) Buy packs of cheap hangers to create a room divider.


(၁၈) မလိုတဲ့ ကဒ်အဟောင်းတွေကို ပုံစံဖော်ကိုက်လိုက်တော့ ဂီတာတီးစရာလေးတွေ ဖြစ်သွားလေရဲ့
18.) Create guitar pics out of credit cards (or anything else).


 (၁၉) စန္ဒယားဟောင်းကြီးကို ပန်းပေါင်စုံ ဖူးပွင်ရာ ပန်းအိုးကြီးအဖြစ် ခင်က ပြောင်းလဲလိုက်တယ်..
(19.) Found another old piano? Turn it into a planter/outdoor fountain.

 
(၂၀) မီးသီးကျွမ်းတော့ မီးခွက်ဖြစ်ရတာ ဟိုလူကြီးကြောင့်ပေါ့ ဟွန့်   ....
20.) Convert used light bulbs into oil lamps.

(၂၁) စက်ဘီးခွေလဲ နောက်ဆုံး နာရီဖြစ်ရော..
(21.) Create a clock out of a bike wheel.

 
(၂၂) ဒရမ် အဟောင်းတွေလဲ အချိန်တန်တော့ မီးဆိုင်းလေးတွေ ဖြစ်ကြရတယ်
22.) Transform that old drum set into a chandelier.

(၂၃) ကက်ဆက်ခွေအဟောင်းလေးကို အမှတ်တရအဖြစ် ပိုက်ဆံအိတ်လေးအ လုပ်ပေးပါရစေ
23.) Use your favorite, old cassette tape as a coin purse.

 
(၂၄) ရေချိုးတဗ် အဟောင်းလဲ အိမ်ရှေံခန်းမှာ ထိုင်စရာခုံတခုံ အဖြစ် ဝင်းကြွားလို့ပါပဲ..
24.) Cut a bath tub in half to make one of the coolest couches ever.

(၂၅) သေတ္တယအဟောင်းလဲ နောက်ဆုံးကျတော့ ခြေထောက်ထည့်လိုက်တော့ ထိုင်စရာခုံ  ဖြစ်ရလေပေါ့
25.) Use that old, vintage suitcase for a cool chair.




ဝိုင်ပုလင်းတွေများတော့ မီးဆိုင်းကြီးတွေလုပ်ပြီး အလှဆင်ရပြန်ရော
26.) Recycle used wine bottles as a classy chandelier.

(၂၇) တီဗီ အဟောင်းလဲ အသုံးပြုတတ်ရင် ငါးအလှမွေကန်းလေး အဖြစ်
27.) If that old TV doesn’t work, transform it into an aquarium.

(၂၈) ဖျော်ရည်ဗူး..ဘီယာဗူးမှာပါတဲ့ ဖွင်တံလေးတွေကို ဆက်လိုက်တော့ လက်ပွေ့ အိတ်လေး အဖြစ် ဖန်တီးပေးနိုင်တာပေါ့
28.) Make a purse (and many, many other things) out of woven pop tabs.

(၂၉) ဦးထုပ်ဟောင်းလဲ အငြိမ်မနေရပါဘူး....
29.) If you don’t like wearing hats, make them into lamps.

 
(၃၀) ဘက်တံတွေလဲ နှက်ရန်မရှိတော့ တဖက်နံရံမှာ ကြည့်ရန်မှန်ချပ်လေး တွေအဖြစ်နေရာယူလိုက်ကြပြီ...
30.) Transform classic tennis rackets into mirrors.



Upcycling is good for the environment and good for design.
 
 (အသုံးပြုပြီးသား ပစ္စည်းဟောင်းတွေကို ပြန်လည်သုံးချကြတာဟာ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတတွေကို ထိန်းသိမ်းဖို့ နှင့် ဒီဇိုင်းလှလှပစ္စည်းလေးတွေအဖြစ် ပြန်လည်ဖန်တီးဖို့အတွက် ကောင်းလှပါတယ်)

(ရောရောသမမွှေ ဘလော့ဂ်)
 

No comments:

Subscribe

လာလည်သူများ

free counters