♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 11, 2015

"အိုဘယ့် မိန်းမ*....အိုဘယ့် ယောက်ျား "

 

အိုဘယ့် မိန်းမ*
************ 
ရုပ်အဆင်းလှရင် အချက်အပြုတ် မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနုညံ့ပြန်၊ နုညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင် အတွေးအခေါ်က မရှိ၊ ကိုယ်ပိုင် အတွေးရှိတာကြတော့ ယောက်ျားဆန်၊ မိန်းမပီပီ နေတော့ အသုံးအဖြုန်းကကြီး၊ ချွေတာ စုဆောင်းတတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမီ၊ ခေတ်မီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့ မလှပြန်။ 

(ဟာသ ဟာသ ဟာသ) 

အိုဘယ့် ယောက်ျား 
************* 
အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး။ ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး။ အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး။ အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့ လူမျိုးကြတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ် မဆန်တတ်ပြန်ဘူး။ အီစီကလီ ကျွမ်းကျင်ပြီး ရိုမက်တစ် ဆန်တတ်ပြန်တော့ စိတ်ချ အားကိုးလို့ ရဘူး၊ အားကိုးရတဲ့ လူမျိုးကြတော့ ခိုင်းစားလို့ ရရုံက လွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေ တယောက်လို နေမယ်။ 
(ဟာသ ဟာသ ဟာသ) 

ဒါကြောင့်... ပါးနပ်တဲ့ ယောက်ျားနဲ့ ဉာဏ်ရှိတဲ့ မိန်းမတွေ့ရင် ရိုမက်တစ် ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ ယောက်ျားနဲ့ အူတူတူ မိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်း အချစ်တွေ ဖြစ်လာနိုင်တယ်။ ဉာဏ်ရှိတဲ့ မိန်းမနဲ့ တုံးအတဲ့ ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။ ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့။ 
(ဟာသ ဟာသ ဟာသ)
 ပြီးတော့... မိန်းမတွေဟာ အနာဂတ်အတွက် စိတ်ပူကြတာ ယောက်ျားရသွားတဲ့ အထိပဲ။ ယောက်ျားတွေကြတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲ မထည့်ကြ ဘူး။ အောင်မြင်တဲ့ ယောက်ျား ဆိုတာ သူ့မိန်းမ သုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့ လူကိုခေါ်တာ။ အောင်မြင်တဲ့ မိန်းမကြတော့ အဲသလို ယောက်ျားမျိုး ရှာနိုင်သူကို ခေါ်တာ တဲ့။

Credit > ဟိုးဟိုး ဟားဟား 



Credit : http://myatnoehome.blogspot.co.uk/2013/12/blog-post_1712.html?m=0

No comments:

Subscribe

လာလည်သူများ

free counters