♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 12, 2015

" လူတွေ မသိသေးတဲ့ လူ့ အကြောင်းတဲ့ တော်တော်ဗဟူသုတ ရပါတယ်လေ"

အမေရိကန်သတင်းတစ်ပုဒ်မှ ဆေးပညာအရရှုမြင်သုံးသပ်ကာ "Weird facts about human body (၀ါ) လူတွေမသိသေးတဲ့ လူ့  အကြောင်း" ခေါင်းစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ ၂၇ ရက် တနင်္ဂနွေနေ့ မှာ စူးစမ်းပညာာရှင် Brian Clegg ဆိုသူက အောက်ပါ အတိုင်း ဖော်ပြထား ခဲ့ပါ တယ်။
1. ဦးနှောက် နှင့် အာရုံကြောများအကြား အပြန်အလှန်လှုံ့ ဆော်စေခိုင်းတုန့် ပြန်မှုတို့ ရဲ့  အမြန်နှုန်းဟာ ၁-နာရီလျှင် ၁၇၀ မိုင်နှုန်း ဖြစ်ပါတယ်။

2. သွေးထဲမှပါလာသော အောက်စီဂျင်၏ ၂၀ % ကို ဦးနှောက်ကအသုံးပြုလေ့ရှိပါတယ်။
3. လက်သည်များက ခြေသည်းတွေထက် ၄-ဆပိုအရှည်မြန်ပြီး၊ အားလုံးထဲမှာ လက်ခလယ် ရဲ့ လက်သည်းက အရှည် အမြန်ဆုံးပါဘဲ။
4. သွေးထဲရှိအငန်ပမာဏဟာ ပင်လည်ရေငန်၏ အငန်ပမာဏနှင့်ထပ်တူညီပါတယ်။
5. ကလေးတွေက ဆောင်းရာသီမှာအရပ်အရှည်မြန်ကြပါတယ်။ လူတယောက်ရဲ့  အရပ်အေ မာင်း အရှည်က နံက် နှင့် ည လုံးဝမတူကြဘဲ၊ နံက်ပိုင်းမှာအရပ်တိုင်းကြည့်တဲ့အခါ ၁-စင်တီ မီတာပိုရှည်ပါတယ်တဲ့။
6. ခန္ဓာကိုယ်တစ်ခုလုံးသို့  နှလုံးသွေးကြောစီးဆင်းလည်ပတ်မှုဟာ တစ်နေ့ လျှင် အကြိမ် ၁၀၀၀ ရှိပါတယ်။
7. မျက်တောင်မွှေးရဲ့ သက်တမ်းဟာ ပျမ်းမျှ ရက်ပေါင်း ၁၅၀ ကြာမြင့်ပါတယ်။
8. မျက်ခုံးတစ်ဖက်တစ်ချက်စီမှာ မျက်ခုံးမွှေးအပင်ပေါင်း ပျမ်းမျှ ၅၀၀စီ ရှိကြပါတယ်။
9. လူ့ ခန္ဓာကိုယ်ထဲရှိ အာရုံခံဆဲလ်များမှာ ပျမ်းမျှ ၁၀၀ ဘီလီယမ် ပါရှိပါတယ်။
10. မျက်လုံးဖွင့်ပြီး၊ ဘယ်သူမှနှာချေလို့ မရနိုင်ပါ။ နှလုံးခုန်နေတာကလွဲလို့ ၊ နှာချေစဉ်မှာ ခန္ဓာ ကိုယ် တစ်ခုလုံး အလုပ်လုပ် ခြင်း ခေတ္တရပ်ဆိုင်းသွားလေ့ရှိပါတယ်။
11. အရိုးများဟာ ကွန်ကရစ်ထက် ၄-ဆမျှ ပို၍ ခိုင်ခန့် သန်မာပါတယ်။ လူတစ်ယောက်ရဲ့ အ မာ ဆုံးအရိုးဟာ မေးရိုးဖြစ်ပြီး၊ အသေးဆုံးအရိုးက နားရွက်ပါဘဲ။ အရိုးများကျိုးအက်ခြင်းက သူ့ အ လိုလို ပြန်ဆက်လေ့ရှိသော်လဲ၊ သွားအကျိုးများ ကတော့ နဂိုအတိုင်းပြန်ဖြစ်မလာတော့ပါ။
12. မွေးဖွားလာချိန်မှာ ဒူးဆစ်ရှေ့ ရှိ ခုံညင်းရိုးပါပေမယ့် အသက် ၂-နှစ်မှ ၆-နှစ်ရောက်တဲ့အထိ ခုံညင်းရိုးကို သိသိသာသာ မမြင်ရနိုင်ပါ။
13. အသက်အရွယ်ကြီးလာတာနဲ့ အမျှ နှာခေါင်း နှင့် နားတို့ ကလိုက်၍ကြီးလာသော်ငြား၊ မျက် လုံး ရဲ့ အရွယ်အစားကတော့ တသမတ်တည်း အရွယ်ပြောင်းလဲမှုမရှိပါ။
14. မွေးဖွားလာချိန်မှာ အရိုးအဆစ်ပေါင်း ၃၀၀ရှိကြပေမယ့်၊ အရွယ်ရောက်တာတဲ့အချိန်မှာတော့ ၂၀၆ မျှသာရှိပါတော့တယ်။
15. ဦးခေါင်းခွံကို မတူညီသော အရိုးပေါင်း ၂၆ ခုဖြင့် ဖွဲ့ စည်းထားပါတယ်။
16. ဆံပင်ကိုဖွဲ့ စည်းထားတဲ့ အရာဝတ္တုပစ္စည်းများဟာ လက်သည်းခွံမှာပါတဲ့  အရာဝတ္တုများနှင့် တူတူ ပါဘဲ။
17. လူ့ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးကြွက်သားက တင်ပါးဖြစ်ပြီး၊ အသန်မာဆုံးကြွက်သားက လျှာ ဖြစ်ပါတယ်။
18. တစ်နေ့တာသောက်သုံးလိုက်သောရေ၏ ၁.၅ လီတာပမာဏကို ဆီးအဖြစ် စွန့် ထုတ်လေ့ရှိပြီး၊ ပျမ်းမျှလူတစ်ယောက် က တနေ့ လျှင် အနည်းဆုံး ရှုး(အပေါ့) ၆ ခါ စွန့် ထု တ်လေ့ ရှိပါတယ်။
19. ခံတွင်းထဲကမျိုချလိုက်တဲ့ အစာက အစာအိမ်ကိုရောက်ဖို့  ၇-စက္ကန့် ကြာပါတယ်တဲ့။
20. ကလေးများက လူကြီးများထက် အရသာခံအာရုံ ပိုမိုကောင်းမွန်ပါတယ်။
21. နှာခေါင်းထဲမှ နှပ်ချေးညှစ်ထုတ်တဲ့ ပြင်းအားက တနာရီလျှင် မိုင်၁၀၀ နှုန်းနဲ့ ညီမျှပါတယ်။
22. ဆံပင်တစ်ပင်၏ သက်တမ်းဟာ ၃-နှစ်မှ ၇-နှစ်အထိ ရှိတတ်ပြီး၊ ရာသီဥတုပေါ်မူတည်၍ အမျိုးသားများက တစ်နေ့  လျှင်ပျမ်းမျှ ဆံပင် ၄၀ ကျွတ်ကြပြီး၊ အမျိုးသမီးများ အပင် ၇၀ ကျွတ်ကြ ပါတယ်။
23. ဘလိပ်ဓားဟာ အစာအိမ်ထဲက အစာချေအက်ဆစ်ရည်ထဲမှာ ပျော်ဝင်နိုင်ပါတယ်။
24. အမျိုးသမီးများရဲ့ နှလုံးခန်နှုံးဟာ အမျိုးသားများထက် ပိုမြန်ပါတယ်။
25. ခန္ဓာကိုယ်အတွင်းကလီစာတွေမှာ အသည်းက အလုပ်အရှုပ်ဆုံးပါတဲ့။
26. အဆုပ်ထဲမှာ ဆံချည်ပြွန်သွေးကြောမျှင် သန်း ၃၀၀ ပါရှိပြီး၊ ဘယ်ဘက်အဆုပ်က ညာဘက် အဆုပ် ထက်ပိုသေးပါတယ်။
27. လူတစ်ယောက်ဟာ တစ်မိနစ်လျှင် ပျမ်းမျှ ၁၃-ကြိမ်မျှ မျက်တောင်ခတ်လေ့ရှိပြီး၊ အမျိုးသမီးက ၂-ဆပိုပါတယ်တဲ့။
28. ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း ၅-သိန်းမျှပါရှိပါတယ်။
29. တံတွေးဟာ ခံတွင်းရဲ့ စက်ဆီ/ချောဆီကဲ့သို့  ခံတွင်းကိုစိုစွတ်စေကာ၊ အစာများအလွယ်တကူ ၀ါးခြေမျိုချနိုင်အောင် ကူ ညီပေးပါတယ်။ လူ့ ဘ၀တစ်သက်တာအတွင်း တံတွေးထွက်ရှိမှု ဟာ ရေကူးကန် ၂-ကန်စာနှင့် ညီမျှပါတယ်။
30. ခန္ဓာကိုယ်တစ်ခုရဲ့  အကြီးဆုံးဆဲလ်က မမျိုးဥ ဖြစ်ပြီး၊ အသေးဆုံးဆဲလ်က ဖိုသုက်ရည်ထဲရှိ လိင်ကလပ်စည်းဖြစ်ပါတယ်။
31. မိခင်ဝမ်းတွင်းသန္ဓေသားဘ၀ မမွေးဖွားခင် ၆-လအလိုမှာကတည်းက သွားပေါက်ဖို့  အရှိန် ယူနေပါပြီတဲ့။
32. အမျိုးသား ၁၀ ဦးမှာ ၉ ဦးခန့် က အချိန်နာရီတိုင်းမှာ ရာဂစိတ်နိုးကြွလေ့ရှိပြီး၊ ၁၀-ဦးမှာ ၅-ဦး က အိပ်နေစဉ်မှာတောင် ရာဂစိတ်နိုးကြွပါတယ်။
33. စားပိုးနင့်နေအောင်စားခြင်းက အကြားအာရုံကိုလျော့နည်းစေပါတယ်။
34. လူတစ်ယောက်ရဲ့ အနံ့ ခံအာရုံက မတူညီသော အနံ့  ၅-သောင်းခန့် ကို ခွဲခြားမှတ်မိနေ တတ်ပြီး၊ အမျိုးသမီးများက အမျိုးသားများထက် အနံ့ ခံစွမ်းအားပိုအားကောင်းပါတယ်။ အသက် ၆၀ ကျော်ရင်တော့ ကျား-မ အားလုံး အနံ့ ခံအာရုံ လျော့ကျလေ့ရှိပါတယ်။
35. အသက် ၆၀ ရာက်လာတဲ့အခါ အမျိုးသားများ၏ ၆၀% က အိပ်ပျော်စဉ်ဟောက်လေ့ရှိပြီး၊ အမျိုးသမီးများမှာတော့ ၄၀% ဟောက်လေ့ရှိပါတယ်။
36. ခလေးငယ်၏ ဦးခေါင်းအရွယ်အစားဟာ သူ့ အရပ်ရဲ့  ၄ပုံ၁ပုံမျှ ရှိပြီး၊ အသက် ၂၅-နှစ်မှာေ တာ့ ဦးခေါင်းအရွယ်က အရပ် အရှည်ရဲ့  ၈ပုံ၁ပုံဖြစ်သွားပါတယ်။
37. ရောဂါဝေဒနာစွဲကပ်ရခြင်း၏ ၉၀% ဟာ စိတ်ဓာတ်ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာရ ပါ တယ်။
38. အရေပြားအပေါ်ယံဆဲလ်များက ၂၇-ရက် တစ်ကြိမ် ကြွေကျအသစ်လဲလေ့ရှိပြီး၊ တကိုယ်လုံး ရဲ့ အရေပြားပေါ်သို့  နေ့ စဉ် ဗက်တီးရီယားပိုးမွှားပေါင်း ၃၂သန်း အလည်လာလေ့ရှိပါတယ်တဲ့။
39. အရွယ်ရောက်သူများအားလုံး မိနစ်တိုင်းမှာ ကိုယ်တွင်းရှိဆဲလ်ပေါင်း သန်း ၃၀၀ မျှ သြေ ကပြီး၊ တစ်နေ့ လျှင် ဆဲလ်သစ် ပေါင်း ၃၀၀ ဘီလီလျှံမွေးဖွားလာလေ့ရှိပါတယ်။
40. နှုတ်ခမ်းများ အနီရောင်သန်းနေရခြင်းမှာ နှုတ်ခမ်းအရေပြားအောက်မှာ အလွန်သေးငယ်ေ သာ သွေးကြောမျှင်များစုဝေး နေခြင်းကြောင့်ပါဘဲ။
41. နွေးနွေးထွေးထွေးအိပ်စက်ခြင်းက အိပ်မက်ဆိုးတွေ မမက်စေပါဘူး။
42. လက် ၂-ဘက်ဆန့် တန်းတဲ့ အကျယ်အ၀န်းက အရပ်အမောင်းအရှည်နှင်ထပ်တူညီပါတယ်။
43. အမျိုးသမီးများ၏ အဆီလောင်ကျွမ်းမှုက အမျိုးသားများထက်နှေးကွေးကြလို့  ခန္ဓာကိုယ်မှာ အဆီပိုစုဝေးနေကြပါတယ်။
44. သွေးနီဥဆဲလ် တခုဟာ ခန္ဓာကိုယ် ၁-ပတ်ပြည့်ဝစွာ လည်ပတ်ဖို့ ၆၀စက္ကန့် မျှ အချိန်ကြာပါ တယ်တဲ့။
45. ကျမ္မာသန်းစွမ်းသော အမျိုးသားတစ်ယောက်ဟာ တနေ့ လျှင် သုက်ကောင်ရေ ၁၀ သန်းမျှ ထွက်ရှိပါတယ်။
46. IQ မြင့်သူတွေက အိပ်ပျော်နေစဉ် မကြာခဏ အိပ်မက် မြင်မက်လေ့ရှိကြပါတယ်။

 


<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ
ပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
မှီငြမ်း (American's News : Weird facts about human body)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)



Credit :  http://www.maymaydim.blogspot.co.uk/2014/08/blog-post_70.html

No comments:

Subscribe

လာလည်သူများ

free counters