♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 15, 2015

"ညအချိန် ချောင်းခြောက်ဆိုးခြင်းသက်သာစေမည့် အိမ်တွင်းကုထုံးများ "

ညအချိန် ချောင်းခြောက်ဆိုးခြင်းသက်သာစေမည့် အိမ်တွင်းကုထုံးများ
ညဘက်မှာ ချောင်းခြောက်ဆိုးပြီး အိမ်မပျော် ဖြစ်နေသလား၊ ဒါမှမဟုတ် ချောင်းခြောက်ဆိုးပြီး အိပ်ရာက လန့်နိုးလာပါသလား ချောင်းခြောက်ဆိုးတဲ့ ဝေဒနာသက်သာစေဖို့  အောက်ပါနည်းလမ်းတွေကိုလိုက်နာသင့်ပါတယ်။

(၁) ကြက်သွန်ဖြူသုံးပါ
လူ့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ရောဂါအမျိုးမျိုးကို ကုသနိုင်ဖို့အတွက် ကြက်သွန်ဖြူက အသုံးဝင်တဲ့ သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။ အစာကြေညက် စေပြီး အအေးမိဝေဒနာနဲ့
တုပ်ကွေးရောဂါတွေမဖြစ် အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ကြက်သွန် ဖြူက ချောင်းခြောက်ဆိုးတာကို သက်သာစေပါတယ်။ ကြက်သွန်ဖြူတစ်လုံး၊ နှစ်လုံးကို ဝါးစားပေးတာ ကြောင့် ချောင်းဆိုးဝေဒနာကို သက်သာစေပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူကိုထောင်းပြီး ပျားရည်နဲ့ စေးပျစ်အောင် ရောမွှေကာ သောက်ပေးရင် ချောင်း ဆိုးတာကို သက်သာစေပါတယ်။

(၂) ရေနွေးကြမ်းသောက်ပါ
နံနက်တိုင်း သွားတိုက်ပြီးချိန်မှာ ဆားလက်ဖက်စားဇွန်း တစ်ဇွန်းထည့်မွှေထားတဲ့ ရေနွေးကြမ်းတစ်ဖန်ခွက်ကို အာလုတ်ကျင်းပေးသင့်ပါတယ်။ မကြာခဏ အာလုတ်ကျင်းပေးတာကြောင့် လည်ချောင်း နာကျင်မှုဝေဒနာကို သက်သာစေပြီး ချောင်းခြောက် ဆိုးတာကို လျော့ပါးစေပါတယ်။

(၃) ချင်းအမြစ် ဝါးပေးပါ
အိပ်ရာမဝင်ခင် ညစဉ်ညတိုင်း ချင်းအမြစ်ကို ဖြည်းဖြည်းချင်း ကြိတ်ဝါးကာ ရလာတဲ့အရည်ကို မျိုချလိုက်ပါ။ ဒီလိုမျိုချတာကြောင့် မသက်မသာ ခံစားရပေမယ့် ချောင်းဆိုးလျော့ပါးကာ နှစ်နှစ်ခြိုက် ခြိုက်အိပ်မောကျစေပါတယ်။ ချင်းကို ကြိတ်ခြေပြီး ပျားရည်နဲ့ ရောမွှေကာ သောက်သင့်ပါတယ်။

(၄) လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပါ
လက်ဖက်စိမ်း လက်ဖက်ရည်ကလည်း ချောင်းခြောက်ဆိုးတာကို သက်သာစေပါတယ်။ လက်ဖက် စိမ်းလက်ဖက်ရည်သောက်တာကြောင့် အင်တီအောက် ဆီးဒင့်ရရှိတဲ့အပြင် ချောင်းခြောက်ဆိုးတာကို သက် သာစေပါတယ်။ သံပရာရည်အနည်းငယ်နဲ့ ပျားရည် နည်းနည်း ထည့်သောက်နိုင်ပါတယ်။


Ref : Good Health
Credit : papawaddy.com

No comments:

Subscribe

လာလည်သူများ

free counters