ယခုနေအိမ်၌ နေထိုင်လာသည်မှာ၂၆ နှစ်ရှိပြီဖြစ်သော်လည်း ယင်းကဲ့သို့သောငှက်မျိုး တစ်ခါမျှ မမြင်ဖူးဘူးဟု ဆိုသည်။ သူသည် ငှက်ငယ်ကို ဓာတ်ပုံရိုက်ကူးပြီး သူ့အတိုင်းထားခဲ့သော်လည်း နာရီအနည်းငယ်ကြာ၍ ယင်းနေရာသို့ပြန်ကြည့်သောအခါ ငှက်ငယ်သည် မြေပြင်ပေါ်၌ လဲလျောင်းနေသည်ကို တွေ့မြင်ရသည်။ ကြောင်များ ခုတ်သွားမည်စိုးသောကြောင့် သူသည် ငှက်ငယ်အား ကောက်ယူကာ သစ်ကိုင်းမြင့်တစ်ခုပေါ်၌ တင်ပေးခဲ့သည်။ နောက်တစ်နေ့အရပ်၌ ငှက်ငယ်သည် ယင်းနေရာမှ ပျောက်ကွယ်သွားသည်ကို တွေ့ရှိရသည်ဟုဆိုသည်။ ငှက်များကာကွယ်ရေး အဖွဲ့မှ ပညာရှင်များက ယင်းကဲ့သို့သော ငှက်မျိုးမှာ အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသည် ဟုဆိုသည်။
ကမ္ဘာပေါ်မှာ ဖိလစ်ပိုင်နိုင်ငံကသာလျှင် သူတို့ရဲ့ မွေးဖွားကြီးပြင်းရာ စားကျက်ဖြစ်ပါတယ် ။ လူတွေကို အန္တရာယ် မပေးပဲ နေလေ့ရှိပြီး အခုတော့ သစ်တောပြုန်းတီးမှုနဲ့ ဒီလင်းနို့တွေကို ချက်ပြုတ်စားသုံးမှုတွေကြောင့် မျိုးတုန်းပျောက် ကွယ်တော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ် ။ သူတို့မှာ အမြီးမပါရှိပဲ သူတို့ရဲ့ တောင် ပံ နှစ်ဖက်အရှည်က 1.5–1.7 m (4 ft 10 in–5 ft 7 in) ဖြစ်ပြီး အလေးချိန်ကတော့weighing 0.7–1.2 kg (1.5–2.6 lb).ဖြစ်ပါတယ် ။
ကျယ်ပြောလှသော သြစတြေးလျနိုင်ငံရှိ လယ်ကွင်းပြင်ကြီး တစ်ခုလုံးကို ပင့်ကူမျှင်များ ဖုံးလွှတ်းနေသော မြင်ကွင်းကြောင့် မြင်ရသူအများ အံ့သြခဲ့ရကြောင်း Metroသတင်းဌာနက မတ်လ၇ရက်နေ့တွင် ဖော်ပြသည်။ စိုက်ပျိုးရေးမြို့ဖြစ်သော ဝက်ကာဝက်ကာတွင် လယ်ကွင်းများသည် သန်းပေါင်းများစွာသော ပင့်ကူများကြောင့် ပင့်ကူမျှင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သြစတြေးလျနိုင်ငံတွင် ရေလွှမ်းမိုးမှုဘေး ဒုက္ခကြီးကျရောက် ပြီးနောက် ထောင်ပေါင်းများစွာသော နိုင်ငံသားများ ဒုက္ခကြုံတွေ့ခဲ့ရသည်။ ယင်းနောက် ပင့်ကူများလည်း အလုပ်ရှုပ်ကာ ရေဘေးမှ လွတ်မြောက်ရေးအတွက် ပင့်ကူအိမ်များကို အပူတပြင်း ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည် ဟုဆိုသည်။
Blobfish အရည်စက်နဲ့တူတဲ့ ငါးမျိုးပေါ့ဗျာ။ နောက်တစ်ခုက လူရဲ့ မျက်နှာနဲ့တူတဲ့ငါး၊ အကျည်းတန်တဲ့ ငါးမျိုးပါပဲ။ Blobfish တွေဟာ Australia နဲ့ Tasmania ပင်လယ် ကမ်းရိုးတန်းက ရေနက်ပိုင်းတွေမှာ နေထိုင်လေ့ရှိကြပါတယ်။ သူတို့ကို လူတွေအနေနဲ့ မြင်တွေ့ဖို့ရန် ခက်ခဲပါတယ်။
Proboscis monkey ကို နှာခေါင်းရှည်မျောက်မျိုးအဖြစ်လူသိများကြပါတယ် ။ သူတို့ကို Borneo ကျွန်းစွယ် ၊ အရှေ့တောင်အာရှမှာ တွေ့ရလေ့ရှိပါတယ် ။ နီညိုရောင်အဆင်းရှိတဲ့ မျောက်များဖြစ်ပြီး အင်ဒိုနီးရှားမှာ Bangkatan လို့ခေါ်ပြီး မလေးရှားမှာတော့ Monyet Belanda လို့ခေါ်တွင်ပါတယ် ။
Pygmy marmosets တွေကို Brazil , Ecuador , Peru , Columbia နိုင်ငံတွေရဲ့ မိုးသစ်တောတွေထဲမှာ တွေ့နိုင်ပါတယ် ။ သူတို့ဟာ သစ်တောအုပ်တွေရဲ့ ထိပ်ဖျားမှာနေလေရှိပြီး သူတို့ထက် ပိုကြီးတဲ့ အစားစားသတ္တ၀ါတွေရဲ့ရန်ကနေ ကိုယ်ပိုင် အသိဥာဏ်နဲ့ ကာကွယ်လေ့ရှိပါတယ် ။ သူတို့ဟာ အင်းဆက်ပိုးမွှားတွေနဲ့ သစ်သီးတွေ အရွက်တွေကိုသာစားလေ့ရှိတဲ့ အရွက်စား သတ္တ၀ါ Omnivorous တွေဖြစ်ပါတယ် ။ သူတိုဟာ သစ်ပင် သစ်စည်းတွေကို တတိတိနဲ့ ကိုက်စားလေ့ရှိပါသေးတယ် ။သူတို့ရဲ့ ချွှန်မြ နေတဲ့ရှေ့သွားတွေက မာကျောတဲ့သစ်ပင်စည်တွေကိုတောင် ကိုက်ဝါးနိုင်ပါတယ် ။ အဲဒီလိုနည်းနဲ့ပဲ သစ်ပင်တွေထဲက သစ်စည်းတွေ အရည်တွေကို စုပ်ယူလေ့ရှိတာပေါ့ ။
ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု
မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဒီပုံဟာ ရှုထောင့်တစ်ခုကနေပြီး ကျောက်ဆောင်တွေပေါ်ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။
ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။
လှည်းကူးမြို့က လူထူးလူဆန်း ကိုဝင်းကျော်
အသက်(၃၆)နှစ်ရှိပြီလို့သိရှိရပြီး သူထူးဆန်းတာကတော့ အများနဲ့မတူ ကြံကြံဖန်ဖန် စအိုကနေ ရေကိုစုတ်ယူနိုင်ပြီးတစ်ခါစုတ်ယူရင် ရေသန့်ဗူးတစ်ဗူးခန့်စုတ်ယူနိုင်ပြီး
၁နာရီခန့်စအိုထဲမှာထိန်းထားနိုင်ပါတယ်။ ထို့အပြင် လည်ကောင်းစုတ်ယူ
သောရေဖြင့် အူလမ်းကြောင်းကိုဆေးနိုင်ခြင်းနှင့်မိမိစားထားသမျှ အစာအကုန်လုံးကို မိမိစုတ်ယူထားသော ရေဖြင့် အစာအိမ်ကို ဆေးကာ ချက်ခြင်းပြန်လည် စွန့်ထုတ်နိုင်ပါတယ်။ ထို့အပြင် လေ ကိုလည်းအချိန်မရွေးလည်နိုင်ပြီး တစ်ခါလေလည်ခိုင်းရင် အကြိမ်ရေ ၁၀၀၀
ထိလေလည်နိုင်တာတွေ့ရတယ်။ တကယ့်ကိုထူးထူးဆန်းဆန်းကြံကြံဖန်ဖန်လုပ်တက်တဲ့လူပါ။ ထိုမျိုးလုပ်တာဟာကျင့်ထားခြင်းမဟုတ်ပဲ မွေးရာပါလို့ သူက ပြောပြပါတယ်။
ဂရင်းနစ်မှတ်တမ်းဝင်လောက်ပါရဲ့။ အသေးစိတ်သိချင်ရင်တော့ ....
ကိုယ့်နှာခေါင်းကို ပါးစပ်နဲ့ကိုက်မရဘူးလို့ ကိုယ့်လူကို ဘယ်သူပြောသလဲ ။ အခုပုံတွေကို ရှူစားကြည့်ု လိုက်ပါဦး ။ ဒီပုံထဲက လူဟာ သူ့နှာခေါင်းကို သူ့ပါးစပ်နဲ့ ရအောင်ကိုက်ပြသွားသဗျို့ ။ ကိုယ့်လူတို့လည်း ရမရ ဖြစ်နိုင်မဖြစ် နိုင်စမ်းကြည့်ကြပါဦး
အမေရိကန်နိုင်ငံ နာဆာမှ လွှတ်တင်ထားသော Landast7 အရ ကောင်းကင်ဂြိုလ်တုဖြင့် မင်းတုန်းမင်းလက်ထက်က တူးဖော်ခဲ့ကြည်သည့် မြန်မာ့အကြီးဆုံးရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေကြောသည် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထွက်ရှိမည်ဖြစ်ပြီး နှစ်ရာကျော်ထိအောင် ကုန်ဆုံးနိုင်ခြင်းမရှိဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစားပါမောက္ခဦးစိုးသိန်းက ပြောသည်။ ၄င်းရွှေကြောမှာ နေရာကြီးမားလွန်းသဖြင့် နေရာခြောက်နေရာခွဲပြီး Landast7 အရ ကောင်းကင်ဂြိုလ်တုဖြင့် ရိုက်ယူရာကာ ကရင်ပြည်နယ် မဲဝိုင်ဒေသမှ ရွှေကြောသည် ရွှေကျင်၊ ကျော်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ်ထဲတွင် မြုပ်နေကာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်းငံများထိပင် ရောက်ရှိကြောင်း သိရသည်။
နာဂရီ ဆမ်ဘီလန်မှ အမျိုးသားတစ်ဦးသည် ကလေးငယ်အရွယ်ရှိသော ဖားကြီးတစ်ကောင် တွေ့ရှိခဲ့ကြောင်းသိရှိရသည်။၂၀ ကီလိုဂရမ် အလေးချိန်ရှိပြီး အသက် ၇ နှစ် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးဧ။် အရွယ်အစားမျှ ရှိသော အဆိုပါဖားကြီးကို လွန်ခဲ့သော ၂ ပတ်ခန့်က မြစ်ကမ်းနံဘေး တောင်စောင်းတစ်ခုတွင် ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။ဂန်မန်ချာ ဒေသခံများက ဖမ်းဆီးခဲ့သော ဖားကြီးကို မိုးဘိုင်းလ်ဖုန်း ကင်မရာဖြင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်လာခဲ့သည်။လူမျိုးစု ခေါင်းဆောင်တစ်ဦးက ဖမ်းဆီးထားသူများထံမှ ဝယ်ယူရန် ငွေကြေးမလုံလောက်သဖြင့် အိမ်ပြန်ကာ ငွေကြေးပြန်ယူခဲ့ရသည်။သို့သော်လည်း အိမ်မှပြန်လည်ရောက်ရှိလာ ချိန်တွင် ဖားကြီးမှာ အသတ်ခံရပြီးနောက် ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ပြီး ဖြစ်နေရာ ထိုတွားသွားသတ္တဝါကြီးနှင့် ပတ်သက်ပြီး မှတ်တမ်း ဓါတ်ပုံတစ်ခုသာ ကျန်နေခဲ့သည်။ထိုဖားကြီး၏ ဓါတ်ပုံမှာမှု ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်းသိရသည်။
Credit : aunghtunoo.blogspot (အောင်ထွန်ဦး ဘလော့ဂ်)
No comments:
Post a Comment