♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 10, 2015

ပွင့်ဖြူ ၌ လေပြင်းထန်စွာတိုက်ခတ်၊ မိုးကြိုး ထိမှန်ပြီး (၁)ဦးသေဆုံး


ပွင့်ဖြူ မေ ၉

မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်၌ မေ ၇ ရက် ညနေ ၃ နာရီ မိနစ် ၂ဝ က ပွင့်ဖြူတစ်မြို့နယ်လုံး နီးပါး လေပြင်းများ မိနစ် ၃ဝ ခန့်ဝှေ့ ယမ်းတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းမရှိဘဲ မိုးသီးကြွေခင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားကာ သစ်ပင်ပြိုလဲကျခြင်း၊ မိုးကြိုးထိမှန် ၍သေဆုံးခြင်းများ ဖြစ်ပွားခဲ့သည်။


အဆိုပါ လေပြင်းဝှေ့ယမ်းတိုက် ခတ်မှုကြောင့် မင်းဘူး-စလင်းကား လမ်းပေါ်ရှိ ပွင့်ဖြူမြို့နယ် လယ်ဖီ လာကျေးရွာအနီးတွင် သစ်ပင်များ လဲကျမှုကြောင့် ခရီးသွားယာဉ်များ ယာဉ်ကြောပိတ်ဆို့ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ၊ မြို့နယ် ဖွင့်ထောက်ကော်မတီနှင့် ကြက်ခြေ နီတပ်ဖွဲ့ဝင်များက လာရောက် ခုတ် ထွင်ရှင်းလင်းပေးခဲ့၍ ခရီးသွားယာဉ် များ အဆင်ပြေစွာသွားလာနိုင်ခဲ့ သည်။

 တစ်ချိန်တည်းမှာပင် ပွင့်ဖြူ မြို့နယ် ဘိုကုန်းကျေးရွာ အရှေ့ဘက် မြောင်းပေါင်ဘေး၌ မတင်မင်းထွေး (၉)နှစ် စတုတ္ထတန်းကျောင်းသူသည် လေပြင်းတိုက်ခတ်၍ သရက်သီး သွားရောက်ကောက်ယူရာ မိုးကြိုး ထိမှန်ပြီး နေရာ၌ ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)
Myanmaalinn

No comments:

Subscribe

လာလည်သူများ

free counters