
ပြသတဲ့ပုံစကတော့ - မျက်လှည့် ဆရာက ရေခဲတုံးတစ်တုံးကို ယူလာပြီး ....... ဒီရေခဲတုံး က အလွန်ပဲ အေးပါတယ်။ ဒါပေမယ့် လည်း ဒီရေခဲတုံးကနေ မီးတောက်အောင်လုပ်လို့ရပါတယ် ဆိုပြီး ........... ထိုရေခဲတုံးကို ဆေးလိပ်နဲ့
(မီးမရှိတဲ့ဆေးလိပ်နဲ့) တို့ပါတယ်။ ထိုသို့တို့လိုက်တာနှင့်တစ်ပြိုင်နက် ရေခဲတုံးကနေမီးတောက်ပြီး ဆေးလိပ်မီးစွဲသွားတဲ့ပြကွက်ပဲဖြစ်ပါတယ်။
လိုအပ်သောပစ္စည်းများ - စီးကရက် တစ်လိပ်၊ ရေခဲတုံး တစ်တုံး၊ ဆိုဒီယမ် (sodium solid ) အနည်းငယ်။
ပြသနည်းကတော့ - ပြသမည့် စီးကရက်၏ထိပ်ပိုင်းတွင် ဆိုဒီယမ်အနည်းငယ်ကို ကြိုတင်ပြီး ကော်ဖြင့်ကပ်ထားရမည်။ ရေခဲတုံး နှင့်တွေ့ထိသည့်အခါ ဆိုဒီယမ်သည် ဓာတ်ပြုပြီး မီးတောက်များဖြစ်ပေါ်လာလိမ့် မည်။ ထိုအခါ ဆေးလိပ်မီးစွဲသွားလိမ့်မည်။
မှတ်ချက်။ ။ ဆိုဒီယမ်ကို ဆေးလိပ်တွင် ကပ်သည့်အခါ ... အများကြီးမကပ်ရန်လိုသည်။ ဆိုဒီယမ်ကို သိမ်းဆည်း သည့်အခါ ပါရာဖီး(သို့) အုန်းဆီဖြင့် ထိန်းသိမ်းထားရန်လိုအပ်သည်။ သို့မဟုတ်ပါက ဆိုဒီယမ်သည် အအေးနဲ့ တွေ့ထိပါက မီးတောက်နိုင်သည်။
အစဉ်အမြဲ မျက်လှည့်နည်းပညာများတိုးပွားရန်ကြိုးစားလျှက် ----------
“ထိပ်တန်းမျက်လှည့် လျှို့ဝှက်နည်းပညာများဖြင့်”
အောင်ရဲမြင့် (မျက်လှည့်) သံတွဲမြို့
Credit :ထူးဆန်းထွေလာ မျက်လှည့်ကမ္ဘာ
No comments:
Post a Comment