♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 11, 2015

"မိန်းကလေးတွေ စိတ်တိုရင် ဘယ်လိုပြောတတ်သလဲ?

 
ရည်စားတွေပဲဖြစ်ဖြစ်၊ လင်မယားပဲဖြစ်ဖြစ်၊ ယောက်ျာလေးနဲ့မိန်းကလေးတွေကြားမှာ ရန်ဖြစ်တယ်ဆိုတာ ဖြစ်ကိုဖြစ်ပါတယ်။
ဘယ်လောက်ပဲ စိတ်ဆိုးဆိုး ရန်ဖြစ်တဲ့အခါ ကိုယ်ထိလက်ရောက် ဖြစ်အောင်တော့ မလုပ်သင့်ပါ။ ဒါပင်မဲ့ ပါးစပ်နဲ့ ရန်ဖြစ်ရင်တော့ များသောအားဖြင့် မိန်းကလေးဖြစ်သူက အနိုင်ရရှိမှာ ဖြစ်ပါတယ်။

ကဲ မိန်းကလေးတွေပြောနေကျ ရန်စကားများကြောင့် ယောက်ျာလေးတွေက ပေါက်ကွဲကြတယ်ဆိုတာ အောက်က ရင်ခုန်စရာ စကားလေးတွေကို နားထောင်ကြည့်လိုက်ရအောင်နော်။
★★ ယောက်ျာလေးတွေကို ပေါက်ကွဲစေနိုင်သော မိန်းကလေးတွေရဲ့ ရင်ခုန်စရာ ရန်စကား Ranking ကတော့
၀၁. ကျွန်မက မှားတယ်လို့ ပြောချင်တာလား ?!!!
၀၂. ကျွန်မက မှားတယ်လို့ပဲ ထားလိုက်ပါတော့ !!!!
၀၃. ဟုတ်ကဲ့၊ ကျွန်မပဲ မှားပါတယ် ?!!!!
၀၄. ဘယ်လိုလုပ်ချင်တာလဲ ပြောစမ်းပါ !!!
၀၅. ရှင် ဒီလိုလူဖြစ်မယ်လို့ ထင်ကိုထင်မထားဖူး။ ကျွန်မကိုက အပါတယ်။
၀၆. ဘယ်တုန်းက အဲဒီစကားမျိုးပြောခဲ့လို့လဲ ???
၀၇. ရှင် ဘာတွေလာပြောနေတာလဲ။ နာငြီးလိုက်တာ !!!
၀၈. စောစောထဲက အဲဒီ စကားကို ပြောလိုက်ပါလားရှင်။ ရှည်လိုက်တာ !!!
၀၉. ရှင်ပဲ ကျွန်မကို ကြိုက်တုန်းကတော့ သေတော့မဲ့အတိုင်းပဲ !!!
၁၀. ချေးခြောက် ရေနှုးသလို၊ စမြုံ့ ပြန်မနေနဲ့ !!!
၁၁. ရှင် !! ယောက်ျား မဟုတ်ဘူးလား ???
၁၂. လာပြန်ပြီလား ဒီစကား !!!
၁၃. ကျွန်မ ဘယ်လောက် ခံစားနေရတယ်ဆိုတာ ရှင် နားလည်ရဲ့လား ?!!!
၁၄. နောက်ဆုံးသော ကျွန်မပဲ လူဆိုးမကြီးပေါ့ ရှင် !!!
၁၅. ပြောရမယ်ဆိုရင် ရှင်မမှတ်သေးဘူး ထင်တယ် !!!
၁၆. တော်တော့ !!! ဘာမှမကြားချင်ဘူး !!!
၁၇. ကျွန်မတို့ အတူတူနေလို့ရမယ်မထင်တော့ဘူး !!!
၁၈. ရှင်ကျွန်မကို ပြောတဲ့ အဲဒီစကားကို Facebook ပေါ်မှာ တက်ရေးလိုက်ပါလား ??
၁၉. လူတိုင်းပါးစပ်ပါတယ်။ ပါးစပ်နဲ့အလုပ်မလုပ်ပါနဲ့။ လက်တွေ့လုပ်ပြပါ !!!!
၂၀. သွားသေလိုက် !!!
စာဖတ် ပရိသတ်ကြီးလည်း ဒီလို အတွေ့အကြုံမျိုးရှိကောင်းရှိပါလိမ့်မယ်။ အတူတူနေရင် ရန်ဖြစ်ရန် ရာခိုင်နှုန်းက များလာတယ်တဲ့။ သတိထားပြီး နေကြနော်။   


အလိုတော်!! ဘယ်နှင့်အေ...ရာရာစစ .. သတိထားသလေး...ဘာသလေးနှင့်..ဟွန့်..ပေါင်တွင်းကြော ဆွဲလိမ်
လိုက်ရလို့...မှတ်သွားမယ်.....တော်တို့မှတ်ထားကြရမှာက...အဲ့သလိုတွေ အပြောမခံချင်ရင် အနေအထိုင်
ဆင်ခြင်ကြ...ဟုတ်ပလား....ရှင်းတယ်နော်....
အေးနောက်ပြီးပြောပါရစေအေ...
မိန်းမဖြစ်ဖြစ် ယောကျာ်းဖြစ်ဖြစ် တစ်ယောက်နှင့်တယောက် အလိုလိုက်သင့်တန်လိုက်....ချော့သင့်တာချော့..
အစွန်းမရောက်ကြစေနှင့်...တယောက်ကို တယောက် တန်ဘိုးထားကြ...ဘဝဆိုတာ...ချစ်ဖို့ ပျော်ဖို့ တန်ဘိုး
ရှိရှိသက်တမ်းကို အသုံးချကြဖို့ပဲ...ရင်နင့်စရာ ကြေကွဲစရာတွေနှင့်မပြီးဆုံးကြစေနှင့်....တစ်ဦးကို တဦးတန်ဖိုး
ထားပြီးချစ်ခင်ကြ ဟုတ်ပလား....ဒါပဲ...ဒေါ်လေးမှာချင်တယ်အေ....





Credit : https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274647985/889829804393291/?type=1&theater

No comments:

Subscribe

လာလည်သူများ

free counters