♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 14, 2015

“ဖယောင်းတိုင်မှ အလိုအလျှောက် မီးထတောက်အောင် ပြုစားခြင်း”


 

မေတ္တာတေးသံ “ဖယောင်းတိုင်မှအလိုအလျှောက်မီးထတောက်ခြင်း” သူငယ်ချင်းတို့ ဒီတစ်ခါနောက်တစ်ခုအနေနဲ့ ဖယောင်းတိုင်ကနေကြည့်နေရင်းနဲ့ မီးထတောက်တဲ့နည်းပညာလေး တစ်ခုကိုလည်း တင်ပြပေးသွားဦးပါမယ်။
ပြသတဲ့ပုံစံကတော့ - မျက်လှည့်ဆရာက ကြည့်မဲ့သူကို ဖယောင်းတိုင်တစ်တိုင်တောင်းပါတယ်။ ဒါပြီးတော့အဲဒီဖယောင်းတိုင်ကို ယူပြီးတော့ စိတ်စွမ်းအားနဲ့.. မီးညှိပြမယ်ဆိုပြီး ... ဖယောင်းတိုင်ကို မျက်လုံးနဲ့ စိုက်ကြည့်နေပါတယ်။ ဒီလိုစိုက်ကြည့်နေပြီး မကြာခင်မှာပဲ ဖယောင်းတိုင်ကနေမီးထတောက်တဲ့ပြကွက်လေးပဲ
ဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ - ဖော့(စ်)စဖော့ရပ် (မီးစုန်းခဲ) အနည်းငယ်၊ ဖယောင်းတိုင်တစ်တိုင် (၀ါဆိုဖယောင်းတိုင်မဟုတ်ပါ)၊ ရိုးရိုးဖယောင်းတိုင်သာဖြစ်ပါသည်-
ပြသနည်းကတော့ - မျက်လှည့်ဆရာက (ပြသမည့်သူက) . . . . . ကြည့်မဲ့သူအား ဖယောင်းတိုင်တစ်တိုင်ကိုတောင်း လိုက်ပါ။ ........ ထိုဖယောင်းတိုင်ရလျှင် မျက်လှည့်ဆရာ(ပြသမည့်သူ) သည်အသင့်ယူဆောင်လာသော ဖော့စ်စဖော့ ရပ်မီးစုန်းအခဲကို ထိုဖယောင်းတိုင်၏ ထိပ်တွင် ...... ဖော့စ်စဖော့ရပ်မီးစုန်းခဲ အနည်းငယ်ကို တင်ပြီး ညှို့သောပုံစံနှင့်
စိတ်စွမ်းအား ထုတ်နေသောပုံစံနှင့် စိုက်ကြည့်နေလိုက်ပါ။ ထိုအခါ ဖယောင်းတိုင်သည် မကြာမီးထတောက်ပြီးမီးစွဲ သွားပါလိမ့်မည်။
မှတ်ချက်။ ။ ဖယောင်းတိုင်အပေါ် မီးစုန်းခဲကိုတင်သည့်အခါ ..ကြည့်မည့်သူမသိအောင် အနည်းဆုံး (ကြည့်မည့်သူနှင့်) အကွာနိုင်ဆုံးသောအကွာအဝေးတွင်နေပါ။ ဖော့စ်စဖော့ရပ်မီးစုန်းခဲကို အချို့သော နာရီပြင်သည့်ဆိုင်များတွင် ရှိနိုင်ပါသည်။ စိုက်ပျိုးရေးဆေးပစ္စည်းရောင်းသည့်ဆိုင်များတွင်လည်းတွေ့နိုင်ပါသည်။
သတိပြုရန် - - - - ဖယောင်းတိုင်အား စိုက်ကြည့်နေချိန်တွင် ဖော့စ်စဖော့ရပ်ခဲကို .. မကျသွားအောင် သတိထားပါ။
- - - - - အစဉ်အမြဲ ကြိုးစားလျှက် - - - - -


Credit :  မျက်လှည့်ကမ္ဘာ

No comments:

Subscribe

လာလည်သူများ

free counters